DVB Logo
Home
မြန်မာသတင်း
မြင်းခြံတွင် တက္ကသိုလ်​ဝင်​တန်း စာ​မေးပွဲ​ဖြေဆိုရန်​ ပျက်​ကွက်​သူ တိုးလာ
DVB
·
March 10, 2018
မြင်းခြံတွင် တက္ကသိုလ်​ဝင်​တန်း စာ​မေးပွဲ​ဖြေဆိုရန်​ ပျက်​ကွက်​သူ တိုးလာ
Donate to DVB

မန္တ​လေးတိုင်း​ဒေသကြီး မြင်းခြံမြို့နယ်​မှာ ၂၀၁၇- ၂၀၁၈. ပညာသင်​နှစ်​အတွက်​ တက္ကသိုလ်​ဝင်​တန်း စာ​မေးပွဲကို ​ဖြေဆိုခဲ့ရာမှာ ​ဖြေဆိုဖို့​ ပျက်​ကွက်​သူ ​​ကျောင်းသား/သူ ဦး​ရေဟာ ပိုတိုးမြင့်လာတယ်​လို့ မြို့နယ်​ပညာ​ရေးမှူးရုံးမှ သိရပါတယ်​။

မြင်းခြံမြို့နယ်​မှာ ၂၀၁၇-၂၀၁၈ ပညာသင်​နှစ်​အတွက်​ တက္ကသိုလ်​ဝင်​တန်းစာ​မေးပွဲ​ဖြေဆိုဖို့​ စာစစ်​ဌာ ၇ ခု ထားရှိခဲ့တာဖြစ်​ပြီး စာရင်းရှိ ​ဖြေဆိုမယ့်သူ​ပေါင်း ၄၉၁၈ ဦး၊ ​ဖြေဆိုသူ​ပေါင်း ၄၆၄၇ ဦး ​ဖြေဆိုခဲ့ပါတယ်။

စာ​မေးပွဲကာလ ပထမ​နေ့မှာ ပျက်​ကွက်​သူ ၂၅၈ဦး၊ ဒုတိယ​နေ့မှာ ပျက်​ကွက်​သူ ၂၆၇ ဦး နဲ့ တတိယ​နေမှာ  ၂၇၁ ဦး အထိ ​ဖြေဆိုဖို့ ​ပျက်​ကွက်​သူ တိုးမြင့်လာတာလည်း ဖြစ်​ပါတယ်​။

မတ်​ ၈ ရက်​​ ဒုတိယနေ့ကလည်း မြင်းခြံမြို့ အ-ထ-က( ၂) စာ​ဖြေဌာန ကံ့​ကော်​​ဆောင်​ အခန်း အမှတ်​ (၁၂) မှာ သိပ္ပံဘာသာတွဲ ​ဖြေဆို​နေ​တဲ့ ကျောင်းသူတဦး မူး​ဝေလဲကျသွားလို့ မြင်းခြံခရိုင်​ ပြည်​သူ့​ဆေးရုံးကြီးကို ပို့ဆောင်ကုသထားရပါတယ်။

အခုလို စာမေးပွဲဖြေဆိုဖို့ ပျက်ကွက်သူ တိုးလာတဲ့အပေါ် မြင်းခြံမြို့နယ် ပညာရေးမှူး ဦးကျော်ကျော်က “တချို့က​လေး​တွေက ၁၀ တန်းစာ​မေးပွဲကို ​ဖြေကြည့်ချင်​တယ်​၊ ဒါက သူတို့အတွက်​ အခွင့်​အ​ရေး​ပေါ့​လေ။ တကယ်​တမ်းကျ မြန်​မာစာ ​ဖြေဆိုတဲ့​နေ့မှာကိုပဲ ​ကောင်း​ကောင်း မ​ဖြေဆိုနိုင်​ကြတာ​တွေရှိတယ်​။ တကယ်​​ဖြေကြည့်တဲ့အချိန်​မှာ ဒီတက္ကသိုလ်​စာ​မေးပွဲရဲ့ ​မေးခွန်းပုံစံ အခက်​အခဲကို သိသွားကြ​တော့ ​နောက်​ရက်​​တွေမှာ ဆက်​​ဖြေဖို့ အခက်​အခဲရှိတာကတပိုင်း၊ ​နောက်​​နေ့ အင်္ဂလိပ်​စာ​ဖြေဆိုတဲ့အခါမှာ အက်​​ဆေးက ပုံစံတ​မျိုးနဲ့ ​မေးလိုက်​တဲ့အတွက်​ အဲ့ဒီအ​ပေါ်မှာ က​လေး​တွေ မ​ဖြေနိုင်​ကြဘူး။ အဲ့မှာ ထပ်​ပြီး ပျက်​ကွက်​ကုန်​တယ်​”  လို့ ပြောပါတယ်။

ဒ့ါအပြင် ကျောင်းသားမိဘတွေက ဖြေဆိုစေချင်လို့ ဖောင်လာရောက်တင်ထားပေမယ့် ကျောင်းသားတွေက လာမဖြေကြဘူးလို့ ဆိုပါတယ်။

“ပျက်​ကွက်​ရတဲ့ အ​ကြောင်းရင်းကလည်း ​ဖောင်​တင်​တဲ့အခါမှာ တစ်​ချို့ မိဘ​တွေက ​ဖြေဆို​စေချင်​လို့ တင်​တာရှိတယ်​၊ ​ဖောင်​တင်​ခွင့်ရတုန်း တင်​လိုက်​တာမျိုး​တွေရှိတယ်​။ တကယ်​တမ်း​ဖြေဆိုရမယ့် အချိန်​​ရောက်​​တော့ အလုပ်​မအားတာ​တွေ၊ နယ်​​ဝေး​ရောက်​​နေတာ​တွေ၊ မိမိကိုယ်​တိုင်​က ​ဖြေချင်​စိတ်​မရှိတာ​တွေ​ကြောင့် ​ဖြေဆို ပျက်​ကွက်​လာတယ်​လို့ ယူဆလို့ရပါတယ်​။”

သတင်း ရီရီထွန်း ( မြင်းခြံ )

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013