
မြန်မာနိုင်ငံ ကိုယ်အင်္ဂါ မသန်စွမ်းအဖွဲ့တွေဦးဆောင်ပြီး ငြိမ်းချမ်းရေးအတွက် အထောက်အကူ တွန်းအားတရပ်ဖြစ်စေမယ့် မိုင်ပေါင်း ၈၅၀ ကျော် ကွာဝေးတဲ့ ငြိမ်းချမ်းရေးတွဲလက်များ Wheel Chair ရထားခရီးစဉ်ကို သွားရောက်မှာ ဖြစ်ပါတယ်။
ငြိမ်းချမ်းရေးအဖွဲ့အစည်းရဲ့ ဆောင်ပုဒ်ဖြစ်တဲ့ “တို့လိုချင်တဲ့ ငြိမ်းချမ်းရေး နှုတ်က ဖွင့်ဟပြောကြားပေး” ဆိုတဲ့အတိုင်း မြန်မာနိုင်ငံမှာ ဖြစ်ပွားလျက်ရှိတဲ့ ပြည်တွင်းစစ် အဆုံးသတ်ရေး၊ လူမျိုးဘာသာမရွေး ငြိမ်းချမ်းရေးစိတ်ဓာတ် ပေါ်လွင်စေဖို့နဲ့ တိုင်းပြည် ငြိမ်းချမ်းရေးကို အမြန်ဆုံးရရှိဖို့အတွက် ရည်ရွယ်တာဖြစ်ပါတယ်။
လူအင်အားအယောက် ၅၀ ပါဝင်တဲ့ ငြိမ်းချမ်းရေး တွဲလက်များ Wheel Chair ရထားခရီးစဉ်ကို မတ်လ ၁၆ ရက်နေ့ကနေ ဧပြီလ ၈ ရက်နေ့အတွင်း တနင်္သာရီတိုင်းဒေသကြီးမှာ ရှိတဲ့ ကော့သောင်းမြို့ ဘုတ်ပြင်း ထားဝယ် ဖားအံ့ စတဲ့ မြို့ပေါင်း ၂၂ မြို့ကနေ ရန်ကုန်မြို့အထိ တမြို့ဝင်တမြို့ထွက် ငြိမ်းချမ်းရေး သီချင်းသီဆိုတာတွေ ဆိုင်းပုဒ် စိုက်ထူတာတွေနဲ့ လှုပ်ရှားမှုတွေ လုပ်ဆောင်သွားမှာဖြစ်ပါတယ်။
၂၀၁၇ ခုနှစ်ကလည်း ငြိမ်းချမ်းရေးတွဲလက်များ အဖွဲ့အစည်းက မြစ်ကြီးနား ခရီးစဉ်းကို သွားရောက်ခဲ့ပြီး အခုခရီးစဉ်ကတော့ ဒုတိယအကြိမ်ခရီးဖြစ်ပါတယ်။











