DVB Logo
Home
မြန်မာသတင်း
ပြောင်းလဲနေသည့် ယနေ့ သီးနှံဈေးနှုန်းများ
DVB
·
March 8, 2018
ပြောင်းလဲနေသည့် ယနေ့ သီးနှံဈေးနှုန်းများ
Donate to DVB

မတ်ပဲ
ရန်ကုန် ဘုင့်နောင်ကုန်စည်ဒိုင်မှာ မတ်ပဲက ပိဿာ ၆၀ ဝင် တအိတ်ကို ငွေကျပ် ၄၈,၁၀၀ ပေါက်ဈေးရှိပြီး တအိတ်ကို ၁၀၀ ကျပ် ဈေးတက်လာပါတယ်။ မန္တလေး ပွဲစားကုန်သည်စက်ပိုင်အသင်းမှာတော့ မတ်ပဲအသစ် တအိတ်ကို ၄၅,၀၀၀ ကျပ်ကနေ ငွေကျပ် ၄၈,၀၀၀ ပေါက်ဈေးရှိပြီး ဈေးအပြောင်းအလဲ မရှိပါဘူး။ ရန်ကုန်နဲ့ မန္တလေး ကုန်စည်ဒိုင် တအိတ်ကို ၁၀၀ ကျပ် ဈေးကွာခြားမှု ရှိပါတယ်။

ပဲစင်းငုံနီ
ရန်ကုန် ဘုရင့်နောင်ကုန်စည်ဒိုင်မှာ ပဲစင်းငုံနီက တအိတ်ကို ၃၈,၉၀၀ ကျပ် ပေါက်ဈေးရှိပြီး တအိတ်ကို ၂၀၀ ကျပ် ဈေးတက်လာပါတယ်။ မန္တလေး ပွဲစားကုန်သည်စက်ပိုင်အသင်းမှာတော့ ပဲစင်းငုံအသစ် တအိတ်ကို ၃၅,၀၀၀ ကျပ်ကနေ ၃၆,၀၀၀ ကျပ် ပေါက်ဈေးရှိပြီး တအိတ်ကို ၂,၀၀၀ ကျပ် ဈေးတက်လာပါတယ်။ ရန်ကုန်နဲ့ မန္တလေး ကုန်စည်ဒိုင် တအိတ်ကို ၂,၉၀၀ ကျပ် ဈေးကွာခြားမှု ရှိပါတယ်။

မြေထောက်ပဲ
မန္တလေး ပွဲစားကုန်သည်စက်ပိုင်အသင်းမှာ မြေထောက်ပဲက တအိတ်ကို ၉၀,၀၀၀ ကျပ်ကနေ ငွေကျပ် ၁၀၆,၀၀၀ ပေါက်ဈေးရှိပြီး တအိတ်ကို ၁,၀၀၀ ကျပ် ဈေးတက်လာပါတယ်။ မုံရွာကုန်စည်ဒိုင်မှာတော့ တအိတ်ကို ၈၄,၀၀၀ ကျပ်ကနေ ငွေကျပ် ၉၆,၀၀၀ ပေါက်ဈေးရှိပါတယ်။ မန္တလေးနဲ့ မုံရွာကုန်စည်ဒိုင် တအိတ်ကို ၁၂,၀၀၀ ကျပ် ဈေးကွာခြားမှု ရှိပါတယ်။

ကုလားပဲ
မန္တလေး ပွဲစားကုန်သည်စက်ပိုင်အသင်းမှာ ကုလားပဲ v2 က ၅၇.၂၅ ပိဿာဝင် တအိတ်ကို ၇၃,၀၀၀ ကျပ်ကနေ ငွေကျပ် ၇၆,၀၀၀ ပေါက်ဈေးရှိပြီး တအိတ်ကို ၂,၀၀၀ ကျပ် ဈေးတက်လာပါတယ်။ ပခုက္ကူကုန်စည်ဒိုင်မှာတော့ တအိတ်ကို ၇၄,၁၀၀ ကျပ် ပေါက်ဈေးရှိပြီး တအိတ်ကို ၁,၈၀၀ ကျပ် ဈေးကျဆင်းသွားပါတယ်။ မန္တလေးနဲ့ ပခုက္ကူကုန်စည်ဒိုင် တအိတ်ကို ၁,၄၀၀ ကျပ် ဈေးကွာခြားမှု ရှိပါတယ်။

ထောပတ်ပဲ
မန္တလေး ကုန်စည်ဒိုင်မှာ ထောပတ်ပဲက တအိတ်ကို ၉၃,၅၀၀ ကျပ်ကနေ ငွေကျပ် ၁၁၀,၀၀၀ ပေါက်ဈေးရှိပြီး ပခုက္ကူကုန်စည်ဒိုင်မှာတော့ တအိတ်ကို ၉၅,၄၀၀ ကျပ် ရှိပါတယ်။ မန္တလေးနဲ့ ပခုက္ကူကုန်စည်ဒိုင် တအိတ်ကို ၁၄,၆၀၀ ကျပ် ဈေးကွာခြားမှု ရှိပါတယ်။

ကြက်သွန်နီ
ပခုက္ကူကုန်စည်ဒိုင်မှာတော့ ကြက်သွန်နီက တပိဿာကို ၄၀၀ ကျပ်ကနေ ၉၀၀ ကျပ် ပေါက်ဈေးရှိပါတယ်။ မြင်းခြံကုန်စည်ဒိုင်မှာတော့ တပိဿာကို ၄၀၀ ကျပ်ကနေ ၁,၁၀၀ ကျပ် ပေါက်ဈေးရှိပြီး ၁၀၀ ကျပ် ဈေးကျဆင်းသွားပါတယ်။ ပခုက္ကူနဲ့ မြင်းခြံကုန်စည်ဒိုင် တပိဿာကို ၂၀၀ ကျပ် ဈေးကွာခြားမှု ရှိပါတယ်။

ဖော်ပြပါသီးနှံတွေထဲက ကြက်သွန်နီကတော့ ဈေးဆက်ကျဆင်းနေပါတယ်။ ကုန်စည်ဒိုင်တွေကို နယ်အသီးသီးက အဝင်များလာတဲ့အတွက် ကြက်သွန်က ဈေးကျတာ ဖြစ်တယ်လို့ သိရပါတယ်။ ပြည်တွင်း ကြက်သွန်နီက လက်တလောမှာ ဈေးချိုချိုနဲ့ ဈေးကွက်ထဲကို အဆမတန် ဝင်ရောက်နေတဲ့အတွက် တရုတ်ကြက်သွန်နီတွေက အရောင်းအဝယ် မရှိသလောက် နည်းနေတယ်လို့လည်း ကုန်သည်တွေဆီက သိရပါတယ်။ ပြီးခဲ့တဲ့အပတ်နဲ့ နှိုင်းယှဉ်ရင် တပိဿာ ၂၀၀ ကျပ်ကျော် ဈေးကျဆင်းသွားပါတယ်။

အခု ဖော်ပြသွားတဲ့ သီးနှံဈေးနှုန်းတွေက အချိန်နဲ့အမျှ ပြောင်းလဲမှုတွေ ရှိနိုင်ပါတယ်။

သတင်း - AMIA

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013