DVB Logo
Home
မြန်မာသတင်း
ပြောင်းလဲနေသည့် ယနေ့ သီးနှံဈေးနှုန်းများ
DVB
·
March 7, 2018
ပြောင်းလဲနေသည့် ယနေ့ သီးနှံဈေးနှုန်းများ
Donate to DVB

မတ်ပဲ
ရန်ကုန် ဘုရင့်နောင်ကုန်စည်ဒိုင်မှာ မတ်ပဲက ပိဿာ ၆၀ ဝင် တအိတ်ကို ငွေကျပ် ၄၈,၂၀၀ ပေါက်ဈေးရှိပြီး တအိတ်ကို ၁,၅၀၀ ကျပ် ဈေးတက်လာပါတယ်။ မန္တလေး ပွဲစားကုန်သည်စက်ပိုင်အသင်းမှာတော့ မတ်ပဲအသစ် တအိတ်ကို ၄၅,၀၀၀ ကျပ်ကနေ ငွေကျပ် ၄၈,၀၀၀ ပေါက်ဈေးရှိပြီး ဈေးအပြောင်းအလဲ မရှိပါဘူး။ ရန်ကုန်နဲ့ မန္တလေး ကုန်စည်ဒိုင် တအိတ်ကို ၂၀၀ ကျပ် ဈေးကွာခြားမှု ရှိပါတယ်။

ပဲစင်းငုံနီ
ရန်ကုန် ဘုရင့်နောင်ကုန်စည်ဒိုင်မှာ ပဲစင်းငုံနီက တအိတ်ကို ငွေကျပ် ၃၈,၇၀၀ ပေါက်ဈေးရှိပြီး တအိတ်ကို ၁,၆၀၀ ကျပ် ဈေးတက်လာပါတယ်။ မန္တလေး ပွဲစားကုန်သည်စက်ပိုင်အသင်းမှာတော့ ပဲစင်းငုံအသစ် တအိတ်ကို ၂၉,၀၀၀ ကျပ်ကနေ ငွေကျပ် ၃၄,၀၀၀ ပေါက်ဈေးရှိပြီး တအိတ်ကို ၁,၀၀၀ ကျပ် ဈေးကျဆင်းသွားပါတယ်။ ရန်ကုန်နဲ့ မန္တလေး ကုန်စည်ဒိုင် တအိတ်ကို ၄,၇၀၀ ကျပ် ဈေးကွာခြားမှု ရှိပါတယ်။

ပဲလွန်းဖြူ
ရန်ကုန် ကုန်စည်ဒိုင်မှာ ပဲလွန်းဖြူက တအိတ်ကို ၆၀,၉၀၀ ကျပ်ကနေ ငွေကျပ် ၇၀,၈၀၀ ပေါက်ဈေးရှိပြီး တအိတ်ကို ၁,၂၀၀ ကျပ် ဈေးကျဆင်းသွားပါတယ်။ မန္တလေး ကုန်စည်ဒိုင်မှာတော့ တအိတ်ကို ၆၅,၀၀၀ ကျပ်ကနေ ငွေကျပ် ၇၀,၀၀၀ ပေါက်ဈေးရှိပြီး တအိတ်ကို ၂,၀၀၀ ကျပ် ဈေးကျဆင်းသွားပါတယ်။ ရန်ကုန်နဲ့ မန္တလေး ကုန်စည်ဒိုင် တအိတ်ကို ၈၀၀ ကျပ် ဈေးကွာခြားမှု ရှိပါတယ်။

နှမ်းဖြူ
မန္တလေး ပွဲစားကုန်သည်စက်ပိုင်အသင်းမှာ နှမ်းဖြူက ၄၅ ပိဿာဝင် တအိတ်ကို ၁၂၅,၀၀၀ ကျပ်ကနေ ငွေကျပ် ၁၃၅,၀၀၀ ပေါက်ဈေးရှိပြီး မုံရွာကုန်စည်ဒိုင်မှာတော့ တအိတ်ကို ၁၁၄,၀၀၀ ကျပ်ကနေ ငွေကျပ် ၁၃၅,၀၀၀ ပေါက်ဈေးရှိပါတယ်။ မန္တလေးနဲ့ မုံရွာကုန်စည်ဒိုင် အနိမ့်ဆုံးဈေး တအိတ်ကို ၁၁,၀၀၀ ကျပ် ဈေးကွာခြားမှု ရှိပါတယ်။

