DVB Logo
Home
မြန်မာသတင်း
မွေး သေ မှတ်ပုံတင်ခြင်းစနစ် တိုးတက်လာစေရန် ဆွေးနွေးသင်တန်းပေး
DVB
·
March 8, 2018
မွေး သေ မှတ်ပုံတင်ခြင်းစနစ် တိုးတက်လာစေရန် ဆွေးနွေးသင်တန်းပေး
Donate to DVB

မွေးဖွားမှုနဲ့ သေဆုံးမှု မှတ်ပုံတင်ခြင်းစနစ် ဖွံ့ဖြိုးတိုးတက်လာစေဖို့ မနေ့က မန္တလေးတိုင်းဒေသကြီး ဝမ်းတွင်းမြို့နယ်ခန်းမမှာ ကျန်းမာရေးဝန်ထမ်းတွေက သင်တန်းပေးနေပါတယ်။

ရပ်ရွာအုပ်ချုပ်ရေးမှူးတွေ၊ ပရဟိတအဖွဲ့တွေ၊ တာဝန်ကျဝန်ထမ်းတွေက ပြည်သူကို အသိပညာပေးပြီး ပူးပေါင်းဆောင်ရွက်လာစေဖို့ စည်းရုံးလုပ်ဆောင်ဖို့ မတ်လ ၅ ရက်က ဆွေနွေးကြပြီး ကျန်းမာရေးဝန်ထမ်းတွေကိုတော့ မတ်လ ၆ ရက်မှာ သင်တန်းပေးနေတာပါ။

မြို့နယ်ကျန်းမာရေးက ဒေါက်တာဒေါ်အိအိချောက "ပြည်သူတွေ‎အနေနဲ့ ဖွားသေစာရင်း မှတ်ပုံတင်ခြင်း အသိပညာရှိလာအောင် အသိပညာပေး နှိုးဆော်မယ်။ အဲဒီအသိ ဖွံ့ဖြိုးလာမှ စာရင်းဇယားတွေ ပိုတိကျလာမယ်။ ကျန်းမာရေးဝန်ထမ်းတွေနဲ့ ဌာနဆိုင်ရာတွေ အုပ်ချုပ်ရေးမှူးတွေ ပူးပေါင်းပြီး လုပ်မှာပါ။ ဒီတလလုံး ကျန်းမာရေးဝန်ထမ်းတွေကို အုပ်စုဖွဲ့ပြီး သင်တန်းပေးမှာပါ"လို့ ပြောပါတယ်။

သင်တန်းမှာ ဆွေးနွေးမှုတွေနဲ့ပတ်သက်ပြီး ရွာအုပ်ချုပ်ရေးမှူး ဦးတင်ဆင့်က "ရပ်ကျေး‎က ပြည်သူတွေအနေနဲ့ သေတာကို စာရင်း မပေးကြဘူး။ လူတဦး မွေးတာကနေ သေတဲ့အထိ သူ့ဘဝရဲ့ အစနဲ့အဆုံးပေါ့။ အဲဒါကို စာရင်းသွင်း မှတ်သားထားရမယ်။ သိပ်အရေးကြီးတယ်ဆိုတာ ဆွေးနွေးကြတာပါ။ ဖွား သေ မှတ်ပုံမတင်ရင် ဥပဒေအရ အရေးယူနိုင်မှု မရှိသေးဘူး။ ဌာနဆိုင်ရာတွေနဲ့ ပြည်သူတွေ ပရဟိတ အဖွဲ့တွေ ချိတ်ဆက်လုပ်ဆောင် ပေးကြရမယ်။ အဲဒါမှ ပြည်သူတွေရဲ့ အချက်အလက်တွေပေါ်မှာ မူတည်ပြီး ဘာလုပ်ပေးရမယ် ဆိုတာ အစိုးရအနေနဲ့ သိလာမယ်”လို့ ပြောပါတယ်။

ဒီနေ့က စတင်ပြီး ကျန်းမာရေ ဝန်ထမ်း ၄၀ တဖွဲ့ ဖွဲ့ပြီး သင်တန်းပေးနေတာ ဖြစ်တယ်လို့လည်း သိရပါတယ်။

သင်တန်းဆရာမကြီး ဒေါ်မေမေဝင်းက“ကျန်းမာရေးဝန်ထမ်းတွေကို ဆင့်ပွားသင်တန်းပေးဖို့ နေပြည်တော်မှာ သွားတက်ရတယ်၊ ပြည်ထဲရေး ဗဟိုစာရင်းအင်း ကျန်းမာရေး NGO၊ CSO တွေက လမ်းညွှန်မှုပေးတဲ့ သင်တန်းတက်ပြီး ဆင့်ပွားပြန်ပေးတာပါ"လို့ ပြောပါတယ်။

ဝမ်းတွင်းမြို့နယ်မှာ ကျေးရွာပေါင်း ၂၁၈ရွာ ရှိပြီး လူဦးရေ ၂ သိန်းခွဲလောက်ရှိပါတယ်။ ၂၀၁၇ ခုနှစ်မှာ လူဦးရေ ၃၇၁၀ မွေးဖွားပြီး ကလေး၊ လူကြီး သေဆုံးဦးရေ ၁၅၂၀ ဦး ရှိခဲ့ပါတယ်။

ရပ်ကျေးတွေမှာ တာဝန်ကျ ကျန်းမာရေးဝန်ထမ်း ၁၉၀ ဦးလောက်နဲ့ ထွေအုပ်ဝန်ထမ်း ၇၅ ဦး ရှိပြီး ပရဟိတအဖွဲ့ပေါင်း ၁၀၀ ကျော်ရှိပါတယ်။

သတင်း-မောင်မောင်လင်း(ဝမ်းတွင်း)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013