DVB Logo
Home
မြန်မာသတင်း
ကွန်ဟိန်းတွင် လေပြင်းတိုက် မိုးသီးကြွေ၍ နေအိမ် ၁၀၀ ခန့် ပျက်စီး
DVB
·
March 11, 2018
ကွန်ဟိန်းတွင် လေပြင်းတိုက် မိုးသီးကြွေ၍ နေအိမ် ၁၀၀ ခန့် ပျက်စီး
1 / 9
Donate to DVB

 

ရှမ်းပြည်တောင်ပိုင်း လွိုင်လင်ခရိုင် ကွန်းဟိန်းမြို့နယ်ထဲမှာ မိုးကြီးပြီး လေပြင်းတိုက်ခတ်တဲ့အတွက် ဘုန်းကြီးကျောင်း၊ စာသင်ကျောင်းအပါအ၀င် အိမ်ခြေအလုံး ၁၀၀ လောက် ပျက်စီးပြီး အမျိုးသမီး ၂ ဦး ဒဏ်ရာရခဲ့ပါတယ်။

မတ် ၁၀ ရက် ညနေ ၅ နာရီလောက်က မိုးကြီးပြီး၊ မိုးသီးလည်းကြွေ၊ လေပြင်းတွေပါ တိုက်ခတ်လို့ ကွန်ဟိန်းမြို့ပေါ်ရပ်ကွက်တချို့၊ ကာလိမြို့နယ်ခွဲနဲ့ အနီးနား ၀န်းကျင် ကျေးရွာတ၀ိုက်က အိမ်ခြေ၊ စာသင်ကျောင်း၊ ဘုန်းကြီးကျောင်း ခေါင်မိုးလန်ထွက်ကာ ထိခိုက်ဒဏ်ရာရသူပါရှိတယ်လို့ ကွန်ဟိန်းမြို့နယ် ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် မဲဆန္ဒ နယ်မြေ (၁)  ပြည်န ယ်လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းစံထွန်းက ဒီဗွီဘီကို ပြောပါတယ်။

“မိုးစပြီးရွာတာပေါ့ ညနေ ၅ နာရီလောက်မှာပေါ့။ ခဏနေတော့ လေပြင်းလည်းတိုက်၊ မိုးသီးတွေလည်း ကြွေတယ်။ မကြာပါဘူး၊ နာရီဝင်လောက်ကြာတော့ ငြိမ်သွားတယ်။ အပြ င်ထွက်ကြည့်တော့ အပျက်အစီးတော်တော်များပါတယ်ခင်ဗျ။  ကျနော်တို့ ကွန်ဟိန်းမြို့ပေါ်မှာဆို စာရင်းရထားသလောက်က ရပ်ကွက် ၁ ထဲမှာ နေအိမ် ၃ လုံး၊ ရပ်ကွက် ၁ မှာ ၃ လုံး၊ ရပ်ကွက် ၄ မှာ ၂၃ လုံး၊ ကာလိမြို့နယ်ခွဲမှာ ရပ်ကွက် ၁ က ၁၂ လုံး၊ ရပ်ကွက် ၄ မှာ ၃ လုံး၊ ရပ်ကွက် ၅ မှာ အလုံး ၂၀။ ကွန်ဟိန်း အထက ကျောင်းက ခေါင်မိုး အချပ် ၃၀ လွင့်သွားတယ်၊ အောင်မင်္ဂလာဘုန်းကြီးကျောင်း ခေါင်မိုးတွေလည်း လွင့်တယ်။ လိုင်းကမ်ကျေးရွာက မူလတန်း ကျောင်းနဲ့ ဘုန်းကြီးကျောင်းလည်း ပျက်စီးတယ်၊ စာရင်းကောက်လို့ မပြီးသေးပါဘူး။ ဝေးလံခေါင်ခိုက်တဲ့ ရွာတွေဘက်က စာရင်းမရသေးဘူး။ မြို့ပေါ်တချို့လည်း ရပ်ကွက်တော်တော်များ ကျန်သေးတယ်”

ဒါ့အပြင် အနီးနားဝန်းကျင်ရှိ လေဘေးသင့်ကျေးရွာ ၆ ရွာရှိပြီး ၀မ်ပန်မှာ နေအိမ် ၆ လုံး၊ ၀ိန်းလန်းမှာ ၅ လုံး၊ ပါလောင်းမှာ ၅ လုံး၊ ၀ိန်းလုံမှာ ၆ လုံး၊ လိုင်းကမ် မှာ ၁၂ လုံး၊ ၀မ်တာမှာ ၃ အိမ်၊ စုစုပေါင်း အိမ်ခြေ ၃၀ ကျော် ခေါင်မိုးလန်ပြီး တဲအိမ်တွေတော့ တအိမ်လုံး ပြိုသွားတာလည်းရှိတယ်လို့ သူကဆက်ပြောပါတယ်။

ကာလိမြို့နယ်ခွဲက အမျိုးသမီး ၂ ဦး စမ်းချောင်းမှာ ရေသွားချိုးစဉ် သစ်ကိုင်း ကျိုးကျကာ ခေါင်းကိုလာထိတဲ့အတွက် ၂ ဦးလုံး ဦးခေါင်းမှာ ဒဏ်ရာရပြီး ကွန်ဟိန်းဆေးရုံကို ပို့ဆောင်ပေးထားကြောင်း၊ တဦးမှာ ဒဏ်ရာအနည်းငယ်ပြင်းပေမယ့် သတိလစ်တာတော့ မရှိဘူးလို့ ဆိုပါတယ်။

မိုးသီးကြွေလို့ သီးနှံပျက်စီးတာတွေလည်း ရှိနိုင်ကြောင်း၊ လောလောဆယ် အပျက်အ စီးစာရင်း လက်လှမ်းမီသလောက် ကောက်ခံနေပြီး မြို့နယ်ထွေအုပ်ရုံးနဲ့ စာရင်းတိုက်ကာ ပြန်လည်ထူထောင်ပြုပြင်ရေး ထောက်ပံ့ငွေတွေရရှိဖို့ လွှတ်တော်ကိုရော၊ လူမှုဝန်ထမ်းကယ်ဆ ယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဌာနကို တင်ပြသွားမယ်လို့ ဦးစိုင်းစံထွန်းက ပြောသွားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013