DVB Logo
Home
မြန်မာသတင်း
အကြမ်းဖက်ခံရသည့် အမျိုးသမီးများအတွက် လူမှုကူညီရေးရန်ပုံငွေ အန်အယ်လ်ဒီထူထောင်
DVB
·
March 9, 2018
အကြမ်းဖက်ခံရသည့် အမျိုးသမီးများအတွက် လူမှုကူညီရေးရန်ပုံငွေ အန်အယ်လ်ဒီထူထောင်
Donate to DVB

သက်ငယ်မုဒိမ်းမှု အပါအဝင် အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှုတွေအတွက် လိုအပ်တဲ့ တရားမျှတမှုဆိုင်ရာ လူမှုကူညီထောက်ပံ့ရေး ရန်ပုံငွေတရပ်ကို မတ်လ ၈ ရက်နေ့မှာ ထူထောင်လိုက်ပါတယ်။

လူမှုကူညီထောက်ပံ့မှုတွေဆောင်ရွက်နိုင်ဖို့ ရည်ရွယ်ပြီး  အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအမျိုးသမီးကော်မတီနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ မတည်ငွေနဲ့ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့မှာ ရန်ပုံငွေတရပ် စတင်ထူထောင်လိုက်တာလည်း ဖြစ်ပါတယ်။

ရန်ပုံငွေ ရရှိတဲ့အပေါ် မူတည်ပြီး သက်ငယ်မုဒိမ်းမှု အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှု စတဲ့ အရေးကိစ္စတွေမှာ အဖွဲ့ချုပ် ဗဟိုအမျိုးသမီးကော်မတီရဲ ဆုံးဖြတ်ချက်နဲ့ ကူညီထောက်ပံ့နိုင်ဖို့ ရည်ရွယ်ထားပါတယ်။

တရားမျှတမှုဆိုင်ရာ လူမှုကူညီ ထောက်ပံ့ရေးရန်ပုံငွေအတွက် ဧရာဘဏ်မှာ အကောင့် ဖွင့်လှစ်လိုက်ပြီး အလှူရှင်တွေအနေနဲ့လည်း ပူးပေါင်းထည့်ဝင် လှူဒါန်းနိုင်တယ်လို့လည်း သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013