DVB Logo
Home
မြန်မာသတင်း
ဒဏ်ရာရစစ်သားများသဖြင့် ပုသိမ်စစ်ဆေးရုံ၌ လူနာပြည့်၊ ဟင်္သာတဆေးရုံကို သယ်ယူကုသနေရ ‎
DVB
·
July 24, 2026
Photo: ပုသိမ် ဆေးတပ်ရင်းနှင့် နီးစပ်သူ
Photo: ပုသိမ် ဆေးတပ်ရင်းနှင့် နီးစပ်သူ
Donate to DVB

ဧရာဝတီတိုင်ထဲက တိုက်ပွဲတွေမှာ စစ်အာဏာရှင်တပ်က စစ်သားတွေ ဒဏ်ရာရသူ များပြား နေတာကြောင့် အနောက်တောင်တိုင်းစစ်ဌာနချုပ်ထဲက စစ်ဆေးရုံမှာ ဆေးကုသနေရတဲ့ လူနာပြည့် တဲ့အထိဖြစ်နေလို့ ဟင်္သာဘက်ကို သယ်ယူ ကုသနေရတယ်လို့ သိရပါတယ်။

အနောက်တောင်တိုင်းစစ်ဌာနချုပ် (နတခ) လက်အောက်ရှိ ပုသိမ်ဆေးတပ်ရင်း (မဆရ) ၄ မှာ ဆေးကုသမှုခံယူနေရတဲ့ ဒဏ်ရာရ စစ်အာဏာရှင်တပ်ဖွဲ့ဝင် အယောက် ၂၀၀ ထက်မနည်းရှိနေပြီး သတ်မှတ်လူနာအင်အားထက် ကျော်လွန်နေတာကြောင့် ဟင်္သာတမြို့ပြည်သူ့ဆေးရုံကို သယ်ယူ ကု‌သနေတာလို့ သိရပါတယ်။

ပုသိမ်ဆေးတပ်ရင်းနဲ့နီးစပ်သူက “ပုသိမ်စစ်ဆေးရုံမှာ လူနာပြည့်​နေပြီ။ ရခိုင်ရိုးမအစပ် ကြံခင်းနဲ့ သာပေါင်းတိုက်ပွဲက ဒဏ်ရာရစစ်သားတွေ ဟင်္သာတပြည်သူ့ဆေးရုံကိုသယ်ပြီး ကုသနေရတာလို့ သိရတယ်။ အရေးပေါ်လူနာတွေပါတယ်” လို့ ပြောပါတယ်။

ဧရာဝတီတိုင်းထဲက ကြံခင်း၊ ငါးသိုင်းချောင်း၊ လေးမျက်နှာ၊ ရေကြည်၊ အင်္ဂပူ၊ သာပေါင်းမြို့နယ် တွေမှာ စစ်အာဏာရှင်တပ်နဲ့ အာရက္ခတပ်တော် (AA)၊ ပြည်သူ့ကာကွယ်ရေးတပ်တွေ ထိတွေ့ တိုက်ပွဲတွေ ပြင်းထန်နေတာကြောင့် ဇူလိုင် ပထမအပတ်ကစတင်ပြီး စစ်အာဏာရှင်တပ်ဘက်က ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့ စစ်သားတွေ များပြားနေတာလို့ သိရပါတယ်။

ပုသိမ်မြို့မှ တပ်မိသားစုဝင်တယောက်က “လူနာတွေ တအားကိုများနေတာ။ ဟင်္သာတဘက် မပို့လို့ မရဘူး။ ဒဏ်ရာရ တပ်သားတွေထဲ စစ်မှုထမ်းတပ်သားသစ်တွေလည်းပါတယ်။ သေဆုံးသူတွေ လည်း မနည်းဘူး” လို့ ပြောပါတယ်။

လတ်တလောအနေနဲ့ ဟင်္သာတပြည်သူ့ဆေးရုံဘက် သယ်ယူကာ ကုသပေးနေရတဲ့ စစ်အာဏာရှင် တပ်သားတွေထဲမှာ တပ်ရင်းမှူး၊ ဗိုလ်ကြီး၊ ဗိုလ်မှူးအဆင့်တွေပါဝင်ပြီး ပြင်းထန်ဒဏ်ရာ ရရှိသူတွေ လည်း ရှိတယ်လို့ သိရပါတယ်။

ဒဏ်ရာရ စစ်အာဏာရှင်တပ်သားတွေထဲ သေဆုံးသူတွေလည်း ရှိတာကြောင့် ပုသိမ်မြို့က ရွှေမြင်တင်သုဿန်မှာ ညဘက်တွေပါမကျန် တိတ်တဆိတ်သင်္ဂြိုဟ်နေကြတယ်လို့ ဒေသခံတွေဆီ က သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013