DVB Logo
Home
မြန်မာသတင်း
ဆော်ဒီအာရေဗျနိုင်ငံက မြန်မာ့ပင်လယ်စာများကို ပိတ်ပင်သည့်ကိစ္စ ဒုသမ္မတထံ တင်ပြ
DVB
·
March 8, 2018
ဆော်ဒီအာရေဗျနိုင်ငံက မြန်မာ့ပင်လယ်စာများကို ပိတ်ပင်သည့်ကိစ္စ ဒုသမ္မတထံ တင်ပြ
Donate to DVB

 

ဆော်ဒီအာရေဗျနိုင်ငံက မြန်မာ့ ငါး၊ ပုစွန် တင်သွင်းမှု ယာယီရပ်ဆိုင်းလိုက်တာကို အစိုးရချင်း ညှိနှိုင်းဆောင်ရွက်ပေးဖို့ မြန်မာနိုင်ငံရေထွက်ပစ္စည်း ထုတ်လုပ်သူများနှင့်ပို့ကုန် လုပ်ငန်းရှင်များအသင်းက ဒုတိယသမ္မတ ဦးမြင့်ဆွေထံ တင်ပြထားပါတယ်။

ရန်ကုန်မြို့ UMFCCI မှာ မတ်လ ၇ ရက်က ဒုသမ္မတနဲ့ လုပ်ငန်းရှင်တွေ တွေ့ဆုံပွဲမှာ အခုလိုတင်ပြခဲ့တာပါ။

မြန်မာ့ငါးအဓိကတင်ပို့တဲ့ အရှေ့အလယ်ပိုင်းဈေးကွက်ထဲက ဆော်ဒီအာရေဗျနိုင်ငံက ကျန်းမာရေးနှင့်သန့်ရှင်းမှုဆိုင်ရာ စံချိန်စံညွှန်းအကြောင်းပြပြီး ဗီယက်နမ်၊ မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်  ၃ နိုင်ငံကနေ ငါးဝယ်ယူတင်သွင်းမှုကို ဧပြီ ၁ ရက်နေ့ကစပြီး ယာယီ ရပ်ဆိုင်းမယ်လို့ ကြေညာထားပါတယ်။

မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဦးဝင်းကြိုင်က “ဆော်ဒီက ဗီယက်နမ်က စက်ရုံတွေကိုသွားစစ်ပြီး သူတို့သတ်မှတ်နဲ့မကိုက်ညီလို့ ရပ်ဆိုင်းလိုက်တယ်။ တဆက်တည်း သူတို့နိုင်ငံကိုတင်သွင်းနေတဲ့ မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်ကိုပါ ပိတ်လိုက်တယ်။ ဒါပေမယ့် ဘင်္ဂလားရှ်ဆိုရင် သူ့တို့ကုန်တွေကိုစစ်ပါ။ ကုန်သွယ်မှုကိုမရပ်ဖို့ အစိုးရချင်း ညှိနှိုင်းနေ တယ်။ ကျနော်တို့လည်း ဒီလို ဖြစ်စေချင်တာပါ” လို့ ပြောပါတယ်။

ဆော်ဒီအာရေဗျနိုင်ငံကို ငါးတင်ပို့မှုကနေ နှစ်စဉ်အမေရိကန်ဒေါ်လာ ၂၅ သန်းနဲ့ သန်း ၃ဝ ကြား ရရှိနေတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013