DVB Logo
Home
မြန်မာသတင်း
နေရပ်စွန့်ခွာသူများအတွက် လှူဒါန်းမည့် မြေနေရာကို အိန္ဒိယတာဝန်ရှိသူ ကြည့်ရှု
DVB
·
March 11, 2018
နေရပ်စွန့်ခွာသူများအတွက် လှူဒါန်းမည့် မြေနေရာကို အိန္ဒိယတာဝန်ရှိသူ ကြည့်ရှု
Donate to DVB

 

မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံရုံးမှ ဒုတိယသံအမတ်ကြီးဟာ မောင်တောမြို့နယ် နေရပ်စွန့်ခွာ တိုင်းရင်းသားတွေအတွက် အိန္ဒိယအစိုးရက နေအိမ်တွေ ဆောက်လုပ်လှူဒါန်းမယ့် မြေနေရာကို သွားရောက်ကြည့်ရှုခဲ့ပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံရုံးမှ ဒုတိယသံအမတ်ကြီး Mr. Bshyan၊ ပထမအတွင်းဝန် Dr. Muthukumarasamy B နဲ့ အဖွဲ့ဟာ မောင်တောမြို့နယ် ရွှေဇား၊ ကြိမ်ချောင်း နဲ့ နံ့သာတောင်ကျေးရွာတွေက မြေနေရာတွေကို သွားရောက်ကြည့်ရှုခဲ့တာလို့ ပြန်ကြားရေးသတင်းမှာ ဖော်ပြပါတယ်။

ဒါ့အပြင် ဒုတိယသံအမတ်ကြီးနဲ့အဖွဲ့ဟာ တောင်ပြိုလက်ဝဲမြို့ အထွေထွေအုပ်ချုပ်ရေးမှူးရုံးမှာ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013