DVB Logo
Home
မြန်မာသတင်း
အကယ်ဒမီပေးပွဲ ရိုက်ကူးမည့် ရုပ်သံမီဒီယာများ ကျပ်သိန်း ၁၅၀ ပေးဆောင်ရန် သဘောတူ
DVB
·
March 9, 2018
အကယ်ဒမီပေးပွဲ ရိုက်ကူးမည့် ရုပ်သံမီဒီယာများ ကျပ်သိန်း ၁၅၀ ပေးဆောင်ရန် သဘောတူ
Donate to DVB

အခုလအတွင်း ကျင်းပဖို့ရှိနေတဲ့ မြန်မာ့ရုပ်ရှင်ထူးချွန်ဆု အကယ်ဒမီပေးပွဲမှာ သတင်းရိုက်ကူး တင်ဆက်မယ့် ရုပ်သံမီဒီယာတွေအနေနဲ့ အရင်နှစ်က နှုန်းထားအတိုင်း ကျပ်သိန်း ၁၅၀  ပေးဆောင်ဖို့ကို မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးက သဘောတူညီလိုက်ပါတယ်။

အကယ်ဒမီပေးပွဲအတွက် သတင်းရယူမယ့် Watch TV တွေနဲ့ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးတို့ မတ်လ ၈ ရက် မနက်က ဗဟန်းမြို့နယ်မှာရှိတဲ့ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးမှာ ညှိနှိုင်းဆွေးနွေးခဲ့ကြတာပါ။

မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးက ကျပ်သိန်း ၂၀၀ အဖြစ် သတ်မှတ်ထားပေမယ့် အရင်နှစ်က နှုန်းထား ကျပ်သိန်း ၁၅၀ ကိုပဲ သတ်မှတ်ပေးဖို့ ရုပ်သံမီဒီယာသမားတွေက တောင်းဆိုခဲ့ကြတာကို သဘောတူခဲ့တာ ဖြစ်ပါတယ်။

TV Channelတွေ Booth ဝယ်ယူသူ ၅ ဌာနအတွက် နေရာ သတ်မှတ်ပေးတာတွေကိုလည်း မဲနှိုက်ရွေးချယ်ပေးခဲ့ပါတယ်။

TV Channel  Booth ရရှိတဲ့ သတင်းဌာနတွေကနေ ပြန်လည်ထုတ်လွှင့်မယ့် ချန်နယ်တွေကတော့ MRTV ၊ MRTV4 ၊ Channel 7 ၊ MWD၊ Sky Net ၊ MNTV ၊ Channel 9 တို့ ဖြစ်ပါတယ်။

အွန်လိုင်းမီဒီယာတွေ များပြားလာတာကြောင့် အခုနှစ်မှာတော့ နေရာအခက်အခဲ လုံခြုံရေး အခက်အခဲတွေကြောင့် သီးသန့်ရိုက်ကူးရေး လုပ်ဆောင်ဖို့အတွက် ပေးဖို့ အစီအစဉ်မရှိဘူးလို့ လည်း မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌ ဦးဇင်ဝိုင်းက ပြောကြားခဲ့ပါတယ်။

၂၀၁၇ ခုနှစ်အတွက် ရုပ်ရှင်အကယ်ဒမီထူးချွန်ဆုပေးပွဲကို ရန်ကုန်မြို့ Myanmar Event Park (MEP) မှာ မတ်လ ၂၃ ရက် ညနေမှာ ကျင်းပမှာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013