DVB Logo
Home
မြန်မာသတင်း
စေတီပုထိုးပြုပြင်ထိန်းသိမ်းမှုတွင် နိုင်ငံတော်ဘတ်ဂျက် မသုံးဟု သာသနာရေးဝန်ကြီးပြော
DVB
·
March 11, 2018
စေတီပုထိုးပြုပြင်ထိန်းသိမ်းမှုတွင် နိုင်ငံတော်ဘတ်ဂျက် မသုံးဟု သာသနာရေးဝန်ကြီးပြော
Donate to DVB

 

ငလျင်ဒဏ်သင့်ခဲ့တဲ့ စေတီပုထိုး သာသနိက အဆောက်အုံတွေကို ပြုပြင်ထိန်းသိမ်းရာမှာ နိုင်ငံတော်ဘတ်ဂျက်ကနေ တပြားတချပ်မှ မသုံးဘူးလို့ သာသနာရေးဝန်ကြီးက ပြောပါတယ်။

မတ်လ ၈ ရက်နေ့က နေပြည်တော်မှာရှိတဲ့ အပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းစင်တာမှာ ကျင်းပပြုလုပ်ခဲ့တဲ့ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးနေ့ အခမ်းအနား တက်ရောက်လာစဉ် သတင်းမီဒီယာတွေကို ပြောကြားခဲ့တာပါ။

“အခုထိပေါ့ ပုဂံစေတီပုထိုးတော်ကြီးတွေ ပြင်တဲ့နေရာမှာ နိုင်ငံတော်ဘတ်ဂျက် တပြားမှ မသုံးပါဘူး။ အဲဒီ ပုဂံစေတီပုထိုးတော်တွေနဲ့ အတူပေါ့လေ၊ ၂၀၁၆ ငလျင်မှာ ပုဂံဒေသက သာသနိက အဆောက်အုံ ၃၈၉ ဆူ ရေနံချောင်း၊ မကွေး၊ ချောက်၊ ကျောက်ပန်းတောင်း၊ နောက် ရခိုင်မြောက်ဦးဒေသက ပျက်စီးခဲ့ပါတယ်။ အံ့သြစရာကောင်းတာက မော်တင်စွန်းဘုရားအထိ သွားပြီးတော့ ထိခိုက်ခဲ့ပါတယ်” လို့ သာသနာရေးဝန်ကြီး သူရဦးအောင်ကိုက ပြောပါတယ်။

အဲဒီ စေတီပုထိုး သာသနိက အဆောက်အုံတွေကို ၂၀၂၀ ခုနှစ်မတိုင်ခင် အပြီး ပြုပြင်နိုင်ဖို့ ဆောင်ရွက်နေပေမယ့် စေတီပုထိုးတော်ကြီးအချို့ကတော့ သတ်မှတ်ကာလထက် ကျော်လွန်နိုင်တယ်လို့ သူရဦးအောင်ကိုက ပြောပါတယ်။

အခုလို စေတီပုထိုးတွေ ပြုပြင်ထိန်းသိမ်းနေတဲ့ နေရာမှာ နိုင်ငံတော်ဘတ်ဂျက်ကို သုံးစွဲမှုမရှိပေမယ့် ပြည်တွင်းပြည်ပ အလှူရှင်တွေရဲ့ ထည့်ဝင်လှူဒါန်းငွေနဲ့သာ ပြုပြင်ထိန်းသိမ်းနေတာ ဖြစ်တယ်လို့ သိရပါတယ်။

လက်ရှိမှာတော့ စေတီပုထိုးတွေကို ပြုပြင်ထိန်းသိမ်းဖို့အတွက် လုံလောက်တဲ့ အလှူငွေ ရရှိနေပြီဖြစ်တာကြောင့် အလှူငွေ ကောက်ခံမှုကိုလည်း မလုပ်တော့ဘူးလို့ သူရဦးအောင်ကိုက ပြောပါတယ်။

ပြီးခဲ့တဲ့ မတ် ၈ ရက်နေ့ကလည်း နေပြည်တော်မှာ ငလျင်လှုပ်ခဲ့လို့ ဥတ္တရသီရိမြို့နယ်၊ ပုဗ္ဗသီရိမြို့နယ်နဲ့ လယ်ဝေးမြို့နယ်တို့မှာ ဘုရားစေတီ၊ ဆေးပေးခန်းနဲ့ ကျောင်းတချို့ ပျက်စီးသွားခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013