DVB Logo
Home
မြန်မာသတင်း
နေပြည်တော်ငလျင်ဒဏ်ကြောင့် စေတီ ၁ ဆူ စိန်ဖူးတော်မြေခ၊ ကျေးလက်ဆေးခန်းပြိုကျ
DVB
·
March 8, 2018
နေပြည်တော်ငလျင်ဒဏ်ကြောင့် စေတီ ၁ ဆူ စိန်ဖူးတော်မြေခ၊ ကျေးလက်ဆေးခန်းပြိုကျ
Donate to DVB

 

နေပြည်တော်မှာ မတ်လ ၈ ရက်မနက်အစောပိုင်းက လှုပ်ခဲ့တဲ့ငလျင်ဒဏ်ကြောင့် စေတီတော်တစ်ဆူ အောက်ပိုင်းပြိုကျကာ စိန်ဖူးတော်မြေခသွားပြီး ကျေးလက်ဆေးပေးခန်း တခု ပြိုကျပျက်စီးခဲ့ပါတယ်။

ငလျင်ကြောင့် ဥတ္တရသီရိမြို့နယ် မိုးစွေကျေးရွာ ရွာလယ်ရှိ ၄၅ ပေ ဉာဏ်တော်အမြင့်ရှိ စေတီတော်ကြီးရဲ့ တောင်ဘက်အခြမ်း အောက်ပိုင်းပြိုကျခဲ့တယ်၊ အရှေ့ တောင်ထောင့် အရပ်က ဉာဏ်တော် ၉ ပေရှိ အရန်စေတီတော်တစ်ဆူ ပြိုကျပျက်စီးပြီး၊ မင်းကုန်းအုပ်စု မအူလေးပင်ကျေးရွာက (၅၅) ပေ ဉာဏ်တော်ရှိ မိုးကောင်းစေတီ စိန်ဖူးတော် မြေခခဲ့တယ်လို့ ခရိုင်ပြန်ဆက်ရုံးက သတင်းထုတ်ပါတယ်။

ဒါ့အပြင် ရွှေနံသာရပ်ကွက်ရှိ ပေ ၃၀- ၂၀ အကျယ်ရှိ အုတ်ခင်း၊ အုပ်ကာ သွပ်မိုးဆေးပေးခန်းရဲ့ တောင်ဘက်အခြမ်း အုတ်နံရံတချပ် ပြိုကျပျက်စီးခဲ့တယ်လို့လည်း သတင်းမှာ ဖော်ပြပါတယ်။

ရစ်ခ်ျတာစကေး (၅.၅) ရှိ အင်အား အသင့်အတင့်ရှိတဲ့ ငလျင်ဟာ ဒီမနက် ၃ နာရီ ၄၃ မိနစ်လောက်က နေပြည်တော်မြေငလျင်စခန်းက အနောက်မြောက်ဘက် (၁၂) မိုင်ခန့်ကွာဝေးတဲ့ ဥတ္တရသီရိမြို့နယ်၊ တောင်ညိုကျေးရွာအုပ်စု၊ မရမ်းခုံကျေးရွာရဲ့ အနောက်ဘက် မြဝတီရုပ်မြင်သံကြား ထပ်ဆင့်လွှင့်စက်ရုံရဲ့  မြောက်ဘက်ကို ဗဟိုပြုလှုပ်ခဲ့တာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013