ဆန်ပြောင်း
မန္တလေး ပွဲစားကုန်သည်စက်ပိုင်အသင်းမှာ ဆန်ပြောင်းက ၅၉.၂၅ ပိဿာဝင် တအိတ်ကို ၃၉,၅၀၀ ကျပ်ကနေ ၄၀,၀၀၀ ကျပ် ပေါက်ဈေးရှိပြီး တအိတ်ကို ၁,၀၀၀ ကျပ် ဈေးကျဆင်းသွားပါတယ်။ မြင်းခြံကုန်စည်ဒိုင်မှာတော့ တအိတ်ကို ၃၈,၅၀၀ ကျပ် ပေါက်ဈေးရှိပါတယ်။ မန္တလေးနဲ့ မြင်းခြံကုန်စည်ဒိုင် တအိတ်ကို ၁,၅၀၀ ကျပ် ဈေးကွာခြားမှု ရှိပါတယ်။

စီပီပြောင်း
ပြောင်းအများဆုံးထွက်ရှိတဲ့ လားရှိုးကုန်စည်ဒိုင်မှာ စီပီပြောင်းက ၅၄ ပိဿာဝင် တအိတ်ကို ၃၁,၈၀၀ ကျပ်ကနေ ၃၃,၅၀၀ ကျပ် ပေါက်ဈေးရှိပါတယ်။ မန္တလေး ပွဲစားကုန်သည်စက်ပိုင်အသင်းမှာတော့ တအိတ်ကို ၃၃,၅၀၀ ကျပ်ကနေ ငွေကျပ် ၃၅,၀၀၀ ပေါက်ဈေးရှိပြီး တအိတ်ကို ၅၀၀ ကျပ် ဈေးတက်လာပါတယ်။ လားရှိုးနဲ့ မန္တလေး ကုန်စည်ဒိုင် တအိတ်ကို ၁,၅၀၀ ကျပ် ဈေးကွာခြားမှု ရှိပါတယ်။

ဖော်ပြပါ သီးနှံတွေထဲက စီပီပြောင်းကတော့ ပြီးခဲ့တဲ့ အပတ်ကတည်းက ဈေးတက်လာပါတယ်။

တရုတ်နိုင်ငံက စီပီပြောင်း ထွက်ရှိမှု  လျော့နည်းတဲ့အတွက် မြန်မာနိုင်ငံဘက်က ပြောင်းတွေကို ဈေးကောင်းပေးဝယ်ယူနေတာဖြစ်ပြီး တောင်သူတွေလက်ထဲမှာ ပြောင်း မကျန်တော့ဘဲ မူဆယ်ကုန်စည်ဒိုင်ကို အဝင်နည်းလာတာတဲ့အတွက် ဈေးက တက်နေတာလည်း ဖြစ်ပါတယ်။ ပုံမှန် မူဆယ်ကုန်စည်ဒိုင်ကို အပတ်စဉ် ပြောင်းကား ၃၀၀ ကျော် ဝင်ရောက်ပေမယ့် လက်ရှိမှာတော့ ၂၅၀ ကျော်သာ ဝင်ရောက်နေတယ်လို့ သိရပါတယ်။

နောက် သီးနှံတခုကတော့ နှမ်းပဲ ဖြစ်ပါတယ်။ လက်ရှိမှာ ရေသွင်းနှမ်းတွေကို စိုက်ပျိုးနေတဲ့အတွက် ကုန်စည်ဒိုင်တွေကို နှမ်းဝင်ရောက်မှု နည်းနေပြီး အရောင်းအဝယ်ကလည်း ရက်ခြားသာ ရှိနေပါတယ်။ နှမ်းကတော့ နှစ်ပတ်ဆက်တိုက် ဈေးငြိမ်နေပါတယ်။

အခု ဖော်ပြသွားတဲ့ သီးနှံဈေးနှုန်းတွေက အချိန်နဲ့အမျှ ပြောင်းလဲမှုတွေ ရှိနိုင်ပါတယ်။

သတင်း - AMIA

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013