DVB Logo
Home
မြန်မာသတင်း
တရားမ၀င် သွားတုတပ်ဆင်မှု မလုပ်ကြရန် ရေးမြို့နယ်တွင် အသိပညာပေး
DVB
·
March 10, 2018
တရားမ၀င် သွားတုတပ်ဆင်မှု မလုပ်ကြရန် ရေးမြို့နယ်တွင် အသိပညာပေး
Donate to DVB

မွန်ပြည်နယ်၊ ရေးမြို့နယ်အတွင်းရှိ ကျေးရွာတွေမှာ အိမ်တိုင်ရာရောက် လိုက်လံပြုလုပ်ပေးနေတဲ့ တရားမ၀င်သွားတုတပ်ဆင်သူများရှိနေပြီး နည်းစနစ်မမှန်တဲ့အတွက် ကင်ဆာရောဂါအထိ ဖြစ်ပွားလာနိုင်လို့ အသိပညာပေးမှုတွေ ဆောင်ရွက်နေပါတယ်။

တအိမ်တက်ဆင်း လိုက်လံတပ်ဆင်ပေးနေတာဖြစ်ပြီး တရားမ၀င်ကျွမ်းကျင်မှုမရှိတဲ့ သွားပြင်သွားစိုက်ကုသသူတွေအနေနဲ့ လိုအပ်သည်ထက်ပိုမိုပြီး သွားဖာခြင်း၊ သွားတုများ အံဝင်ခွင်ကျဖြစ်အောင် မပြုလုပ်ပေးနိုင်ခြင်းတို့ကြောင့် ဒေသခံတွေအနေနဲ့ ဂရုပြုဖို့ လိုအပ်မှာဖြစ်ပြီး ကျယ်ကျယ်ပြန့်ပြန့်သိရှိစေဖို့ ပညာပေးဟောပြောမှုတွေ ဆောင်ရွက်နေတယ်လို့ ရေးမြို့ပြည်သူ့ဆေးရုံ သွားနဲ့ခံတွင်းအထူးကုဆရာဝန် ဒေါက်တာကင်းရှိန်က ပြောပါတယ်။

''တဖြည်းဖြည်း ခုနောက်ပိုင်း များလာနေတယ်၊ ဖြစ်ပြီး တကယ့်ဆေးခန်းကို မပြရဲတာလည်းရှိတယ်။ သွားတုပြင်တဲ့နေရာမှာ သုံးတဲ့ဆေးကို ပါးစပ်ထဲမှာ ပုံဖော်ပြီးထည့်လိုက်တယ်၊ ဖိညှစ်လိုက်တာပေါ့၊ ပါးစပ်ရဲ့အပူနဲ့ခဲပြီးခြောက်တယ်၊ သွားတုကိုထုတ်ပြီး ချောလို့လည်း မရတော့ဘူး၊ အနားစွန်းတွေက ချွန်ပြီးရှတယ်၊ တပ်ခါစမှာ မသိဘူး၊ သွားရဲ့သဘောအရ စားမှာဆိုတော့ တစ်ရက်နှစ်ရက်ဆိုချောင်သွားတယ်၊ နောက် နေလို့မရတော့ဘူး၊ ဆိုးရွားတဲ့အခြေအနေတွေလည်း ရှိနေပြီ၊ ဖြုတ်ထုတ်လိုက်တော့ အနာတွေပါဖြစ်နေပြီ၊ မြန်မြန်မကုရင်တော့ ကင်ဆာဖြစ်ပြီ၊ ဒီလိုသာဆက်သွားမယ်ဆိုရင် အဲ့လိုကိစ္စတွေကြောင့် ဖြစ်လာတဲ့ကင်ဆာတွေက များလာလိမ့်မယ်၊ ဒါ သွားလုပ်ရမယ့်နည်း မဟုတ်ဘူး။ လူတွေက လက်မခံဖို့လိုပါတယ်'' ဒေါက်တာကင်းရှိန်က ဆိုပါတယ်။

ကဗျာဝကျေးရွာနေ ဒေသခံတဦးက ''တအိမ်လုပ်တော့ ကျန်တဲ့အိမ်တွေလည်း စိတ်ဝင်စားပြီးလုပ်ကြတာတွေရှိတယ်၊ ဈေးနှုန်းကတော့ မလုပ်ခင်တမျိုး၊ လုပ်ပြီးတမျိုးယူတယ်၊ သူတို့ကိုကြည့်ရတာ ဒီမြို့ကတော့ မဟုတ်ဘူး” လို့ ပြောပါတယ်။

ကင်ဆာအပြင် ကူးစက်တတ်တဲ့ ရောဂါတွေပါ ဖြစ်ပွားလာနိုင်တဲ့အတွက် လတ်တလောအနေနဲ့ ကျေးရွာတွေအတွင်း အသိပညာပေးမှုတွေကို ပြည်သူအများ ဆင့်ပွားသိရှိစေအောင် ဆောင်ရွက်နေကြောင်း ဒေါက်တာကင်းရှိန်က ပြောပါတယ်။

ဝင်းနိုင်သက်

ဓါတ်ပုံ - သွားအသိပညာပေးဆောင်ရွက်နေမှု။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013