DVB Logo
Home
မြန်မာသတင်း
ယခုနှစ် ရန်ကုန်သင်္ကြန်တွင် စီးပွားဖြစ်မဏ္ဍပ်များ ပြန်လည်ခွင့်ပြုမည်
DVB
·
March 8, 2018
ယခုနှစ် ရန်ကုန်သင်္ကြန်တွင် စီးပွားဖြစ်မဏ္ဍပ်များ ပြန်လည်ခွင့်ပြုမည်
Donate to DVB

အခုနှစ်ဧပြီလမှာ ကျင်းပဖို့ရှိနေတဲ့ ရန်ကုန်သင်္ကြန်မှာ စီးပွားဖြစ်မဏ္ဍပ်တွေ လုပ်ပိုင်ခွင့်ကို ကုမ္ပဏီတွေဆီ ပေးသွားမယ်လို့  ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးက ပြောကြားလိုက်ပါတယ်။

ရန်ကုန်တိုင်းဒေသကြီးမှာ အစိုးရသစ် စတင်တာဝန်ယူတဲ့ ၂၀၁၆ ခုနှစ် သင်္ကြန်ကစပြီး စီးပွားဖြစ်မဏ္ဍပ်တွေ ခွင့်မပြုခဲ့ပေမယ့် ဒီနှစ်မှာ ပထမဆုံးအကြိမ် စီးပွားဖြစ်မဏ္ဍပ်တွေကို ပြန်လည်ခွင့်ပြုလိုက်တာပါ။

ဒါနဲ့ပတ်သက်ပြီး မတ်လ ၇ ရက်က မြန်မာနိုင်ငံ ကုန်သည်စက်မှုအသင်းချုပ်မှာ ဒုတိယသမ္မတ (၁) ဦးမြင့်ဆွေနဲ့ စီးပွားရေးလုပ်ငန်းရှင်တွေ တွေ့ဆုံပွဲမှာ ဒီဗွီဘီရဲ့ မေးမြန်းချက်ကို  မြို့တော်ဝန်က ပြောကြားခဲ့တာပါ။

ရန်ကုန်မြို့တော်ဝန်ဗဟိုမဏ္ဍပ်နဲ့အတူ ရိုးရာသင်္ကြန်၊ ခေတ်သင်္ကြန် မဏ္ဍပ်တွေပါ ပါဝင်မှာဖြစ်ပြီး ရေကစားသူတွေ လုံခြုံစိတ်ချစေဖို့အတွက် အလုံမပိတ်တဲ့ အဖွင့်မဏ္ဍပ်တွေကိုသာ ခွင့်ပြုသွားမှာ ဖြစ်ပါတယ်။ ဒါ့အပြင် သင်္ကြန်မှာ ရေကစားမယ့်မဏ္ဍပ်တွေကို သင်္ကြန်မတိုင်ခင် သင်္ကြန်ယဉ်ကျေးမှုထိန်းသိမ်းကော်မတီက စစ်ဆေးသွားမယ်လို့လည်း မြို့တော်ဝန်က ပြောပါတယ်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း ၂၀၁၆ ခုနှစ်က  ကျင်းပခဲ့တဲ့ သင်္ကြန်ပွဲတော်မှာ မဏ္ဍပ် ၂၀၀ ကို ခွင့်ပြုခဲ့ပြီး ၂၀၁၇ ခုနှစ်မှာတော့ မဏ္ဍပ် ၁၀၀ ကျော်ကိုသာ ခွင့်ပြုခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013