DVB Logo
Home
မြန်မာသတင်း
ရေးမြို့တွင် သောက်သုံးရေ လှူဒါန်းနိုင်ရန် အရပ်ဘက် အဖွဲ့အစည်းများ ပြင်ဆင်
DVB
·
March 9, 2018
ရေးမြို့တွင် သောက်သုံးရေ လှူဒါန်းနိုင်ရန် အရပ်ဘက် အဖွဲ့အစည်းများ ပြင်ဆင်
Donate to DVB

နွေရာသီမှာ သောက်သုံးရေ ပြတ်လပ်မယ့်နေရာတွေကို အချိန်နဲ့တပြေးညီ သွားရောက်လှူဒါန်းနိုင်ရေးအတွက် မွန်ပြည်နယ် ရေးမြို့အခြေစိုက် အရပ်ဘက်အဖွဲ့အစည်းက ပုဂ္ဂိုလ်တွေ ပြင်ဆင်နေကြပါတယ်။

နှစ်စဉ်နီးပါး ရေးမြို့ပေါ်က ရပ်ကွက်တချို့နဲ့ ပတ်ဝန်းကျင်ကျေးရွာတချို့မှာ သောက်သုံးရေ ပြတ်လပ်လေ့ရှိပြီး  ဒေသတွင်း ပြည်သူတွေရဲ့ ထည့်ဝင်ငွေနဲ့ အရပ်ဘက်အဖွဲ့အစည်းတွေက နေ့စဉ် ရေဂါလန် ၁၀၀၀၀ ကျော် လှူဒါန်းနေတာပါ။

ရေတိုင်ကီတွေ၊ ရေစုပ်စက်တွေ၊ ကားတွေနဲ့ လိုအပ်တဲ့အရာတွေကို ကြိုတင်ပြင်ဆင်မှု လုပ်ထားပြီးပြီ ဖြစ်သလို ရေပြတ်လပ်လို့ အကူအညီတောင်းတဲ့ နေရာတွေကို လှူဒါန်း ပို့ဆောင်သွားမယ်လို့ အောင်မင်္ဂလာလူငယ်အဖွဲ့ ကိုဘမင်းက ပြောပါတယ်။

၂၀၁၆ ခုနှစ်တုန်းကလည်း အောင်မေတ္တာရပ်ကွက်၊ အောင်မင်္ဂလာရပ်ကွက်၊ သီရိခေမာရပ်ကွက်၊ သီရိနန္ဒာရပ်ကွက်၊ ရွှေပြည်သာကျေးရွာ၊ ကျုံပေါကျေးရွာ၊ ချောင်းတောင်ကျေးရွာနေရာတချို့မှာ သောက်သုံးရေ ပြတ်လပ်မှုဖြစ်ပေါ်ခဲ့ပြီး ရေအရင်းအမြစ် အခက်အခဲကြောင့် ရေးမြို့နဲ့ ၆ မိုင် ကွာဝေးတဲ့ ကျောက်မိချောင်းကျေးရွာအထိအောင် သွားရောက် သယ်ယူ လှူဒါန်းခဲ့ကြရပါတယ်။

စည်ပင်အနေနဲ့ကတော့ လက်ရှိရတဲ့ ရေအရင်းအမြစ်ပေါ် မူတည်ပြီး ရေပေးနေရပေမယ့် တကယ်လိုအပ်လာရင်တော့ ဌာနဆိုင်ရာတွေနဲ့ ပူးပေါင်းကူညီသွားမယ်လို့ ရေးမြို့နယ် စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးမျိုးလွင်က ပြောပါတယ်။

အခု နွေဦးရာသီအစမှာတောင် ရေတွင်းအချို့က ရေတွေ စတင် ခန်းခြောက်စပြုနေပြီလို့ သီရိဇေယျာရပ်ကွက်နေ ဒေသခံတဦးက ပြောပါတယ်။

သတင်း - ဝင်းနိုင်သက်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013