DVB Logo
Home
မြန်မာသတင်း
တနင်္သာရီတိုင်းတွင်း သိမ်းဆည်းခံမြေကိစ္စ ဒေသခံများရှင်းလင်း  
DVB
·
March 8, 2018
တနင်္သာရီတိုင်းတွင်း သိမ်းဆည်းခံမြေကိစ္စ ဒေသခံများရှင်းလင်း  
Donate to DVB

 

တနင်္သာရီတိုင်းဒေသကြီးအတွင်း သိမ်းဆည်းခံမြေတွေနဲ့ ပတ်သက်ပြီးဒေသခံတွေက မတ်လ ၈ ရက်နေ့မှာ မြိတ်မြို့ ကျောက်ဖျာမြို့သစ် စီမံကိန်းအနီးရှိ ဂတ်တောင် ဘုန်းတော်ကြီးကျောင်းမှာ သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့ပါတယ်။

ကျောက်ဖျာကျေးရွာမှ ဦးတူးတူးလတ်က “၂၀၀၄ ခုနှစ်ကတည်းက ဧက ၅၆၀၀ ကျော်ကို ဥပဒေနဲ့မညီပဲ  သိမ်းဆည်းခံခဲ့ရတယ်။ အရင်အစိုးရ လက်ထက်ကတည်းက သိမ်းထားတယ်။ အခုပြည်သူ တင်ထားတဲ့ အစိုးရတက်လာတဲ့အခါ ကျနော်တို့ပြည်သူတွေကို ငဲ့ကြည့်မယ်လို့ ယုံကြည်ခဲ့တယ်။ သိမ်းဆည်းမြေတွေ ပြန်လည်စိစစ်ရေးကော်မတီနဲ့ ရှိသမျှကော်မတီတွေကို တင်ပြခဲ့ပေမယ့် မအောင်မြင်ခဲ့ဘူး။ ၂၀၁၆ မေလတုန်းကလည်း နိုင်ငံတော်သမ္မတအထိ တင်ပြထားခဲ့ဖူးပါတယ်။ အခု ၁ လပိုင်းမှာ စီမံဘဏ္ဍာဝန်ကြီးက ပြန်လည်စွန့်လွှတ်ဖို့ အစီအစဉ် မရှိဘူးလို့ ဖြေခဲ့တယ်။ အိမ်ထောင်စုပေါင်း ၁၅၀၀ကျော် လူဦးရေပေါင်း ၅၀၀၀ကျော် ရွာပေါင်း ၅ ရွာရှိတယ်။ သိမ်းဆည်းခံရတဲ့မြေကို ပြန်လည် လိုချင်ပါတယ်"လို့ ပြောပါတယ်။

ကျောက်ဖျာမြို့သစ်စီမံကိန်းကို စစ်အစိုးရလက်ထက်က ကုန်လှေတွေ၊ ငါးဖမ်းလှေတွေ ၀င်ထွက်ဆိုက်ကပ်ဖို့နဲ့ စက်မှုစီမံကိန်းတွေ ပြုလုပ်ဖို့ တည်ထားခဲ့တာပါ။

ဒေသခံတွေက နစ်နာတာတွေကို တင်ပြပြီး မအောင်မြင်တဲ့ စီမံကိန်းကို နှစ်ပေါင်းများစွာ ပစ်ထားမယ့်အစား လယ်ယာလုပ်ငန်းတွေ ပြန်လည်လုပ်ပိုင်ခွင့်ပြုဖို့ တင်ပြထားခဲ့တယ်လို့ သိရတယ်။

"တကယ်တမ်းသိမ်းဆည်းတာ ဧက ၅၆၀၀၊ အသုံးပြုတာက ၁၀၀ ဧကသာရှိတယ်၊ ဘယ်လိုဖွံ့ဖြိုးရေးပဲလုပ်လုပ်ပြည်သူတွေနှင့် ပူးပေါင်းပြီးဆောင်ရွက်ပေးသင့်ပါတယ်။ အရင်စီမံကိန်းအတိုင်း သွားမယ်ဆိုရင်ဘယ်လိုမှ လက်မခံလိုပါဘူး။ စစ်တပ်ကစွန့် လွှတ်တယ်၊ နိုင်ငံတော်က ပြန်သိမ်းထားတယ်။ ဧက ၅၆၀၀ အပြင်လွတ်လွတ်ရွာမှာလည်း ပုစွန်ကန်တွေ အတွက်ဆိုပြီး သိမ်းဆည်းလိုက်တာကလည်း ဧက ၁၀၀ ကျော်တယ်"လို့ ဦးတူးတူးလတ်က ဆိုပါတယ်။

သတင်းစာရှင်းလင်းပွဲမှာ ထားဝယ်နဲ့ ကော့သောင်းခရိုင်က ဒေသခံတွေလည်း သိမ်းဆည်းခံထားရတဲ့ မြေယာတွေနဲ့ပတ်သက်ပြီး ရှင်းလင်းခဲ့ကြသလို မြိတ်ခရိုင်၊ ထားဝယ်ခရိုင်၊ ကော့သောင်းခရိုင်ရှိ မြေသိမ်းဆည်းခံထားရတဲ့ ဒေသခံတွေ တက်ရောက်ခဲ့ကြပါတယ်။

မြတ်ထွဋ် (မြိတ်)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013