DVB Logo
Home
မြန်မာသတင်း
သစ်ချောက် ကျောက်မီးသွေးမိုင်းတွင် သေဆုံးခဲ့သည့် တရုတ်အမျိုးသားအလောင်းကို မီးသင်္ဂြိုဟ်
DVB
·
March 8, 2018
သစ်ချောက် ကျောက်မီးသွေးမိုင်းတွင် သေဆုံးခဲ့သည့် တရုတ်အမျိုးသားအလောင်းကို မီးသင်္ဂြိုဟ်
Donate to DVB

ကလေးဝမြို့နယ် သစ်ချောက် ကျောက်မီးသွေးမိုင်းအတွင်း အောက်စီဂျင် ပြတ်တောက်မှုကြောင့် Yu Chin Gyou ဆိုတဲ့ တရုတ်နိုင်ငံသားတဦး သေဆုံးခဲ့ပြီး အဲဒီ တရုတ်နိုင်ငံသားရဲ့ ရုပ်အလောင်းကို သေဆုံးပြီး ၇ ရက်မြောက်နေ့ မတ်လ ၈ ရက်နေ့မှာ မီးသင်္ဂြိုဟ်ခဲ့ပါတယ်။

"ရုပ်အလောင်းကို ကျနော်တို့ ဆေးရုံရင်ခွဲတိုက်မှာ ထားတယ်။ တရုတ်ပြည်က သူတို့ မိသားစုကို စောင့်တယ်။ သေဆုံးသူရဲ့ သားနဲ့ သမီး လိုက်လာတယ်။ ခု ဒီနေ့မနက်ပိုင်းမှာ မီးသင်္ဂြိုဟ်ပေးပါတယ်" လို့ ကလေးဝမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဝင်းနိုင်က ပြောပါတယ်။

တရုတ်နိုင်ငံသား Yu Chin Gyou ဟာ မတ်လ ၁ ရက်နေ့က ကလေးဝမြို့နယ် သစ်ချောက် ကျောက်မီးသွေးတွင်းမှာ လုပ်ငန်းခွင်ဝင်စဉ် အောက်စီဂျင်ပြတ်တောက် သေဆုံးခဲ့တာ ဖြစ်ပါတယ်။

"ဒီနေ့ သင်္ဂြိုဟ်ပြီး ညနေ အရိုးကောက်မယ်။ ပြီးရင် မနက်ဖြန် မန္တလေးကို သယ်မယ်။ မန္တလေးကနေမှ တရုတ်ပြည်ကို သယ်ဆောင်ဖို့ စီစဉ်သွားမှာ ဖြစ်တယ်”လို့လည်း ရဲမှူးဝင်းနိုင်က ဆိုပါတယ်။

တရုတ်နိုင်ငံသား သေဆုံးခဲ့တဲ့ မိုင်းတွင်းဟာ ရပ်နားထားတာ ၁ လကျော်ကြာနေပြီး မတ်လ ၁ ရက်နေ့က လုပ်ငန်းစတင်ရာကနေ မိုင်းတွင်း မူးဝေဒဏ်ခံစားကာ သေဆုံးခဲ့ပြီး သူနဲ့အတူ မြန်မာလုပ်သား ၆ ဦးပါ ပါဝင်ခဲ့ပေမယ့် အသက်အန္တရာယ်မဖြစ်ခဲ့ဘူးလို့ သိရပါတယ်။

သတင်း - မင်းရဲစစ်နိုင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013