DVB Logo
Home
မြန်မာသတင်း
ပုသိမ်ကြီးမြို့နယ်တွင် ဖောက်ခွဲရေးပစ္စည်းအများအပြား ဖမ်းဆီးရမိ
DVB
·
March 8, 2018
ပုသိမ်ကြီးမြို့နယ်တွင် ဖောက်ခွဲရေးပစ္စည်းအများအပြား ဖမ်းဆီးရမိ
1 / 2
Donate to DVB

 

မန္တလေးတိုင်းဒေသကြီး ပုသိမ်ကြီးမြို့နယ်မှာ  ဖောက်ခွဲဖျက်ဆီးရာမှာ အသုံးပြုတဲ့ လျှပ်စစ်ဒီတိုနေတာ(ကတ်သီး)ကြိုး ၆၆၇၀၀ ချောင်း၊ ယမ်းပျော့ ၁၉၁၉၀ ချောင်းနဲ့ ယမ်းကြိုးပါ မီးရှို့ဒီတိုနေတာ ၄၅၀၀ ချောင်းတို့ကို သိမ်းဆည်းရမိတယ်လို့ ပြည်ထဲရေးက ထုတ်ပြန်ပါတယ်။

မတ်လ ၆ ရက် မနက် ၁၁နာရီက  ပုသိမ်ကြီးမြို့နယ်၊ (၁၆)မိုင်ကျောက်ချော စစ်ဆေးရေး ဂိတ်မှာ မြန်မာနိုင်ငံရဲတပ်ဖွဲ့နဲ့ အကောက်ခွန်ပူးပေါင်းအဖွဲ့က လားရှိုးမြို့မှ မန္တလေးဘက်သို့  ဝင်းတင် (၄၆ နှစ်)မောင်းနှင်လာတဲ့ Nissan (၆) ဘီးယာဉ်ကို ရပ်တန့်စစ်ဆေးရာကနေ တွေ့ရှိခဲ့တာပါ။

ယာဉ်ပေါ်မှာ ကျောက်မီးသွေးတွေနဲ့ ဖုံးအုပ်ထားတဲ့ ဆာလာအိတ်တွေထဲက လျှပ်စစ်ဒီတိုနေတာ(ကတ်သီး)ကြိုး ၆၆၇၀၀ ချောင်း၊ ယမ်းပျော့ ၁၉၁၉၀ ချောင်း၊ ယမ်းကြိုးပါမီးရှို့ဒီတိုနေတာ ၄၅၀၀ ချောင်းတွေ့ရှိ သိမ်းဆည်းရမိခဲ့တယ်လို့ ယာဉ်မောင်းဝင်းတင်ကို အုန်းချော နယ်မြေရဲစခန်းက ပေါက်ကွဲပုဒ်မ ၅နဲ့  အမှုဖွင့်ပြီး ကွင်းဆက်တရားခံတွေ ဖမ်းဆီးရမိဖို့ စုံစမ်းနေတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013