DVB Logo
Home
မြန်မာသတင်း
ရှာဖွေပုံစံမပြဘဲ ရိုက်တာသတင်းထောက်အိမ်က ပစ္စည်း ၅ မျိုး သိမ်းဆည်းခံရ
DVB
·
March 8, 2018
ရှာဖွေပုံစံမပြဘဲ ရိုက်တာသတင်းထောက်အိမ်က ပစ္စည်း ၅ မျိုး သိမ်းဆည်းခံရ
Donate to DVB

မြန်မာနိုင်ငံအစိုးရ လျှို့ဝှက်ချက်များ အက်ဥပဒေနဲ့ တရားစွဲဆိုခံထားရတဲ့ ရိုက်တာသတင်းထောက် ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ အမှုကို ရန်ကုန်မြောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီးယုနိုင်က တရားလိုပြုလုပ်ပြီး မတ်လ ၇ ရက်က ရန်ကုန်မြောက်ပိုင်းခရိုင် တရားရုံးမှာ ၈ ကြိမ်မြောက် ရုံးထုတ်ပါတယ်။

မရမ်းကုန်းမြို့နယ်ရှိ ကိုဝလုံးရဲ့ နေအိမ်ကို မရမ်းကုန်းမြို့နယ်၊ ရဲမှူးစိုးအောင်နဲ့အဖွဲ့က သွားရောက်ရှာဖွေစစ်ဆေးခဲ့စဉ်က ရှာဖွေပုံစံနဲ့ စစ်ဆေးခဲ့တယ်လို့ မနေ့က ရုံးထုတ်မှာ ထွက်ဆိုခဲ့ကြောင်း ရိုက်တာသတင်းထောက်တွေရဲ့ရှေ့နေ ဦးသန်းဇော်အောင်က ပြောပါတယ်။

ဒါပေမယ့် ကိုဝလုံးရဲ့ ဖခင်ဖြစ်သူကတော့ ရဲတွေဟာ ရှာဖွေပုံစံကိုမပြဘဲ အိမ်က ကွန်ပျူတာနဲ့ဆက်စပ်ပစ္စည်းတွေနဲ့ စာအုပ်အပါအဝင် ၅ မျိုးကို သိမ်းဆည်းသွားတယ်လို့ ပြောပါတယ်။

ရိုက်တာသတင်းထောက် နှစ်ယောက်ကို မင်္ဂလာဒုံရဲတပ်ဖွဲ့က ဖမ်းဆီးပြီး နောက်တရက်မှာ ကိုဝလုံးတို့ နေထိုင်တဲ့ မရမ်းကုန်းမြို့နယ်ထဲက အိမ်ကို သက်ဆိုင်ရာတာဝန်ရှိသူတွေနဲ့ အခုရုံးချိန်းမှာ တရားလိုပြသက်သေအဖြစ် လာရောက်ထွက်ဆို စစ်ဆေးခံခဲ့ရတဲ့ မရမ်းကုန်းမြို့နယ် ရဲမှူးစိုးအောင်တို့အဖွဲ့ဟာ အိမ်မှာ လာရောက်စစ်ဆေးပြီး ကွန်ပျူတာနဲ့ ဆက်စပ်ပစ္စည်း ၅ မျိုးကို သိမ်းဆည်းသွားတယ်လို့ ကိုဝလုံးရဲ့ဖခင် ဦးတင်မြင့်က ပြောပါတယ်။

အခု ရုံးထုတ်မှာ ရိုက်တာသတင်းထောက်တွေ ဖမ်းဆီးမခံရခင်က ထောက်ကြန့်မြို့နယ်ရှိ ဆောင်းရိပ်မွန် စားသောက်ဆိုင်က စားပွဲထိုး ကိုကျော်မင်းနဲ့ မရမ်းကုန်းမြို့နယ် ရဲမှူးစိုးအောင်တို့ကို တရားလိုပြသက်သေ ၂၅ ဦးထဲက ၁၀ ယောက်မြောက် တရားလိုပြသက်သေအဖြစ် စစ်ဆေးခဲ့ပါတယ်။

နောက်တကြိမ် ရုံးချိန်းကိုတော့ လာမယ့် မတ်လ ၁၄ ရက်နေ့ကို သတ်မှတ်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013