DVB Logo
Home
မြန်မာသတင်း
ချောက်​မြို့နယ်​ အိုးဘို​ကျေးရွာတွင် မီး​လောင်​၊ လူ၁၀၀ကျော် အိုးမဲ့အိမ်မဲ့ဖြစ်
DVB
·
March 8, 2018
ချောက်​မြို့နယ်​ အိုးဘို​ကျေးရွာတွင် မီး​လောင်​၊  လူ၁၀၀ကျော် အိုးမဲ့အိမ်မဲ့ဖြစ်
Donate to DVB

မကွေးတိုင်းဒေသကြီး၊ ​ချောက်​မြို့နယ်​၊ ဆားလယ်​​ကျေးရွာအုပ်​စု၊ အိုးဘိုရွာမှာ မနေ့က မီးကျွင်းမီးကျန်​ကနေ စတင်​မီး​လောင်​ကျွမ်းခဲ့ပြီး လူနေအိမ် ၂၀လောက်မီးထဲပါသွားကာ ရွာသား ၁၀၀ ကျော်လောက် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရတယ်လို့ မြို့နယ်မီးသတ်တပ်ဖွဲ့ကသိရပါတယ်။

မတ်လ ၇ရက် မွန်းတည့် ၁၂နာရီလောက်က အိုးဘို​ကျေးရွာ​နေ ဦးတင်​ညွှန့်​​နေအိမ်​ မီးကျွင်းမီးကျန်​ကနေ  စတင်​​လောင်​ကျွမ်းခဲ့ရာမှာ ​နေအိမ်​ အလုံး၂၀၊ ကြက်​၅၃ ကောင်​၊ ဆိတ်​​ကောင်​​ရေ၈၀​၊ ဝက်​၅​ကောင်​၊ ဆိုင်​ကယ်​ ၅စီးနဲ့ စက်​ဘီး ၂ စီး မီး​လောင်​ဆုံးရှုံးခဲ့ပြီး လူဦး​ရေ ၁၀၂ဦး အိုးမဲ့ အိမ်​မဲ့ ဖြစ်​ခဲ့ရကာ ဆုံးရှုးမှုတန်​ဖိုးကတော့ ကျပ် သိန်း ၉၀ လောက်ရှိမယ်လို့ မြို့နယ်​မီးသတ်​က ခန့်မှန်းပါတယ်​။

မီးလောင်မှုကို ​ချောက်​နဲ့ ၊​ရေနံ​ချောင်းမြို့နယ်​က မီးသတ်တပ်ဖွဲ့တွေနဲ့ ​ဒေသခံ ​ကျေးရွာသူ ရွာသားတွေ ပူး​ပေါင်းမီးငြှိမ်းသတ်ရာမှာ မွန်းလွဲ ၁၂ နာရီ ၄၅ လောက်မှာ ​ မီးငြိမ်းသွားခဲ့တယ်​လို့ ​ချောက်​မြို့နယ်​ မီးသတ်​ဦးစီးမှူး  ဦးစိုးညွှန့်​က ​ပြောပါတယ်​။

မီး​ပေါ့ဆသုံးစွဲလို့ မီး​လောင်​ကျွမ်း​စေခဲ့တဲ့ ဦးတင်​ညွှန့်​ကို ​ချောက်​မြို့နယ်​ စ​လေနယ်​​မြေ ရဲစခန်းမှာ ရာဇသတ်​ကြီး ပုဒ်​မ (၂၈၅)နဲ့ အမှုဖွင့် စစ်​​ဆေးအ​ရေးထားပါတယ်​။

ကိုလင်း(​ချောက်​)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013