DVB Logo
Home
မြန်မာသတင်း
တစညပါတီ အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ ကျင်းပ
DVB
·
March 8, 2018
တစညပါတီ အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ ကျင်းပ
1 / 6
Donate to DVB

 

တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီက မတ်လ ၈ ရက်မှာ ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ အထိမ်းအမှတ် တက္ကသိုလ်ရိပ်သာလမ်း  ပါတီဌာနချုပ်မှာ သဘောထားရပ်တည်ချက် ၆ ချက်ကို ထုတ်ပြန်ပြီး ကျင်းပခဲ့ပါတယ်။

ပါတီအနေနဲ့ တကမ္ဘာလုံးကအမျိုးသမီးထု စွမ်းရည်မြင့်မားရေးနဲ့ ၂၀၁၈ ကုလဦးတည်ချက်ဖြစ်တဲ့ အမျိုးသမီးများဘဝမြှင့်တင်ဖို့ ကျေးလက်မြို့ပြ တက်ကြွ လှုပ်ရှားသူများ ပူးပေါင်းလို့ယခုပင်ကြိုးပမ်းကြစို့ဆိုတဲ့ဆောင်ပုဒ်ကိုအားပေးတဲ့အပြင် ကုလသမဂ္ဂ ပြဌာန်းထားတဲ့ CEDAW သဘောတူစာချုပ်ပါ အမျိုးသမီးအခွင့်အရေးတွေကို မြန်မာ့ရေမြေ သဘာဝနဲ့ အညီလက်ခံကျင့်သုံးသွားမယ်လို့ဆိုပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံမှာ အလုပ်ရှားပါးတာ၊ လူကုန်ကူးခံရတာတွေ၊ ကုန်ဈေးနှုန်းမြင့်မားနေ တာတွေအပါအဝင် သက်ငယ်မုဒိမ်းမှုကျူးလွန်သူတွေကို ပြင်းထန်တဲ့ ပြစ်ဒဏ်ပြဌာန်းပေးဖို့နဲ့ နေ့စဉ် အသက်အရွယ်မရွေး အကြမ်းဖက်ခံနေရတာတွေကို လျော့နည်းပပျောက်အောင် အစိုးရ အနေနဲ့ ထိရောက်တဲ့ အစီအမံတွေ ချမှတ်ပေးဖို့ တိုက်တွန်းထားတဲ့ သဘောထားထုတ်ပြန်ချက် ၆ ချက်ကို တစညပါတီက ထုတ်ပြန်ခဲ့ပါတယ်။

အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ကို တစညပါတီက ၂၀၁၃ က စတင်ကျင်းပလာတာ ဖြစ်ပြီး ဒီနေ့လည်း  နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးနဲ့ အမျိုးသမီးတွေရဲ့ အခန်းကဏ္ဍ အကြောင်း စာတမ်းဖတ်ကြားတင်သွင်းခဲ့သလို ရန်ကုန်တိုင်းအတွင်းက ခရိုင်ပါတီဝင်တွေရဲ့ မိသားစုတွေက ဖျော်ဖြေတင်ဆက်ခဲ့ကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013