DVB Logo
Home
မြန်မာသတင်း
ဥပါယ်တံမျဉ် ရုပ်ရှင်ဇာတ်ကား စင်ကာပူနိုင်ငံတွင် ရုံတင်ပြသမည်
DVB
·
March 9, 2018
ဥပါယ်တံမျဉ် ရုပ်ရှင်ဇာတ်ကား စင်ကာပူနိုင်ငံတွင် ရုံတင်ပြသမည်
Donate to DVB

မြန်မာနိုင်ငံမှာ ရုံတင်ပြသ အောင်မြင်မှုရရှိခဲ့တဲ့  ဥပါယ်တံမျဉ်ရုပ်ရှင်ဇာတ်ကားကို စင်ကာပူနိုင်ငံမှာ အခု မတ်လကုန်ပိုင်း စတင်ရုံတင်ပြသတော့မယ်လို့  ဥပါယ်တံမျဉ်ရုပ်ရှင်ရဲ့လူမှုကွန်ရက်စာမျက်နှာမှာ ဖော်ပြပါတယ်။

ဥပါယ်တံမျဉ်ရုပ်ရှင်ကို  စင်ကာပူမှာ လာမယ့် ရုံးပိတ်ရက်ရှည်ဖြစ်တဲ့ မတ် ၃၀၊ ၃၁ နဲ့ ဧပြီ ၁ ရက်နေ့တွေ Golden Mile Tower Carnival Cinema မှာ ပြသမှာလို့ ဆိုပါတယ်။

လက်မှတ်တွေကို City Hall တတိယထပ်က ရဲရင့်ရှေ့မှာ ရောင်းချပေးမှာဖြစ်ပြီး စတင်ရောင်းချမယ့်နေ့နဲ့ ပွဲချိန်တွေကိုတော့  ကြေညာပေးမယ်လို့ ဆိုပါတယ်။

ရုပ်ရှင်လက်မှတ် စောစောစီးစီး ဝယ်ယူအားပေးချင်သူတွေအနေနဲ့ အခုသီတင်းပတ် မတ်လ ၁၀ ရက်ကစပြီး Online ကနေ  http://www.carnivalcinemas.sg လင့်ခ်မှာ  စတင်ဝယ်ယူအားပေးနိုင်တယ်လို့ သိရပါတယ်။

ဥပါယ်တံမျဉ်ရုပ်ရှင်ဇာတ်ကားကို ဒါရိုက်တာ ခရစ်(စ)တီးနားခီက ရိုက်ကူးပြီး အဓိက သရုပ်ဆောင်တွေအဖြစ်  ဇဏ်ခီ၊ သက်မွန်မြင့်၊ အောင်မြင့်မြတ်၊ Kaew Korravee နဲ့ မင်းဦးတို့ ပါဝင်သရုပ်ဆောင်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013