DVB Logo
Home
မြန်မာသတင်း
အရပ်သားအစိုးရအောက် ပြည်ထဲရေးရောက်မှ ရာဇ၀တ်မှုများ ပိုမိုထိရောက်စွာ ကိုင်တွယ်နိုင်မည်
DVB
·
March 11, 2018
အရပ်သားအစိုးရအောက် ပြည်ထဲရေးရောက်မှ ရာဇ၀တ်မှုများ ပိုမိုထိရောက်စွာ ကိုင်တွယ်နိုင်မည်
Donate to DVB

 

ပြည်ထဲရေးဝန်ကြီးဌာနသာ  အရပ်သားအစိုးရရဲ့ စီမံခန့်ခွဲမှုအောက်ကိုရောက်လာရင် ရာဇ၀တ်မှုတွေကို ပိုမိုထိရောက်စွာကိုင်တွယ်နိုင်ပြီး လူ့အခွင့်အရေး ချိုးဖောက်မှုတွေပါ လျော့နည်းလာမယ်လို့ ယုံကြည်ကြောင်း ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးညီညီကပြောပါတယ်။

နိုင်ငံသားတွေရဲ့အသက်အိုးအိမ်တွေကို လုံခြုံမှုပေးနေတဲ့ ပြည်ထဲရေးဝန်ကြီးဌာနကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က တိုက်ရိုက်မရွေးချယ်ဘဲ အရပ်သားပြည်သူတွေက တင်မြှောက်တဲ့ အရပ်သားအစိုးရရဲ့ စီမံခန့်ခွဲမှုအောက်ကို ရောက်လာခဲ့ရင် လူ့အခွင့်အရေး ချိုးဖောက်မှုတွေ လျော့နည်းသွားမှာ ယုံကြည်တယ်လို့ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးညီညီက ပြောဆိုခဲ့တာပါ။

မတ်လ ၁၀ ရက်နေ့က အော့ခစ်ဟိုတယ်မှာ နိုင်ငံသားတွေရဲ့ အခွင့်အရေးကို ဘယ်သူတွေက ကာကွယ်ပေးမလဲဆိုတဲ့ ခေါင်းစဉ်နဲ့ပြုလုပ်တဲ့ DVB Debate မှာ တက်ရောက် လာတဲ့သူတွေကတော့ နိုင်ငံသားတွေရဲ့အခွင့်အရေးအတွက် အစိုးရက ကာကွယ်ပေးဖို့ လိုတယ်လို့ ဆွေးနွေးခဲ့ကြပါတယ်။

အဲဒီ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ အခန်း ၈ မှာ နိုင်ငံသားတွေရဲ့ မူလ အခွင့်အရေးနဲ့ တာဝန်တွေဆိုပြီး ပြဌာန်းထားတဲ့ ပုဒ်မ ၃၂ ခု ရှိပါတယ်။ အဲဒီအထဲမှာ မိမိရဲ့ ယုံကြည်ချက် ထင်မြင်ယူဆချက်တွေကို လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့် ရေးသားခွင့်တွေကို ခွင့်ပြုထားပေမယ့် အရပ်သားအစိုးရကိုပြောင်းလဲခဲ့တဲ့ အရင် ဦးသိန်းစိန်အစိုးရ လက်ထက်မှာ ရော အန်အယ်လ်ဒီအစိုးရလက်ထက်မှာပါ။ နိုင်ငံသားတွေရဲ့ အခွင့်အရေးတွေ ပြည်ပြည့်ဝဝ မရရှိသေးဘူးလို့ နိုင်ငံရေးအကဲခတ်တွေက သုံးသပ်ကြပါတယ်။

တရားလွှတ်တော်ရှေ့နေ   ဦးရောဘတ်စန်းအောင်က “လူ့အခွင့်အရေး မြင့်မားရေး ကာကွယ်စောင့်ရှောက်ရေး အဓိက တာဝန်ယူရမှာက ပြည်ထဲရေးဝန်ကြီးဌာမှာ တာဝန်ရှိပါတယ်။ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ တရားရေးဌာန၊ ဥပဒေဌာန၊ ရဲတပ်ဖွဲ့ စသဖြင့် အဓိက ကျပါတယ်။ သူတို့တွေက ပီပီပြင်ပြင်တာဝန်ယူ ဆောင်ရွက်ပေးနိုင်မယ်ဆိုရင် တိုးတက်လာမယ်။ လွှတ်တော်က ဘယ်လိုပဲ ဥပဒေ ပြဋ္ဌာန်း၊ ပြဋ္ဌာန်း လက်တွေ့ကျင့်သုံးမှုမရှိရင် အဲဒီဥပဒေက အသက်မ၀င်ဘူး”လို့ ပြောပါတယ်။

မြန်မာနိုင်ငံရဲ့ လူဦးရေအများဆုံးနေထိုင်တဲ့ ရန်ကုန်ဟာ ၂၀၁၇ ခုနှစ် ပုဂ္ဂိုလ်ရေး လုံခြုံမှုနယ်ပယ်မှာ ဟိုချီမင်း ကာရာကတစ်နဲ့ ကရာချီမြို့တွေပြီးရင် အန္တရယ်အများဆုံးနဲ့ လုံခြုံမှုမရှိတဲ့ မြို့အဖြစ် ဖော်ပြခံထားရပါတယ်။

ဒီဘိတ်ဆွေးနွေးပွဲအတွက် လူမှုကွန်ရက်စာမျက်နှာပေါ်ကနေ လက်ရှိအစိုးရ လက်ထက်မှာ လွတ်လပ်ခွင့်တွေ တိုးတက်လာသလားဆိုတဲ့ စစ်တမ်းကောက်ယူခဲ့ရာမှာ ၁၅ နာရီအတွင်း  လူဦးရေ ၁၃၀၀ မဲပေးခဲ့ပါတယ်။ တိုးတတ်တယ်လို့ပြောတာက ၄၆ ရာခိုင်နှုန်းရှိပြီး မတိုးတတ်လာဘူးလို့ပြောတာက ၅၄ ရာခိုင်ရာခိုင်နှုန်းရှိပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013