DVB Logo
Home
မြန်မာသတင်း
မဟာချိုင်တွင် ၇ နှစ်ရွယ် မိန်းကလေးအား မုဒိမ်းမှုကျူးလွန်သည့် မြန်မာတဦးကို ဖမ်းဆီး
DVB
·
March 8, 2018
မဟာချိုင်တွင် ၇ နှစ်ရွယ် မိန်းကလေးအား မုဒိမ်းမှုကျူးလွန်သည့် မြန်မာတဦးကို ဖမ်းဆီး
Donate to DVB

ထိုင်းနိုင်ငံ၊ ဆမွတ်ဆာခွန်းခရိုင်၊ မဟာချိုင်မြို့ ထချလုံနယ်မြေထဲမှာ အသက် ၇ နှစ်ရွယ် မိန်းကလေးငယ်ကို မုဒိမ်းမှုကျူးလွန်ခဲ့တဲ့ မြန်မာအလုပ်သမားတဦးကို အလုပ်သမားစောင့်ရှောက် ကူညီရေးအဖွဲ့နဲ့ ထိုင်းရဲတွေ ပူးပေါင်းဖမ်းဆီးခဲ့ပါတယ်။

မိဘတွေက အလုပ်သွားလုပ်စဉ်  ၇ နှစ်ရွယ် မြန်မာမိန်းကလေးကို ကလေးထိန်းထံ အပ်နှံ ခဲ့ရာမှာ ကလေးထိန်းအမျိုးသမီးရဲ့ အမျိုးသားဖြစ်သူက အကြိမ်ကြိမ်မုဒိမ်းကျင့်ခဲ့တဲ့အတွက် အဆိုပါ အမျိုးသားကို ဖမ်းဆီးအရေးယူပေးဖို့ မိဘတွေက အကူအညီတောင်းခဲ့တာလို့  အေအေစီ အလုပ်သမားကူညီစောင့်ရှောက်ရေးမဟာမိတ်အဖွဲ့ (ယာယီဖျက်သိမ်း) တာဝန်ခံ ကိုရဲမင်းက ဒီဗွီဘီကို ပြောပါတယ်။

“မိဘတွေ အလုပ်သွားတော့ ကလေးကို တနေ့ ၁၀၀ ပေးပြီး ကလေးထိန်းနဲ့ အပ်ခဲ့တာ။ မိန်းမက ကလေးထိန်းပြီး ယောကျာ်းက ကလေးကို စော်ကားတာပါခင်ဗျ။ ဖြစ်တာကတော့ အရင်လကတည်းကပေါ့နော်။ ဒါပေမယ့် မိဘတွေက ကျနော်တို့အဖွဲ့အစည်းနဲ့ တနေ့ကမှ အဆက်အသွယ်ရလို့ ကျနော်တို့လည်း ရဲစခန်းကိုတိုင်ကြားပြီး  မနေ့က ထိုင်းရဲတွေနဲ့အတူ သွားဖမ်းခဲ့ပါတယ်။ စော်ကားတဲ့သူကလည်း ၀န်ခံတယ်။ ဆေးရုံဆေးစစ်ချက်မှာလည်း ကလေး မလေးရဲ့ မိန်းမကိုယ်မှာ ယောင်ယမ်းနေတာ။ အတွင်းမှာ စုတ်ပြတ်ပြီး အနာဖြစ်နေတာတွေ တွေ့တယ်။ ဘယ်နေ့ဘယ်ရက်မှာ ဘယ်နှစ်ကြိမ် ကျူးလွန်ခဲ့သလဲဆိုတာတော့ ရဲစခန်းက ထပ်ပြီး အသေးစိတ်စစ်ဆေးဦးမှာပါ။”

မိန်းကလေးအား မုဒိမ်းမှုကျူးလွန်သူမှာ အသက် ၄၅ နှစ်ရွယ်ရှိ  ကိုမွန် ခေါ် ကိုရှည်ကြီး ဆို သူဖြစ်ပြီး မွန်ပြည်နယ် မုဒုံကဖြစ်ကာ လက်ရှိမဟာချိုင် ငါးပုစွန်လုပ်ငန်းမှာ အလုပ်လုပ်နေ သူတဦး ဖြစ်တယ်လို့ ဆိုပါတယ်။

အေအေစီမဟာမိတ် (ဖျက်သိမ်း) အဖွဲ့အနေနဲ့ ကိုမွန်အား တရားစွဲဆိုမှုတွေမှာ မိဘတွေ ဘက်ကနေရပ်တည်ပြီး လိုအပ်သလို ဆက်လက်အကူအညီပေးသွားမယ်လို့ ကိုရဲမင်းက ပြောသွားပါတယ်။

ထိုင်းဥပဒေအရ အရွယ်မရောက်သေးတဲ့ (အသက် ၁၅ နှစ်အောက်) ကလေးတွေကို မုဒိမ်းမှုကျူးလွန်တယ်ဆိုရင် ထောင်ဒဏ်အနည်းဆုံး ၇  နှစ်မှ အများဆုံးနှစ် ၂၀ နဲ့ ငွေဒဏ် ဘတ် ၁၄၀၀၀ မှ ၄ သောင်းထိ၊ ဒါမှမဟုတ် ထောင်ဒဏ်ရော ငွေဒဏ်ပါ နှစ်ရပ်လုံး၊ အမှုကြီးလေးပါက ထောင်ဒဏ်တသက်  ကျခံရမှာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013