DVB Logo
Home
မြန်မာသတင်း
ရန်ကုန်လေဆိပ်၌ ဟောင်ကောင်မှ သယ်လာသည့် ရွှေထည်ပစ္စည်းများ တွေ့ရှိ
DVB
·
March 8, 2018
ရန်ကုန်လေဆိပ်၌ ဟောင်ကောင်မှ သယ်လာသည့် ရွှေထည်ပစ္စည်းများ တွေ့ရှိ
Donate to DVB

ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှာ ဟောင်ကောင်ကနေ ခရီးသည်တဦး သယ်လာတဲ့ ရွှေထည်ပစ္စည်းတွေကို အကောက်ခွန်မဲ့ပစ္စည်းတွေအဖြစ် စစ်ဆေးတွေ့ရှိခဲ့တယ်လို့ ပြည်ထဲရေးက သတင်းထုတ်ပါတယ်။

မတ်လ ၇ ရက် ညနေက ရန်ကုန်လေဆိပ်သို့ တရုတ်နိုင်ငံ ဟောင်ကောင်လေဆိပ်မှ မြန်မာအမျိုးသားလေကြောင်းလိုင်းနဲ့ လိုက်ပါလာတဲ့ ခရီးသည် မြန်မာနိုင်ငံသူ မသင်းသင်းခိုင် (၃၆-နှစ်)ရဲ့ ခရီးဆောင်အိတ်တွေကို  Terminal-2 ပြည်ပဆိုက်ရောက်ဆောင်မှာ X-Ray စက်နဲ့ စစ်ဆေးစဉ် ရွှေလို့ ယူဆရတဲ့ ပုံရိပ်တွေ့ရှိလို့ ရန်ကုန်လေဆိပ်အကောက်ခွန်ဦးစီးဌာနရုံးကို ခေါ်ဆောင်စစ်ဆေးခဲ့တာပါ။

စစ်ဆေးရာမှာ ရွှေဆွဲကြိုးကြီး/ သေး ၅ ကုံး၊ ဘယက် ၇ ကုံး၊ လက်ကောက် ၁ ကွင်း၊ ဟန်းချိန်း ၃ ကွင်း၊ နားဆွဲ ၇ စုံနဲ့  ၁ ဖက်၊ လက်စွပ် ၃ ကွင်း တို့ကို တွေ့ရှိခဲ့ပြီး အကောက်ခွန်မဲ့ ပစ္စည်းတွေ ဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက်လို့ ၁၄ ရက်အတွင်း တရားဝင်တင်သွင်းခွင့် အထောက်အထားစာရွက်စာတမ်းတွေနဲ့အတူ ထုချေရှင်းလင်းဖို့ ရှင်းလင်းပြောကြားပြီး မသင်းသင်းခိုင်ကို အိမ်ပြန်လွှတ်ခဲ့တယ်လို့ ဆိုပါတယ်။

အလားတူ မတ်လ ၄ ရက် ညနေကလည်း ရန်ကုန်လေဆိပ် Terminal-1 ပြည်ပ ဆိုက်ရောက်ဆောင်မှာ Dragon Air လေကြောင်းလိုင်းနဲ့ ဟောင်ကောင်မှ ရန်ကုန်လေဆိပ်သို့ လိုက်ပါလာတဲ့ ခရီးသည် မြန်မာနိုင်ငံသား ဇော်မင်းသူ (၃၅-နှစ်)နဲ့ ဇနီး မမိုင်မိုင်ဝင်းချိန်တို့ရဲ့ ခရီးဆောင်အိတ်တွေကို X-Ray စက်မှာ ဖြတ်သန်းစဉ် ရွှေဖြူလို့  ယူဆရရတဲ့ ပုံရိပ်တွေ့ရှိလို့ ခေါ်ယူစစ်ဆေးခဲ့တယ်လို့ သိရပါတယ်။

စစ်ဆေးရာမှာ အိတ်တွေထဲကနေ အမေရိကန်ဒေါ်လာ ၇၁၂၉၀ တန်ဖိုးရှိ ဆွဲကြိုး ၉၄၁ ကုံး၊ လက်ကောက် ၂၂၀ ကွင်း၊ ဟန်းချိန်း ၁၁၅ ခု၊ လက်စွပ် ၁၆၃ ကွင်း၊ နားကပ် ၁၃၇ ရန်နဲ့ ဆွဲသီး ၁၃၇ ခုတို့အား တွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။

အဆိုပါလက်ဝတ်ပစ္စည်းတွေဟာ ၎င်းတို့ပိုင် ရတနာဆိုင်မှာ  ပြန်လည်ရောင်းချဖို့ ဟောင်ကောင်ကျောက်မျက်ရတနာပြပွဲကနေ  ဝယ်ယူလာတာ ဖြစ်ပေမယ့် အကောက်ခွန်မဲ့ ပစ္စည်းတွေ ဖြစ်နေတာကြောင့်  ၁၄ ရက်အတွင်း တရားဝင်တင်သွင်းခွင့် အထောက်အထားတွေနဲ့ ထုချေရှင်းလင်းဖို့နဲ့ ရှင်းလင်းခြင်းမရှိပါက ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းသွားမယ်လို့  ပြည်ထဲရေးသတင်းမှာ ဖော်ပြပါတယ်။

ဓာတ်ပုံ - ပြည်ထဲရေး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013