DVB Logo
Home
မြန်မာသတင်း
အိမ်အကူများကို ကာကွယ်ပေးနိုင်သည့် သီးခြားဥပဒေတစ်ရပ်ပြဋ္ဌာန်းသင့်
DVB
·
March 11, 2018
အိမ်အကူများကို ကာကွယ်ပေးနိုင်သည့် သီးခြားဥပဒေတစ်ရပ်ပြဋ္ဌာန်းသင့်
Donate to DVB

 

မြန်မာနိုင်ငံမှာ အိမ်အကူတွေကို ကာကွယ်ပေးနိုင်တဲ့ သီးခြား ဥပဒေတစ်ရပ်ပြဋ္ဌာန်းသင့်တဲ့ အချိန်ရောက်နေပြီလို့  ဥပဒေရေးရာသမားတွေက ပြောဆိုလိုက်ပါတယ်။

လက်ရှိမြန်မာနိုင်ငံမှာ အိမ်အကူတွေကိုအကာကွယ်ပေးနိုင်တဲ့ သီးခြားဥပဒေတစ်ရပ်ကို ပြဋ္ဌာန်းထားတာမရှိဘဲ ဖြစ်စဉ်တခုပေါ်မူတည်ပြီး အခြားအခြားတည်ဆဲပုဒ်မတွေနဲ့သာ အရေး ယူနိုင်သေးတယ်လို့ တရားရှေ့နေလွှတ်တော်တွေက ပြောပါတယ်။

လက်ရှိအချိန်မှာ အိမ်အကူတွေ ညှဉ်းပန်းနှိပ်စက်ခံရမှုတွေ အဖြစ်များလာပြီးတဲ့နောက် သက်ဆိုင်ရာ အဖွဲ့အစည်းတွေအနေနဲ့ အိမ်အကူတွေကို ကာကွယ်ပေးနိုင်တဲ့ သီးခြား ဥပဒေတစ်ရပ်ပြဋ္ဌာန်းသင့်တယ်လို့ ထောက်ပြပြောဆိုခဲ့တာပါ။

ဥပရေးရာကုစားရေးအဖွဲ့ ဒါရိုက်တာ ဒေါ်လှလှရီ “အိမ်အကူအလုပ်မသားတွေသည် သာမန်လူတွေလို တိုင်တန်းဖို့အတွက် အခွင့်အရေးအားဖြင့် အရမ်းနည်းပါတယ်။ နောက် သက်သေ အထောက်အထားအားဖြင့် အိမ်ရှင်က ဖျောက်ဖျက်လို့ရှိရင် သူ့မှာ အဆင်မပြေနိုင်တဲ့ အနေအထားတွေ ရှိတယ်။ သာမန်အလုပ်သမားတွေနဲ့ မတူဘူးဆိုတာက အိမ်အကူ အလုပ်သမားတွေက အိမ်မှာပဲ နေပြီး လုပ်ရတာဆိုတာ သူ့မှာ နားချိန်ဆိုတာ သီးသီးသန့်သန့် မရှိဘူး။ နားချိန်အပိုင်း လုပ်ခလစာအပိုင်းတွေကို ထည့်သွင်းပြဌာန်းဖို့ လိုတယ်ဆိုပြီးတော့ အခုရှိနေတဲ့ အလုပ်သမားဥပဒေထဲမှာ အိမ်အကူတွေအတွက် ကာကွယ်ပေးမယ့် ဥပဒေ ပြဌာန်းထားခြင်း မရှိဘူး”လို့ပြောပါတယ်။

အိမ်အကူတွေနဲ့ပတ်သက်ပြီး တိကျတဲ့ဥပဒေတရပ် မရှိသေးတာကြောင့် အသက် ငယ်ရွယ်တဲ့ ကလေးသူငယ်တွေဟာ အိမ်အကူအဖြစ် လုပ်ကိုင်နေရတဲ့အခြေအနေ ဖြစ်နေပါ တယ်။ သီးခြားဥပဒေမပြဌန်းနီုင်သေးတဲ့အချိန်မှာ သက်ဆိုင်ရာ ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေ အနေနဲ့ သက်ဆိုင်ရာနယ်မြေတွေမှာ အိမ်အကူတွေနဲ့ ပတ်သက်ပြီး အသိပေးစောင့်ကြည့်သင့် တယ်လို့  တရားလွှတ်တော်ရှေ့နေတွေက ပြောပါတယ်။

တရားလွှတ်တော်ရှေ့နေ ဦးမောင်မောင်ဝင်းက “ဥပဒေတွေက ပြန့်ကျဲနေတယ်။ ကလေးသူငယ်ဥပဒေမှာလည်း ပါတယ်။ လူကုန်ကူးမှုတိုက်ဖျက်ရေး ဥပဒေမှာလည်း ပါတယ်။ ရာဇသတ်ကြီး ဥပဒေမှာလည်းပါတော့ ပြန့်ကျဲနေတဲ့သဘောရှိပါတယ်။ အဲဒါတွေကို စုစည်းပြီးတဲ့အခါကျလို့ရှိရင် သီးသန့် ဥပဒေပြဌာန်းဖို့ လိုတယ်ဆိုတဲ့သဘော။”

အိမ်အကူတွေ ညှဉ်းပမ်းနှိပ်စက်ခံရမှုတွေထဲမှာ အင်းဝအပ်ချုပ်ဆိုင် မိသားစုဖြစ်စဉ်၊ ဗဟန်းမြို့နယ်က ဗိုလ်မှူးကတော်တစ်ယောက်ရဲ့ဖြစ်စဉ်နဲ့ ပြီးခဲ့တဲ့ ရက်ပိုင်းက ဖြစ်ပွားခဲ့တဲ့ မန္တလေးမြို့မှာ အိမ်အကူအမျိုးသမီးကို မျက်နှာကို အက်စစ်နဲ့ပက်ပြီး နေအိမ်အတွင်းမှာ ၁၄ နှစ်ကြာ ပိတ်လောင်ထားတဲ့ဖြစ်စဉ်တွေဟာ လူအများကြားမှာ စိုးရိမ်မှုမြင့်တက်ခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013