DVB Logo
Home
မြန်မာသတင်း
နောက်ရည်းစားထားသဖြင့် သတ်ပုတ်ရာက မြန်မာလူငယ် တိုက်ပေါ်မှ ပြုတ်ကျ သေဆုံး
DVB
·
March 9, 2018
နောက်ရည်းစားထားသဖြင့် သတ်ပုတ်ရာက မြန်မာလူငယ် တိုက်ပေါ်မှ ပြုတ်ကျ သေဆုံး
Donate to DVB

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာ ပြီးခဲ့တဲ့ရက်ပိုင်းက မြန်မာလူငယ်တဦး သုံးထပ်တိုက်ပေါ် ကနေ ပြုတ်ကျ သေဆုံးခဲ့ရတာနဲ့ ပတ်သက်ပြီး အတူနေချစ်သူ မြန်မာမိန်းကလေး ၁ ဦးကို ထိုင်းရဲတွေက ဒီကနေ့မနက်မှာ ဖမ်းဆီးလိုက်တယ်လို့ မန်နေဂျာအွန်လိုင်း ထိုင်းသတင်းမှာ ဖော်ပြပါတယ်။

ဘန်ကောက် ဆွန်လုန်နယ်မြေ ဆငွန်ဆုခ်လမ်းရှိ ၃ ထပ်တိုက် အနောက်ဘက်မှာ မတ်လ ၆ ရက် ညနေ ၆ နာရီလောက်က လူငယ်တဦးရဲ့ အလောင်းကိုတွေ့ရှိကြောင်း သတင်းအရ တာဝန်ရှိရဲတပ်ဖွဲ့ဝင်တွေ သွားရောက်စစ်ဆေးခဲ့တာပါ။

စစ်ဆေးချက်အရ သေဆုံးသူမှာ အသက် ၂၀ နှစ်ရှိ ကိုကျော်ဆိုသူ မြန်မာနိုင်ငံသားတဦးဖြစ်ပြီး နောက်စေ့ကွဲကာ ခြေလက်ကျိုးနေတဲ့ အနေအထားတွေ တွေ့ရတယ်လို့ ဆိုပါတယ်။

သူနဲ့အတူနေချစ်သူ မိန်းကလေးကို မတွေ့ရလို့ ရဲတွေက သူမကို ပစ်မှတ်ထားရှာဖွေခဲ့ရာမှာ ဒီနေ့မနက်မှာတော့ မမွန်လို့ခေါ်တဲ့ အသက် ၂၂ နှစ်ရွယ် မြန်မာမိန်းကလေးကို အခင်းဖြစ်ရာနေရာနဲ့ မနီးမဝေး ဘန်ကောက် ပရဝေ့နယ်မြေ နောင်ပွန်ရပ် ဆီလင်းခရင်း  ၅၂ လမ်းထဲမှာ ဖမ်းဆီးရမိခဲ့တာ ဖြစ်ပါတယ်။

အဲဒီနောက် သူမကို ပရဝေ့နယ်မြေရဲစခန်းမှာ ရှေ့နေ၊ ဘာသာပြန်တွေနဲ့ စစ်ဆေးမေးမြန်းရာမှာတော့ မမွန်က အခင်းဖြစ်တဲ့နေ့က သူမနဲ့ ကိုကျော်တို့ဟာ အခန်းထဲမှာ အတူရှိနေကြောင်း၊ ကိုကျော်က နောက်ရည်းစားထားပြီး သူမနဲ့ လမ်းခွဲလိုကြောင်း ပြောတဲ့အတွက် နှစ်ဦးသား စကားများကြပြီး ကိုကျော်က သူ့ကို ဓားနဲ့အရင်ထိုးခဲ့ကြောင်း၊ သူမရဲ့နှုတ်ခမ်းမှာ ဓားဒဏ်ရာရသွားပြီး နှစ်ယောက်သား လုံးထွေးသတ်ပုတ်ရာမှ ဝရန်တာဆီ ရောက်သွားကြောင်း၊ တဖက်နဲ့တဖက် တွန်းထိုးရင်းနဲ့ ကိုကျော်က ဝရန်တာလက်ရန်းကနေ အောက်ဘက်ကို ပြုတ်ကျသွားတာလို့ ဆိုပါတယ်။

သူမက ကိုကျော် ပြုတ်ကျတဲ့နေရာကို သွားကြည့်ရာမှာ အသက်မရှိတော့တာနဲ့ ထိတ်လန့်ပြီး အခန်းပေါ်ပြန်တက်လာကာ ပစ္စည်းသိမ်းပြီး တိမ်းရှောင်ခဲ့တာလို့  ပြောပါတယ်။

ရဲနဲ့ ရှေ့နေတွေကတော့ သူမ ထွက်ဆိုချက်အားလုံးကို ယုံကြည်မှုမရှိသေးဘဲ လောလောဆယ် သူ့ကို လူသတ်မှု၊ အလောင်းဖျောက်ဖျက်မှုတွေနဲ့ ဖရခနုန်တရားရုံးမှာ တရားစွဲထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013