DVB Logo
Home
မြန်မာသတင်း
တိုင်းရင်းသား စာပေယဉ်ကျေးမှုပွဲတော်နှင့် ပတ်သက်၍ ရှမ်းပြည်နယ်အစိုးရ ရှင်းလင်း
DVB
·
March 10, 2018
တိုင်းရင်းသား စာပေယဉ်ကျေးမှုပွဲတော်နှင့် ပတ်သက်၍ ရှမ်းပြည်နယ်အစိုးရ ရှင်းလင်း
Donate to DVB

ရှမ်းပြည်​နယ်​ အစိုးရအဖွဲ့ ဦး​​ဆောင်ပြီး ​တောင်​ကြီးမြို့မှာပြုလုပ်မယ့် ​​တိုင်းရင်းသား​ စာ​ပေယဉ်​​ကျေးမှုပွဲ​တော်​နဲ့ပတ်သက်ပြီး ရှမ်းပြည်​နယ်​အစိုးရအဖွဲ့က မတ်​ ၉ ရက်​​နေ့က ရှမ်းပြည်​နယ်​ စီမံစီးပွားဝန်​ကြီးရုံးခန်းမှာ သတင်းစာရှင်းလင်​ပွဲပြုလုပ်​ပါတယ်​။

အစိုးရသစ်​ရည်​မှန်းတဲ့ ငြိမ်းချမ်း​ရေးနဲ့ ဒီမိုက​ရေစီဖက်ဒရယ်​​ထူ​ထောင်​​ရေး အ​ထောက်​အပံ့ဖြစ်​​စေ​ရေးနဲ့ တိုင်းရင်းသား ရိုးရာအ​မွေ​တွေ မြှင့်တင်​​ပေးဖို့ အခုလို ပြုလုပ်ရတာလို့ ဆိုပါတယ်။

တိုင်းရင်းသားစာ​ပေယဉ်​​ကျေးမှုပွဲ​တော်​ကို ​တောင်​ကြီးမြို့ အ​ဝေရာမီးပုံးပျံကွင်းမှာ မတ်​လ ၂၁ ရက်​​နေ့ စတင်​ကျင်းပမှာဖြစ်​ပြီး ၅ ရက်ကြာ​ကျင်းပမှာလည်းဖြစ်​ပါတယ်​။

အခုပွဲတော်မှာ တိုင်းရင်းသား​​စာ​ပေနဲ့ယဉ်​​ကျေးမှု မြှင့်တင်​တဲ့အ​နေနဲ့ စာ​ပေနဲ့ပတ်​သက်​တဲ့စာတမ်းနဲ့ ယဉ်​​ကျေးမှု ဆိုင်ရာ​စာတမ်းဖတ်​ပွဲကို အ​လေးထား လုပ်​​ဆောင်​သွားမှာဖြစ်​ပါတယ်​။

တိုင်းရင်းသား​ စာ​ပေယဉ်​​ကျေးမှုပွဲ​တော်​မှာ ရိုးရာအသုံးအ​ဆောင်​ပြခန်း၊ ရိုးရာအစားအ​သောက်​၊ စာ​ပေပြပွဲ၊ ယဉ်​​ကျေးမှု အဆိုအကအတီးနဲ့ ​ဈေး​ရောင်းပွဲ​တော်​​တွေ ပြုလုပ်​မှာဖြစ်​ပါတယ်​။

တိုင်းရင်းသား​ စာ​ပေနဲ့ယဉ်​​ကျေးမှု ပွဲ​တော်​ဟာ ကရင်​ပြည်​နယ်​နဲ့ မန္တ​လေး မှာကျင်းပပြီးပြီဖြစ်​ပြီး ​နေပြည်​​တော်​မှာလည်း ကျင်းပပြုလုပ်​သွားမှာဖြစ်​ပါတယ်​။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013