DVB Logo
Home
မြန်မာသတင်း
ကျေးလက်နေ လူငယ်များအတွက် နွေရာသီ အင်္ဂလိပ်စာသင်တန်း ပခုက္ကူအမတ် ဦးစီးဖွင့်လှစ်
DVB
·
March 9, 2018
ကျေးလက်နေ လူငယ်များအတွက် နွေရာသီ အင်္ဂလိပ်စာသင်တန်း ပခုက္ကူအမတ် ဦးစီးဖွင့်လှစ်
Donate to DVB

ပခုက္ကူမြို့နယ် ရှားဒူးကျေးရွာနဲ့ အရှေ့ကမ်းဖြူကျေးရွာနေ လူငယ် လူရွယ်တွေအတွက် ပခုက္ကူ အမှတ်-၂ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်ဇင်နီနီဝင်း ဦးစီးပြီး နွေရာသီ အင်္ဂလိပ်စာသင်တန်းကို မတ်လ ၈ ရက်က ဖွင့်လှစ်ခဲ့ပါတယ်။

အခုသင်တန်းကို ပခုက္ကူမြို့က FOR LIFE အင်္ဂလိပ်စာသင်တန်းက ဆရာမနှစ်ဦးက သင်ကြားပေးတာဖြစ်ပြီး ၄ တန်း၊ ၅ တန်းနဲ့ ၆ တန်းက တတန်း၊ ၇ တန်းနဲ့ ၈တန်းက တတန်း နှစ်တန်း ခွဲသင်ကြားပေးတာ ဖြစ်ပါတယ်။

ရှားဒူးကျေးရွာနဲ့ အရှေ့ကမ်းဖြူကျေးရွာတွေဟာ ပခုက္ကူမြို့နယ်ရဲ့ အစွန်ဆုံးကျေးရွာတွေ ဖြစ်ပြီး ကျောင်းသူ ကျောင်းသားတွေရော မိဘတွေပါ စိတ်ဝင်စားမှု ရှိတာကြောင့် လက်ရှိမှာ သင်တန်းသား ၂၂၀ တက်ရောက်သင်ကြားနေကြပါတယ်။

အင်္ဂလိပ်စာသင်တန်းကို ကျေးရွာတွေမှာ သွားဖွင့်ရတာဟာ ကျေးလက်က ကလေးတွေနဲ့ မြို့ပေါ်က ကလေးတွေ အင်္ဂလိပ်စာမှာ ကွာဟမှု မရှိစေချင်တာရယ်၊ ၁၀တန်းကို ရောက်တဲ့အခါ အင်္ဂလိပ်စာနဲ့ စာမေးပွဲကျတာတွေ များနေတဲ့အတွက် အခု ၄၊ ၅၊ ၆၊ ၇၊ ၈ အတန်းတွေကို သင်ကြားပေးတာ ဖြစ်တယ်လို့ အမှတ်-၂ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဇင်နီနီဝင်းက ဒီဗွီဘီကို ပြောပါတယ်။

အခုဖွင့်လှစ်တဲ့ သင်တန်းဟာ ပထမဆုံးအကြိမ်ဖြစ်ပြီး သင်္ကြန်မတိုင်ခင်အထိ ဖွင့်လှစ်သင်ကြားပေးမှာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013