DVB Logo
Home
မြန်မာသတင်း

မြင်းခြံဒီဂရီ​​ကောလိပ်​ ​​ကျောင်းတွင်းသင်္ကြန်​ပွဲ ခိုက်ရန်ဖြစ်ပွားမှုကြောင့် ရပ်ဆိုင်းခဲ့ရ

DVB
·
March 10, 2018
မြင်းခြံဒီဂရီ​​ကောလိပ်​ ​​ကျောင်းတွင်းသင်္ကြန်​ပွဲ ခိုက်ရန်ဖြစ်ပွားမှုကြောင့် ရပ်ဆိုင်းခဲ့ရ
1 / 7
Donate to DVB

မန္တ​လေးတိုင်း​ဒေသကြီး၊ မြင်းခြံမြို့၊ ဒီဂရီ​ကောလိပ်​​ကျောင်းက ကျောင်းသား/သူ တွေ စု​ပေါင်းပြီး ပထမဆုံးအကြိမ်​ ကျင်းပပြုလုပ်​တဲ့ ​​ ​ကျောင်းတွင်း သင်္ကြန်​ပွဲ​​တော်​ ခိုက်​ရန်​ဖြစ်​ပွားခဲ့လို့ ရပ်​ဆိုင်းခဲ့ရပါတယ်​။

ဒီဂရီ​ကောလိပ်​ ​ကျောင်းတွင်းသင်္ကြန်​ပွဲကို ​ကျောင်းသား/သူတွေက ဒီနေ့ စု​ပေါင်းကျင်းပခဲ့ကြတာဖြစ်​ပြီး မြန်​မာ့ရိုရာ အစားစာတွေ ကျွေး​မွေးမယ့် အစီအစဉ်​တွေလည်း ပါဝင်ပါတယ်။

သင်္ကြန်​ပွဲ စတင်​ချိန်​ နာရီဝက်​အတွင်းမှာ ​​ကခုန်​​နေကြပြီး၊ ​ကျောင်းသားအချင်းချင်း စကားများရာက​နေ ခိုက်​ရန်​ဖြစ်​ပွားမှု ၂ ကြိမ်​ ဖြစ်​ခဲ့တာ​ကြောင့် ပွဲစီစဉ်​သူ ​ကျောင်းသားများသမဂ္ဂ ဥက္ကဋ္ဌ ကိုစည်​သူမြတ်က တရားဝင်​ သင်္ကြန်​ပွဲရပ်​ဆိုင်း​ကြောင်း ​ပြောကြားခဲ့တာလည်း ဖြစ်​ပါတယ်​။

အခု ကျင်းပတဲ့ ​ကျောင်းတွင်းသင်္ကြန်​ပွဲကို ​ကျောင်းသား/သူတွေက အချင်းချင်း လုံခြုံ​ရေးကို တာဝန်​ယူကြပြီး ​ကျောင်းသားဦး​ရေ ၃၀၀၀ ​ကျော်​ ပါဝင်​ဆင်​နွဲခဲ့ကြတာလည်း ဖြစ်​ပါတယ်​။

သတင်း-ရီရီထွန်း

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013