DVB Logo
Home
မြန်မာသတင်း
ပြောင်းလဲနေသည့် ယနေ့ သီးနှံဈေးနှုန်းများ
DVB
·
March 9, 2018
ပြောင်းလဲနေသည့် ယနေ့ သီးနှံဈေးနှုန်းများ
Donate to DVB

မြီးဒုံး
ဝါးတန်းကုန်စည်ဒိုင်မှာ မြီးဒုံးဆန်က တအိတ်ကို ၂၆,၅၀၀ ကျပ်ကနေ ငွေကျပ် ၂၇,၅၀၀ ပေါက်ဈေးရှိပြီး တအိတ်ကို ငွေကျပ် ၁,၀၀၀ ဈေးတက်လာပါတယ်။

ရက် ၉၀ သစ်
ရက် ၉၀ သစ် ရှယ်ကတော့ တအိတ်ကို ၅၀၀ ကျပ် ဈေးတက်လာပြီးတော့ ဒီနေ့ပေါက်ဈေးက တအိတ်ကို ၂၅,၅၀၀ ကျပ်ကနေ ငွေကျပ် ၂၆,၀၀၀ ရှိပါတယ်။

မတ်ပဲ
ရန်ကုန် ဘုရင့်နောင်ကုန်စည်ဒိုင်မှာ မတ်ပဲက တတန်ကို ငွေကျပ် ၅၀၄,၀၀၀ ပေါက်ဈေးရှိပြီး တတန်ကို ၃,၀၀၀ ကျပ် ဈေးတက်လာပါတယ်။

ပဲစင်းငုံနီ
ပဲစင်းငုံနီကတော့ တတန်ကို ၁,၀၀၀ ကျပ် ဈေးကျဆင်းသွားပြီး ဒီနေ့ ပေါက်ဈေးက တတန်ကို ငွေကျပ် ၄၀၂,၀၀၀ ရှိပါတယ်။

ပဲကြီး
ပဲကြီးကတော့ ဒီနေ့မှာ တပိဿာကို ၃၅ ကျပ် ဈေးတက်လာပြီးတော့ ဒီနေ့ ပေါက်ဈေးက တပိဿာကို ၁,၈၆၀ ကျပ်ကနေ ငွေကျပ် ၂,၂၁၅ ရှိပါတယ်။

စွန်တာပဲ
စွန်တာပဲကတော့ ဒီနေ့မှာ တပိဿာကို ၁,၄၇၅ ကျပ်ကနေ ၁,၅၇၀ ကျပ် ပေါက်ဈေးရှိပြီး တပိဿာကို ၉၀ ကျပ် ဈေးတက်လာပါတယ်။

ကုလားပဲ
ကုလားပဲကတော့ ဒီနေ့မှာ တပိဿာကို ၁,၉၀၀ ကျပ်ကနေ ၁,၉၂၅ ကျပ် ပေါက်ဈေးရှိပြီး တပိဿာကို ၂၅ ကျပ် ဈေးကျဆင်းသွားပါတယ်။

ကြက်သွန်နီ
ကြက်သွန်နီကတော့ ဒီနေ့မှာ တပိဿာကို ၆၅၀ ကျပ်ကနေ ၁,၄၀၀ ကျပ် ပေါက်ဈေးရှိပြီး တပိဿာကို ၁၀၀ ကျပ် ဈေးကျဆင်းသွားပါတယ်။

ဖော်ပြခဲ့တဲ့ သီးနှံဈေးနှုန်းတွေထဲက ကုလားပဲကတော့ ဈေးဆက်တိုက်ကျဆင်းနေပါတယ်။ ကုလားပဲက အိန္ဒိယနိုင်ငံကို အဓိက တင်ပို့နေတာ ဖြစ်ပေမယ့် လက်ရှိ အိန္ဒိယမှာ ကုလားပဲ တင်သွင်းတာနဲ့ ပတ်သက်ပြီး တင်သွင်းခွန်ကို တိုးမြှင့် ကောက်ခံဖို့ ဆောင်ရွက်နေတဲ့အတွက် အိန္ဒိယနိုင်ငံမှာလည်း ကုလားပဲဈေးတွေက ကျဆင်းနေပါတယ်။

လက်ရှိ မြန်မာနိုင်ငံမှာလည်း ကုလားပဲအသစ်တွေက ဆက်တိုက်ဝင်ရောက်နေပြီး ပြည်ပ ဝယ်ယူမှု နည်းပါးတဲ့အတွက်ကြောင့် ဈေးကလည်း ကျဆင်းသွားခဲ့ပါတယ်။ ပြီးခဲ့တဲ့ အပတ်နဲ့ နှိုင်းယှဉ်ရင် ကုလားပဲက တတင်းကို ၄,၀၀၀ ကျပ်နီးပါး ကျဆင်းသွားခဲ့ပါတယ်။

နောက်သီးနှံတခုကတော့ ပဲကြီး ဖြစ်ပါတယ်။ ပဲအသစ်တွေ ဝင်ရောက်လာပေမယ့် ရန်ကုန် ဝယ်လက်တွေ၊ ပဲကြော်ဖိုလုပ်ငန်းတွေက အများအပြား ဝယ်ယူနေတဲ့အတွက်ကြောင့် ဈေးကတော့ တက်နေပါတယ်။ အသစ်တွေက ပဲအဟောင်းလောက် ဈေးမရှိပေမယ့် လက်ရှိ ပေါက်ဈေးကတော့ တခြား ပြည်တွင်းပဲတွေထက်စာရင် အမြင့်ဆုံးရရှိနေတဲ့ ပဲတမျိုးလည်း ဖြစ်ပါတယ်။

အခု ဖော်ပြသွားတဲ့ သီးနှံဈေးနှုန်းတွေက အချိန်နဲ့အမျှ ပြောင်းလဲမှုတွေ ရှိနိုင်ပါတယ်။

သတင်း - AMIA

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013