DVB Logo
Home
မြန်မာသတင်း
ဆွေမျိုးများ ဖိတ်ခေါ်သဖြင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် သွားရောက်ဟု ဘင်္ဂါလီများ ဝန်ခံ
DVB
·
March 8, 2018
ဆွေမျိုးများ ဖိတ်ခေါ်သဖြင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် သွားရောက်ဟု ဘင်္ဂါလီများ ဝန်ခံ
1 / 3
Donate to DVB

 

မြန်မာနိုင်ငံဘက်မှာ လုပ်ကိုင်စားသောက်ရတာ အဆင်မပြေတာနဲ့ တဖက်နိုင်ငံ ရောက်ရှိနေကြတဲ့ဆွေမျိုးတွေက ဖိတ်ခေါ်တဲ့အတွက် ဆန္ဒအလျှောက် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် ထွက်ခွာသွားရတာဖြစ်တယ်လို့  နေရပ်စွန့်ခွာ ဘင်္ဂါလီတွေ ကပြောပါတယ်။

ရခိုင်ပြည်နယ် ဘူသီး​တောင်​မြို့နယ်​ကနေ နေရပ်စွန့်ခွါပြီး ဘင်္ဂလား​ဒေ့ရှ်​နိုင်​ငံဘက် ထွက်​ခွာဖို့ မောင်​​တောမြို့နယ်​ ဂေါ်ဒူသာရ ကမ်းခြေမှာ ယာယီတဲ့အိမ်တွေ ထိုးနေထိုင်နေကြတဲ့  ဘင်္ဂလီမိသားစုတွေကို မောင်တောခရိုင် အထွေထွေအုပ်ချုပ်ရေးမှူး ဦးရဲထွဋ်နဲ့ မောင်တောခရိုင် ရဲမှူးကြီးထွန်းမြတ်ထွန်းတို့အဖွဲ့က သွားရောက်တွေ့ဆုံစဉ် ပြောကြားခဲ့တာပါ။

တဖက်နိုင်ငံထွက်ပြေးဖို့ စီစဉ်နေတဲ့ ဘင်္ဂါလီခေါင်းဆောင်တဦးက “သဘောဆန္ဒ အလျှောက်သာ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ခွာရတာ ဖြစ်တယ်။ မြန်မာဘက်မှာ လုပ်ကိုင်စားသောက်ရတာ အဆင်မပြေလို့ တောတောင်တွေကိုသွားပြီး ထင်းခုတ် ဝါးခုတ်တဲ့ အလုပ်တွေကို မလုပ်ကိုင်နိုင်တော့ဘူး။  ဒါ့ကြောင့် စားဝတ်နေရေး အဆင်မပြေဖြစ်လာကြပြီး တစ်ဖက်နိုင်ငံသို့ ရောက်နေတဲ့ ဆွေမျိုးတွေကလည်း ဘင်္ဂလားဒေ့ရှ် မှာ နိုင်ငံတကာက အကူအညီအထောက်အပံ့တွေ များစွာပေးနေတယ်၊ မြန်မာဘက်မှာ အဆင်မပြေရင် အချိန်မရွေး လာရောက်နိုင်တယ်၊ တစ်ဖက်နိုင်ငံသို့ ရောက်ရှိအောင် လှေပါစီစဉ်ပေးမယ်လို့  ဖိတ်ခေါ်တာများတယ်"လို့ပြောပါတယ်။

မောင်တောခရိုင်အုပ်ချုပ်ရေးမှူးကတော့ ဘူသီးတောင်သို့ပြန်လိုပါက လုံခြုံရေး စီစဉ်ပေးမှာ ဖြစ်သလို စားနပ်ရိက္ခာအားလုံးကူညီပေးမယ် ပြန်လိုပါသလားလို့ မေးမြန်းရာမှာ ဘင်္ဂလီခေါင်းဆောင်တွေက မိမိတို့ မပြန်လိုတော့ပါကြောင်း အခု ဒီကမ်းခြေက နေပြီး ဘင်္ဂလားဒေ့ရှ်ကိုသာ အရောက်သွားမှာဖြစ်ကြောင်းနဲ့  လိုအပ်တဲ့ စားနပ်ရိက္ခာနဲ့ သောက်ရေတွေကိုလည်း ICRC က လာရောက်ကူညီပေးမယ်လို့ ဆက်သွယ်ထားပါကြောင်း ဖြေကြားခဲ့ပါတယ်။

ဘူးသီးတောင်မြို့နယ် ဖုံညိုလိပ်ကျေးရွာက မာမတ်ဆာဒက်ကတော့ "အေးချမ်းစွာ နေထိုင်လိုတဲ့သူတွေ၊ ဈေးဆိုင်တွေရောင်းစားသူတွေကဘယ်လို့မှ ဘင်္ဂလာဒေ့ရှ်ကိုမသွားပါဘူး။ တနေ့လုပ်တနေ့စား၊ လက်လုပ်လက်စား ကျပန်းလုပ်ကိုင်တဲ့သူတွေကတော့ အခုအချိန်မှာ တောတောင်တွေ၊ သွားမရလာမရဆိုတော့ ထင်းမခုတ်နိုင်ဘူး၊ ဝါးမခုတ်နိုင်ဘူးပေါ့လေ၊ တစ်ဖက်က ဟိုဘက်နိုင်ငံက လူတွေက ဖိအားပေး ခေါ်နေတာတွေရှိနေပါတယ်။ ဟိုမှာက ကူညီထောက်ပံ့မူတွေများများ ရတယ်ပေါ့လေ။ ဒါကြောင့် သူတို့က သွားနေကြတာ" လို့ပြောပါတယ်။

မတ်လ ၇ ရက်က မောင်တောမြို့နယ်၊ ဂေါ်ဒူသာရချောင်းဝပင်လယ်ကမ်းခြေမှာ ရောက်ရှိနေတဲ့ နေရပ်စွန့်ခွာ မွတ်ဆလင် ၆၆၆ ဦးထဲက အမျိုးသား ၁၀၀ဦး၊ အမျိုးသမီး ၁၁၀ ဦး စုစုပေါင်း ၂၁၀ ဦးတို့ဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်သို့ စက်လှေ ၃ စီးနဲ့  ထွက်ခွာသွားပြီး ၄၅၆ဦး ဆက်လက် နေထိုင်နေတယ်လို့ ပြည်ထဲရေးက သတင်းထုတ်ထားပါတယ်။

သတင်း-ဓာတ်ပုံ- မင်းကျော်အောင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013