DVB Logo
Home
မြန်မာသတင်း
စစ်တပ် ဖမ်းဆီးသွားသည့် ဒုက္ခသည်စခန်းနေ ကချင်ရွာသား ၂ ဦး အလောင်းပြန်တွေ့ရှိ
DVB
·
March 9, 2018
စစ်တပ် ဖမ်းဆီးသွားသည့် ဒုက္ခသည်စခန်းနေ ကချင်ရွာသား ၂ ဦး အလောင်းပြန်တွေ့ရှိ
Donate to DVB

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မံစီမြို့နယ် မိုင်းခေါင်ဒုက္ခသည်စခန်းက ရွာသား ၂ ဦးဟာ စစ်တပ်ရဲ့ ဖမ်းဆီးခေါ်ဆောင်သွားတာ ခံရပြီးနောက် မြေမြှုပ်ထားတဲ့ အလောင်းသာ ပြန်လည်တွေ့ရှိရတယ်လို့ ဒေသခံရွာသားတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလကုန်က ပေရာရွာအနီး ကျွဲကျောင်းနေတဲ့ ရွာသား ဦးဖော်ဂန်းယော် (၆၅-နှစ်) နဲ့ ဦးအင်ခွမ်နော်ဆန်း (၃၀-နှစ) တို့နှစ်ဦးကို တပ်မ ၇၇/ ခလရ ၆၀၂  တပ်က ဖမ်းဆီး ခေါ်ဆောင်သွားတာလို့ မျက်မြင်သက်သေ ရွာသားတချို့က ပြောဆိုပြီး မံစီမြို့နယ်ရဲစခန်းကို သွားရောက်တိုင်တန်းထားသလို ရွာသားတွေက သူတို့အစီအစဉ်နဲ့ သူတို့ လူပျောက် ရှာဖွေနေခဲ့တာပါ။

ရွာသား နှစ်ဦးကို မိသားစုဝင်တွေနဲ့ ဆွေမျိုးရွာသားတွေက တောနင်းရှာဖွေရာမှာ မတ်လ ၈ ရက်မှာတော့ မိုင်းခေါင်ရွာ အရှေ့မြောက်ဘက် ၃ မိုင်လောက်အကွာ တောထဲမှာ သူတို့နှစ်ဦးကို မြေကြီးထဲ မြှုပ်ထားတဲ့ အလောင်းအဖြစ် ပြန်ရှာတွေ့ခဲ့တယ်လို့ ရှာဖွေတဲ့အထဲ ပါသွားသူ ရွာသူ မကော့အောင်က ပြောပါတယ်။

“မနေ့က တောထဲ လိုက်ရှာတာ။ ကျမတို့အားလုံး နှစ်ဆယ်ကျော် ပါပါတယ်။ ဆွေမျိုးတွေချည်းပဲ၊  မာရှယ်လောလည်း ထုတ်ထားတော့ ကြောက်ကြောက်နဲ့ သွားရှာတာ၊ မသင်္ကာတဲ့နေရာတွေ လိုက်ကြည့်တယ်၊ ပျော့တဲ့မြေတွေ တူးကြည့်တယ်။ အလောင်းတွေ့တဲ့နေရာတဝိုက်ကို ၂ ခေါက် သွားကြည့်တယ်။ အနားမှာ ယင်ကောင်တွေ ရှိလို့။  အဲဒီနားတဝိုက် လေး ငါးနေရာ တူးတယ်။ မြေပျော့တဲ့ တနေရာမှာ အနက်ကြီး မတူးလိုက်ရဘူး။ သူတို့ နှစ်ယောက်လုံး တကျင်းထဲမှာ အတူမြှုပ်ထားတာ တွေ့ရတာ၊ တွေ့တာနဲ့ မံစီရဲစခန်းကို ဖုန်းဆက် အကြောင်းကြားလိုက်တယ်။ ရဲစခန်းက အလောင်းကို ဘယ်သူမှမထိနဲ့၊ သက်ဆိုင်ရာတွေ ခေါ်ရမယ်ဆိုလို့၊ မနေ့ညက ယောကျာ်းတွေက အဲဒီတောထဲမှာ သွားအိပ်စောင့်တယ်။ ဒီမနက် အလောင်းဖော်ဖို့ တာဝန်ရှိသူတွေ မိုင်းခေါင်ရွာရောက်နေပြီ။ စစ်တပ်က ခွင့်မပြုလို့ မသွားရသေးဘူး၊ စောင့်နေတုန်းပဲ။”

အလောင်းဖော်ဖို့ မိုင်းခွန်ရွာကို ရောက်နေသူတွေထဲမှာ မံစီရဲစခန်းက စခန်းမှူး တရားသူကြီး၊ မြို့နယ်စည်ပင်ဥက္ကဋ္ဌအပြင် မြို့နယ်ဆရာဝန်တွေပါ ပါဝင်ပြီး တပ်မတော်နဲ့ ညှိနှိုင်းဆွေးနွေးနေဆဲလို့ ဆိုပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး ကချင်ငြိမ်းချမ်းရေးကွန်ရက် ညှိနှိုင်းရေးမှူး ဒေါ်ခွန်ဂျာက “ထိရောက်စွာ အရေးယူစေချင်ပါတယ်။ ပြီးတော့ နိုင်ငံတော်ကနေပြီး နောက်တခါ ဒါမျိုးကိစ္စတွေ ထပ်မဖြစ်ဖို့အတွက် မြန်မာ့တပ်မတော်ကိုလည်း သတိပေးစေချင်တယ်။ မြန်မာ့တပ်မတော်ကလည်း ဂုဏ်သိက္ခာရှိတဲ့ တပ်မတော်တခု ဖြစ်ဖို့ဆိုရင် ဒါမျိုးတွေကို မလုပ်အောင် တင်းတင်းကျပ်ကျပ် ပြန်ထိန်းပေးဖို့ လိုအပ်တယ်။ စစ်ဖြစ်နေသရွေ့ ပြည်သူကို ကြားထဲမှာ တန်ဆာခံလုပ်နေတာကိုတော့ ဘယ်သူမှ လက်ခံလို့ မရပါဘူး။ အပြည်ပြည်ဆိုင်ရာကပါ ဒီလိုကိစ္စကို ဝိုင်းအရေးယူပေးစေချင်ပါတယ်”လို့ ပြောပါတယ်။

အဆိုပါမိုင်းခေါင်ဒုက္ခသည်စခန်းမှာပဲ ပြီးခဲ့တဲ့နှစ် မေလကလည်း ရွာသား ၃ ဦး အသတ်ခံရတာနဲ့ ပတ်သက်လို့  မြန်မာ့တပ်မတော်ဘက်က အရာရှိ ၄ ယောက်၊ တပ်ကြပ် ၁ ယောက်နဲ့ ရဲဘော် ၁ ယောက်တို့ ထောင်ဒဏ် ၁၀ နှစ်စီ အပြစ်ပေးခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013