DVB Logo
Home
မြန်မာသတင်း
သာစည်မြို့နယ်တွင်း ရေရှားပါးသည့်ရွာများ ရေရရှိရန် သိန်း ၁၉၀၀ ကျော် အသုံးပြု
DVB
·
March 11, 2018
သာစည်မြို့နယ်တွင်း ရေရှားပါးသည့်ရွာများ ရေရရှိရန် သိန်း ၁၉၀၀ ကျော် အသုံးပြု
1 / 4
Donate to DVB

 

ကျေးလက်ဦးစီးဌာနမှ ၂၀၁၇/၁၈ ခုနှစ်ဘတ်ဂျက်မှာ သာစည်မြို့နယ်တွင်း ရေရှားပါး ပြတ်လတ်တဲ့ရွာတွေ ရေရရှိအောင် သိန်း ၁၉၀၀ ကျော် အသုံးပြုပြီး သောက်သုံးရေရရှိအောင် လုပ်ဆောင်ပေးခဲ့တယ်လို့ သာစည်ကျေးလက်ဦးစီးဌာန တာဝန်ရှိသူတဦးက ပြောပါတယ်။

မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ် ရွာ‎ပုလဲကျေးရွာအုပ်စု ကျီတိုင်ကုန်းမြောက်ရွာမှာ လည်း နွေရာသီရောက်တိုင်း လူချိုးရေကို နွားများပြန်သောက်ခဲ့ရတာကြောင့် သိန်း ၂၀၀ အကုန်အကျခံကာ ၄ လက်မရေတွင်း တူးပြီး အိမ်တိုင်းကို ရေပိုက်သွယ်ပေးတယ်လို့ မတ်လ ၁၀ ရက်နေ့မှာ သာစည်ကျေးလက်ဦးစီးဌာနက ပြောပါတယ်။

သာစည်ကျေးလက်ဦးစီးဌာနလက်ထောက် ‎ညွှန်းမှူး ဦးဌေးကိုက "နှစ်တိုင်းလိုလို ရေပြတ်လို့ ရေဝေရတဲ့ ရွာပေါ့။ UNCEF နဲ့ ဌာနက သိန်း ၁၄၀ စိုက်ထုတ်ပြီး ရေတွင်း၊ ရေစင်၊ ရေစက် တွေလုပ်ပေးတယ်။ ရွာလူထုက အိမ်တိုင်ရာရောက် လိုချင်တယ်ဆိုပြီး ဆန္ဒပြုလာတယ်။ ရွာထဲကိုဆွဲတဲ့ ကုန်ကျငွေ သိန်း ၆၀ ကိုတော့ ရွာက ကျခံတာပေါ့။ ‎စုစုပေါင်း သိန်း ၂၀၀ ကုန်သွားတယ်။ ရေရလို့ ရွာလူထု ပျော်နေတာတွေ ကြည့်ပြီး ‎ပီတိဖြစ်ရတယ်"လိုပြောပါတယ်။

‎ ကျီတိုင်ကုန်းမြောက်ရွာဦးကျော်ဝေက "မိုးနဲ့ဆောင်းကတော့ ကန်ရေရှိတော့ မပူရဖူးပေါ့။ နွေရောက်ရင် သောက်သုံးရေ ပြတ်တဲ့ ဒုက္ခက ကြီးလွန်းတယ်၊ နွားစားကျင်းထဲ ရေချိုးပြီး အဲရေကို နွားပြန်တိုက်ရတယ်၊ ရေလာဝေတော့ တအိမ်ကို တထမ်းရတယ် သောက်ရေပဲရတယ်။ သုံးရေလိုလို့ ဝယ်ရင် ထော်လာဂျီနဲ့လာရောင်းတဲ့ ရေ ၂ စည်ကို ၈ ထောင်နဲ့ ၁သောင်းပေးရတယ်"လို့ ပြောပါတယ်။

ကျီတိုင်ကုန်းမြောက်ရွာမှာ အိမ်ခြေ ၁၄၅ အိမ် လူဦးရေ ၆၅၀ လောက်ရှိပါတယ်။ သတင်း-မောင်မောင်လင်း- (ဝမ်းတွင်း)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013