DVB Logo
Home
မြန်မာသတင်း
တွံတေးတူးမြောင်းရေကို ပြန်သန့်စင်၍ ဒလမြို့နယ်အတွက်သောက်သုံးရေ ဖြန့်ဝေမည်
DVB
·
March 8, 2018
တွံတေးတူးမြောင်းရေကို ပြန်သန့်စင်၍ ဒလမြို့နယ်အတွက်သောက်သုံးရေ ဖြန့်ဝေမည်
Donate to DVB

 

နွေရာသီရောက်တိုင်း သောက်သုံးရေ ရှားပါးမှုဒဏ်ကို နှစ်စဉ်ခံနေရတဲ့ ရန်ကုန် တဖက်ကမ်းရှိ ဒလမြို့နယ်အတွက် တွံတေး တူးမြောင်း ထဲကရေကို ပြန်လည်သန့်စင်ပြီး သောက်သုံးရေ ဖြန့်ဝေပေးမယ့် အစီအစဉ် အခုမတ်လထဲမှာ စတင်ဖို့ရှိနေပါတယ်။

ရေသန့်စင်ကိုတော့ လက်ရှိမှာ ဒလမြို့နယ် ကျောင်းစုရပ်ကွက်မှာ တည်ဆောက်ပြီးစီးနေပြီး တနေ့ကို ရေလီတာ ၂ သိန်းကို စက်ရုံ စတင်လည်ပတ်တဲ့ ၃လနဲ့ ၄ ကြားမှာ  သောက်သုံးရေရှားပါးတဲ့ ရပ်ကွက်တွေကို အဓိက ဦးစားပေးအနေနဲ့ အခမဲ့ ဖြန့်ဝေပေးသွားမယ်လို့ ဆိုပါတယ်။

ဒလမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးထွန်းရင်က “စက်ရုံကတော့ အားလုံးပြီးစီးသွားပြီ။ အဓိကကတော့ ပင်မရေသန့် စက်ရုံမဆောက်ရသေးခင် ယာယီအနေနဲ့ အဆင်ပြေအောင် ဆောင်ရွက်တဲ့အစီအစဉ်ပါ။ ဒလတမြို့လုံးအတွက် ရေသန့်စက်ရုံဆောက်ဖို့ အတွက် မြေနေရာကိုလည်း ရွေးချယ်ထားပြီးပါပြီ။ တိုင်းဒေသကြီး အစိုးရညွန်ကြားချက်နဲ့ ကုမ္ပဏီနဲ့ ပူးပေါင်းဆောင်ရွက်မှာပါ”လို့ ပြောပါတယ်။

ဒလမြို့နယ်ရပ်ကွက်ပေါင်း ၂၄ ရပ်ကွက်မှာ ရေကန်ပေါင်း ၃၀၀ ကျော်ရှိပြီး ဒီရေကန် ၃၀၀ ကျော်လုံးကတော့ သောက်သုံးဖို့ မသင့်လျော်ဘဲ ဒီရေကန်တွေဟာ မတ်လကုန်မှာ စတင်ခမ်းခြောက်လေ့ရှိတာ ဖြစ်ပါတယ်။

နွေရာသီကာလမှာ ဒလမြို့နယ်ဟာ သောက်သုံးရေအတွက် လာရောက်လှူဒါန်းတဲ့ ရေနဲ့ ရေသန့်ကိုသာ အားထားပြီး သောက်သုံးနေရတာဖြစ်ပါတယ်။

အမှားပြင်ဆင်ချက်

အောက်ဖော်ပြပါ မတ် ၇ ရက်နေ့သတင်းတွင် ဒလမြို့နယ်အတွက် သောက်သုံးရေ ၃ သိန်း အခမဲ့ ဖြန့်ဝေမည်ဟု မှားယွင်းဖော်ပြမိခဲ့ပါသည်။ သတင်းမှန်မှာ တနေ့လျှင် ရေလီတာ ၂ သိန်းကို သောက်သုံးရေ ရှားပါးသော ရပ်ကွက်များတွင် စက်ရုံလည်ပတ်သည့် ၃ လနှင့် ၄ လကြားသာ အဓိက ဖြန့်ဝေသွားမည်ဖြစ်ပါသည်။

http://burmese.dvb.no/archives/257091

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013