DVB Logo
Home
မြန်မာသတင်း
ကျောင်းကျန်းမာရေးလုပ်ငန်း ရေရှည်စီမံချက်ဖြင့် လုပ်ဆောင်ရန် အစိုးရကို လွှတ်တော်တိုက်တွန်း
DVB
·
March 8, 2018
ကျောင်းကျန်းမာရေးလုပ်ငန်း ရေရှည်စီမံချက်ဖြင့် လုပ်ဆောင်ရန် အစိုးရကို လွှတ်တော်တိုက်တွန်း
Donate to DVB

အနာဂတ်မှာ ကျန်းမာတဲ့လူငယ်တွေ ပေါ်ထွန်းလာဖို့ ကျောင်းကျန်းမာရေး လုပ်ငန်းစီမံချက်အတွက် နှစ်စဉ် ဘဏ္ဍာငွေ ထည့်သွင်းပြီး အစိုးရအနေနဲ့ ရေရှည်စီမံချက်ရေးဆွဲ လုပ်ဆောင်ဖို့ ပြည်သူ့လွှတ်တော်က အတည်ပြု ဆုံးဖြတ်လိုက်ပါတယ်။

မတ်လ ၇ ရက် ပြည်သူ့လွှတ်တော်မှာ ရွှေဘိုအမတ် တင်သွင်းထားတဲ့ ကျန်းမာသန်စွမ်းတဲ့ အနာဂတ်လူငယ်တွေ ပေါ်ပေါက်လာစေဖို့အတွက် ကျောင်းကျန်းမာရေးလုပ်ငန်းကို နိုင်ငံတော်အဆင့် မူဝါဒချမှတ်ပြီး သင့်လျော်တဲ့ ဘဏ္ဍာငွေ နှစ်စဉ် ထည့်သွင်းကာ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနဲ့အတူ သက်ဆိုင်ရာဌာနတွေ ပူးပေါင်းရေရှည်စီမံချက် ရေးဆွဲ ဆောင်ရွက်ဖို့ အစိုးရကို တိုက်တွန်းတဲ့ အဆိုဆွေးနွေးခဲ့ပါတယ်။

ဒီအဆိုကို ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ၁၅ ဦးက ထောက်ခံ အကြံပြု ဆွေးနွေးခဲ့ကြသလို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနကလည်း အဆိုကို အတည်ပြုဖို့ တင်ပြခဲ့ပြီး အားလုံးကလည်း သဘောတူညီခဲ့တာကြောင့် ပြည်သူ့လွှတ်တော်က အဆိုကို အတည်ပြုလိုက်တာပါ။

ရည်ရွယ်ချက်ကောင်းနဲ့ တင်သွင်းတဲ့ အဆိုဖြစ်လို့ အတည်ပြုဖို့ လွှတ်တော်ကို တင်ပြခဲ့တာ ဖြစ်ပေမယ့် အဆိုရဲ့ ရည်ရွယ်ချက်ဖြစ်တဲ့ ကျောင်းကျန်းမာရေးလုပ်ငန်း စီမံချက်ဟာ ကျန်းမာရေးဝန်ကြီးဌာနက ဦးစားပေးအဆင့် ၂ ပုံအဖြစ် သတ်မှတ် အကောင်အထည်ဖော် ဆောင်ရွက်နေတဲ့ စီမံကိန်း ဖြစ်တယ်လို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ပြောပါတယ်။

ကျောင်းကျန်းမာရေး စီမံချက်ကို အန်အယ်လ်ဒီအစိုးရ တာဝန်ယူတဲ့အချိန်ကစပြီး ဦးစားပေး လုပ်ဆောင်ခဲ့လို့ လက်ရှိအစိုးရသက်တမ်း ၂ နှစ်အတွင်း နိုင်ငံအနှံ့က အခြေခံပညာအဆင့် ကျောင်းအားလုံးမှာ အခြေခံကျန်းမာရေးဆိုင်ရာ စစ်ဆေးမှုတွေ ပြုလုပ်ထားပြီး ဖြစ်တယ်လို့လည်း ပြည်ထောင်စုဝန်ကြီးက ဆိုပါတယ်။

မတ်လ ၇ ရက် ပြည်သူ့လွှတ်တော်မှာ ကျန်းမာရေးနဲ့ သက်ဆိုင်တဲ့ ကြယ်ပွင့်ပြမေးခွန်း ၆ ခု မေးမြန်း ဖြေဆိုခဲ့ပြီး ဥပဒေကြမ်း ၂ ခုကိုလည်း ဆွေးနွေးခဲ့ကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013