DVB Logo
Home
မြန်မာသတင်း
မကွေးဧရာဝတီတံတားပေါ်တွင် ကားနှင့် ဆိုင်ကယ် မျက်နှာချင်းဆိုင်တိုက်၊ ၁ ဦးသေဆုံး
DVB
·
March 8, 2018
မကွေးဧရာဝတီတံတားပေါ်တွင် ကားနှင့် ဆိုင်ကယ် မျက်နှာချင်းဆိုင်တိုက်၊ ၁ ဦးသေဆုံး
Donate to DVB

 

မကွေးမြို့၊ ဆုံရပ်ကွက်၊ ဧရာဝတီတံတား(မကွေး) တိုင်အမှတ် P5 နဲ့ P6ကြားမှာ မတ်လ ၇ ရက်နေ့ ညနေက  ကားနဲ့ ဆိုင်ကယ် မျက်နှာချင်းဆိုင် တိုက်မိတဲ့အတွက် လူ တဦး သေဆုံးခဲ့တယ်လို့ မကွေးမြို့မရဲစခန်းက သိရပါတယ်။

မကွေးမြို့ဘက်မှ မင်းဘူးမြို့ဘက်သို့ ယာဉ်မောင်း ထိန်ဝင်း (၅၉ နှစ်) မောင်းနှင်လာတဲ့ NISSAN ခဲရောင်မော်တော်ယာဉ်နဲ့ မင်းဘူးမြို့မှ မကွေးမြို့ဘက်သို့ ယာဉ်မောင်း ဟန်ဇော်ထွန်း (၃၆ နှစ်)  မောင်းနှင်ပြီး နောက်မှာ ရဲကိုကို (၂၆ နှစ်)ကို တင်ဆောင်မောင်းနှင်လာတဲ့ ဆိုင်ကယ်တို့ မျက်နှာချင်းဆိုင် ဝင်ရောက်တိုက်မိခဲ့တာပါ။

ဆိုင်ကယ်မောင်းနှင်သူ ဟန်ဇော်ထွန်းနဲ့ နောက်မှာ စီးနင်းလိုက်လာတဲ့ ရဲကိုကိုတို့ ဒဏ်ရာပြင်းထန်တဲ့အတွက် မကွေးတိုင်းပြည်သူ့ဆေးရုံကြီးသို့ တင်ပို့ထားရှိခဲ့ရာမှ ဟန်ဇော်ထွန်းမှာ ညနေ ၄ နာရီ ၁၅ မိနစ်အချိန်မှာ သေဆုံးသွားခဲ့ပါတယ်။

ယာဉ်တိုက်မှုနဲ့ပတ်သက်ပြီး ယာဉ်ကို မဆင်မခြင် မောင်းနှင်တဲ့ ထိန်ဝင်းနဲ့ ဟန်ဇော်ထွန်း တို့ကို ဥပဒေအရအရေးယူပေးဖို့ မကွေးမြို့မရဲစခန်းမှာ  ရာဇသတ်ကြီးပုဒ်မ ၃၀၄-က/၃၃၈ နဲ့ အမှုဖွင့်စစ်ဆေးနေပါတယ်။

သားကြီး (တောင်တွင်းကြီး)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013