DVB Logo
Home
မြန်မာသတင်း
တက္ကသိုလ်ဝင်တန်း သင်္ချာဖြေဆိုသည့်နေ့ထိ ကျောင်းသား ၅ သောင်းခွဲကျော် ဖြေဆိုရန်ပျက်ကွက်
DVB
·
March 11, 2018
တက္ကသိုလ်ဝင်တန်း သင်္ချာဖြေဆိုသည့်နေ့ထိ ကျောင်းသား ၅ သောင်းခွဲကျော် ဖြေဆိုရန်ပျက်ကွက်
1 / 6
Donate to DVB

 

တက္ကသိုလ်ဝင်တန်း စဖြေပြီး နောက်နှစ်ရက် အကြာသင်္ချာဘာသာ ဖြေတဲ့နေ့မှာ နောက်ထပ် ကျောင်းသား ၁၅၀၀ လောက် ပျက်ကွက်ခဲ့တာကြောင့် စုစုပေါင်း ၅ သောင်းခွဲကျော်ပျက်ကွက်နေပြီ ဖြစ်ပါတယ်။

မတ်လ ၇ ရက်၊ မြန်မာစာကို လာရောက်ဖြေဆိုသူပေါင်း ၇၈၉၈၈၃ ယောက်ရှိတယ်လို့ မြန်မာနိုင်ငံ စာစစ်ဦးစီးဌာနက ထုတ်ပြန်ပါတယ်။ အဲဒီနေ့မှာ ပျက်ကွက်သူက ၅၄၄၇၅ ယောက်ရှိပါတယ်။

အင်္ဂလိပ်စာနေ့မှာတော့ ၈၀၀ ကျော် ထပ်ပျက်ကွက်ပြီး သင်္ချာဘာသာဖြေတဲ့နေ့မှာ စုစုပေါင်း ၅၅၈၅၄ ယောက် ပျက်ကွက်နေတာပါ။

ပျက်ကွက်တာ အများဆုံးက ချင်းပြည်နယ်က ဖြစ်ပြီး ဖြေဆိုသူ တသောင်းကျော်၊ ပျက်ကွက်သူ ၁၆၀၀ ကျော်ရှိပါတယ်။ ဒုတိယ အများဆုံး ပျက်ကွက်တာကတော့ ရခိုင်ပြည်နယ်ဖြစ်ပြီး ဖြေဆိုသူ ၄ သောင်းလောက်မှာ ပျက်ကွက်သူ ၅ ထောင်လောက် ရှိပါတယ်။

နိုင်ငံခြားစာစစ်ဌာနတွေမှာ ဖြေဆိုနေသူ ၁၉၀ ရှိပြီး သင်္ချာနေ့မှာတော့ တယောက် ပျက်ကွက်ပါတယ်။

ပြည်တွင်းမှာ ပျက်ကွက်တဲ့ ရာခိုင်နှုန်းအနည်းဆုံးကတော့ စစ်ကိုင်းတိုင်း ဖြစ်ပါတယ်။

တနိုင်ငံလုံးမှာတော့ ဖြေဆိုခွင့်ရှိသူ ၈၄၄၃၅၈ ယောက်ရှိပြီး လာရောက် ဖြေဆိုသူပေါင်း ၇၈၈၅၀၄ ယောက်ရှိပါတယ်။

ထူးခြားတာကတော့ ဖြေဆိုခွင့်ရှိသူထဲမှာ ကျောင်းသူဦးရေ ပိုများပေမယ့် ကျောင်းသားတွေ ပျက်ကွက်သူ ဦးရေပိုများတာပါ။

ရန်ကုန်၊ စစ်ကိုင်းနဲ့ မန္တလေးတိုင်းတွေမှာ အမြင်အာရုံမသန်စွမ်းသူ ၂၁ ယောက်၊ အကြားအာရုံမသန်စွမ်းသူ ၁၀ ယောက် ဖြေဆိုနေတယ်လို့လည်း စာစစ်ဦးစီးဌာန စာရင်းတွေအရ သိရပါတယ်။

ပြီးတော့ အင်းစိန်၊ မန္တလေး၊ ရွှေဘို၊ ဘားအံ၊ မြိတ်၊ တောင်ငူ၊ စစ်တွေနဲ့ မြောင်းမြထောင်တွေမှာ အကျဉ်းနဲ့ အချုပ်ကျနေသူပေါင်း ၁၁၀ ဖြေဆိုနေတယ်လို့လည်း ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013