DVB Logo
Home
မြန်မာသတင်း
တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဖြေဆိုရန် ကျောင်းသား/သူ ၅၅,၀၀၀ ကျော် ပျက်ကွက်
DVB
·
March 7, 2018
တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဖြေဆိုရန် ကျောင်းသား/သူ ၅၅,၀၀၀ ကျော် ပျက်ကွက်
Donate to DVB

 

ဒီနေ့စတင်တဲ့ တက္ကသိုလ်ဝင်တန်းစာမေးပွဲမှာ ဖြေဆိုခွင့်ရှိတဲ့ တနိုင်ငံလုံးက ကျောင်းသား ကျောင်းသူပေါင်း ၈၄၀,၀၀၀ ကျော်အနက် ၇၈၀,၀၀၀ ကျော် ဝင်ရောက်ဖြေဆိုခဲ့ပြီး ၅၅,၀၀၀ ကျော် လာမဖြေခဲ့ကြဘူးလို့ ပညာရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။

ဖြေဆိုခွင့်ရှိသူတွေရဲ့ ၉၃ ဒသမ ၄၃ ရာခိုင်နှုန်း ဒီနေ့မြန်မာစာဘာသာရပ်ကို လာရောက်ဖြေဆိုခဲ့ကြတယ်လို့လည်း ပညာရေးသတင်းမှာ ဖော်ပြထားပါတယ်။

တက္ကသိုလ်ဝင်တန်း စာမေးပွဲ လာမဖြေကြတဲ့ ကျောင်းသားအများစုဟာ ရန်ကုန်တိုင်းက ဖြစ်ပြီး ကျောင်းသား ၉၅၀၀ ကျော် လာဖြေဖို့ ပျက်ကွက်ခဲ့ပါတယ်။

တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြေဆိုခွင့်ရှိတဲ့ ကျောင်းသားအများစုဟာလည်း ရန်ကုန်တိုင်းကပဲ ဖြစ်ပြီး ၅၇,၀၀၀ ကျော် ဖြေဆိုခွင့် ရှိတာပါ။

ရာခိုင်နှုန်းအရ လာရောက်ဖြေဆိုတာ အနည်းဆုံးကတော့ ချင်းပြည်နယ်ဖြစ်ပါတယ်။

နိုင်ငံခြားတိုင်းပြည်တွေကနေ ဆယ်တန်းစာမေးပွဲဖြေဆိုခွင့်ရှိသူပေါင်း ၁၉၀ ရှိပြီး ၁၉၀ စလုံး ရာနှုန်းပြည့် ဖြေဆိုခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013