DVB Logo
Home
မြန်မာသတင်း
၁ ရက်အတွင်း ကျပ်သိန်းပေါင်း ၁ သိန်းခွဲဖိုးခန့် မူးယစ်ဆေးများ ဖမ်းမိ
DVB
·
March 11, 2018
၁ ရက်အတွင်း ကျပ်သိန်းပေါင်း ၁ သိန်းခွဲဖိုးခန့် မူးယစ်ဆေးများ ဖမ်းမိ
1 / 4
Donate to DVB

 

မတ်လ ၉ ရက်နေ့ တရက်တည်းမှာပဲ မူးယစ်ဆေးဝါးကျပ်သိန်းပေါင်း ၁ သိန်းခွဲဖိုးလောက် ဖမ်းဆီးရမိခဲ့တယ်လို့ ရဲတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။

မူးယစ်ဆေးဖမ်းဆီးတာ ၇ မှုရှိပြီး စိတ်ကြွဆေးပြား၊ ဘိန်းဖြူ၊ ဘိန်းဆီခဲ၊ အိုက်စ်၊ ဆူဒိုအက်ဖီဒရင်းဆေးမှုန့်နဲ့ လက်နက်တွေကိုပါ ဖမ်းဆီးရမိတာပါ။

မန္တလေးတိုင်း၊ ချမ်းမြသာစည်မြို့နယ်က လမ်းပေါ်မှာ ရပ်တန့်ထားတဲ့ ကားပေါ်ကနေ ဆာလာအိတ် ၁၄ အိတ်နဲ့ ထည့်ထားတဲ့ စိတ်ကြွရူးသွပ်ဆေးပြား ၂,၈၂၁,၈၀၀ ပြား၊ ဘိန်းဖြူ ဆပ်ပြာခွက် ၂၂၀၊ (အလေးချိန် ၂ ဒသမ ၂၀ ကီလို)၊ ဘိန်းဖြူမှုန့် ၆ အိတ် (အလေးချိန် ၁ ဒသမ ၈ ကီလို)၊ ဘိန်းဖြူ ဘလောက်တုံး ၇ ဂရမ်၊ အိုက်စ် တကီလို၊ ဆူဒိုအက်ဖီဒရင်းဆေးမှုန့် ၁၀၀ ဂရမ်၊ Sodium hydroxide ၁၅၀ ဂရမ်တို့ကို ဖမ်းဆီးရမိခဲ့ပါတယ်။

ဒီပစ္စည်းတွေရဲ့ တန်ဖိုးဟာ ကျပ် ၁၄၄,၅၈၄ သိန်းရှိတယ်လို့ ဆိုပါတယ်။

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်မှာတော့ တန်ဖိုးကျပ် ၁၉၄၃ ဒသမ ၂ သိန်း ရှိတဲ့ ဘိန်းဖြူဆပ်ပြာခွက် ၂၂၀ ခွက် (အလေးချိန် ၂ ဒသမ ၄၂ ကီလို)၊ အဆင့်နိမ့်ဘိန်း(ခပ်ပုံ) ၆၀၀ ဂရမ်ကို မောင်းနှင်လာတဲ့ ကားပေါ်က ဖမ်းမိခဲ့ပါတယ်။

ရှမ်းပြည်နယ် နောင်တရားမြို့နယ်၊ နန်းချဉ်ရွာ၊ ပင်လောင်း-အောင်ပန်းသွားကားလမ်းမှာ လူတယောက်ဆီကနေ စိတ်ကြွရူးသွပ်ဆေးပြား ၅၈၂ ပြားနဲ့ ဘိန်းဆီခဲ ၄၈ ဒသမ ၉၉ ကီလို ဖမ်းဆီးရခဲ့ပါတယ်။

တာချီလိတ်မြို့နယ်၊ မိုင်းကိုးအုပ်စု၊ ရန်ကုန်ရွာက အိမ်တအိမ်ကို ရှာဖွေဖို့ ဝင်ရောက်ရာမှာ အိမ်ထဲမှာ ရှိနေသူက သေနတ်နဲ့ ပစ်ပြီး ထွက်ပြေးသွားပါတယ်။  နေအိမ်ကိုရှာဖွေရာမှာတော့ စိတ်ကြွရူးသွပ်ဆေးပြား ၂၅၀၊ အိပ်ခန်းအတွင်းက တလုံးထိုး ပြောင်းချော သေနတ်အတို တလက်၊ ပွိုင့် ၄၅ ကျည် ၃ တောင့်၊ ပွိုင့် ၄၅ ကျည်ခွံ တခု၊ တူမီးသေနတ် နှစ်လက်နဲ့ ဓားဦးချွန် တချောင်းတို့ကို သိမ်းဆည်းရမိပြီး လူနှစ်ယောက်ကိုလည်း ဖမ်းမိထားပါတယ်။

နောင်ချိုမြို့အဝင်၊ မူဆယ်- မန္တလေးသွားကားလမ်းမှာ မောင်းနှင်လာတဲ့ ဆိုင်ကယ်ကို ရှာဖွေရာမှာ စိတ်ကြွရူးသွပ်ဆေးပြား ၄၂၀၀ ပြား၊ ဘိန်းဖြူ ၂၀ ဒသမ ၇ ဂရမ်ကို တွေ့ရပြီး ဆိုင်ကယ်မှာပါတဲ့ လူနှစ်ယောက်ကိုလည်း ဖမ်းဆီးထားပါတယ်။

ညောင်ရွှေမြို့နယ်၊ ကျားတွန်-အင်းတိန်သွားကားလမ်းတွင် မောင်းနှင်လာတဲ့ ဆိုင်ကယ်ကို စစ်ဆေးရာမှာ စိတ်ကြွရူးသွပ်ဆေးပြား ၁,၇၂၃ ပြား သိမ်းဆည်းရမိပြီး လူနှစ်ယောက်ကို ဖမ်းဆီးထားပါတယ်။

စစ်ကိုင်းတိုင်း တမူးမြို့မှာ ကလေးမြို့ဘက်က တမူးမြို့ဘက်ကို မောင်းနှင်လာတဲ့ မော်တော်ယာဉ်ကိုစစ်ဆေးဖို့ ရပ်တန့်ခိုင်းတာမှာ ယာဉ်မောင်း အမျိုးသားဟာ ကားပေါ်က ခုန်ချထွက်ပြေးသွားပြီး ကားနောက်ခန်းက  ဘိန်းဖြူဆပ်ပြာခွက် ၆၆ ခွက် (အလေးချိန် ၅၉၄ ဂရမ်) သိမ်းဆည်းရမိခဲ့တယ်လို့ ရဲတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။

မတ်လ ၈ ရက်နေ့ကလည်း ကွတ်ခိုင်မြို့နယ်မှာ ငွေကျပ် ၂၇,၃၆၀ သိန်းတန်ဖိုးရှိတဲ့  စိတ်ကြွရူးသွပ်ဆေးပြား ၁,၈၂၄,၀၀၀ ပြား သိမ်းဆည်းရမိခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013