DVB Logo
Home
မြန်မာသတင်း
ရေးမြို့တွင် ပြုလုပ်မည့် မွန်လူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ ရက်ရွှေ့ဆိုင်း
DVB
·
March 7, 2018
ရေးမြို့တွင် ပြုလုပ်မည့် မွန်လူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ ရက်ရွှေ့ဆိုင်း
Donate to DVB

မွန်လူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲကို မွန်ပြည်နယ်၊ ရေးမြို့နယ်အတွင်း လာမယ့်မတ်လ ၂၃ ရက်နေ့မှာ ကျင်းပဖို့ လျာထားခဲ့ပေမယ့် ဧပြီ ၆ ရက်ကို ရွှေ့ဆိုင်းလိုက်တယ်လို့ မွန်ပြည်သစ်ပါတီ ဗဟိုကော်မတီဝင် နိုင်အောင်မငေးက ဒီဗွီဘီကို ပြောပါတယ်။

လက်ရှိ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲအတွက် အကြိုလူထုတွေ့ဆုံပွဲတွေကို လိုက်လံဆောင်ရွက်နေပြီး ဒေသခံပြည်သူတွေရဲ့ ဆွေးနွေးတင်ပြချက်တွေအပေါ် သုံးသပ်သွားမယ်လို့ သိရပါတယ်။

''ဧပြီလ ၆ ရက်နေ့ကို လျာထားတယ်၊ အချိန်လည်း နည်းနည်းပိုရအောင်ပေါ့၊ ကျန်ာတို့ရဲ့ အုပ်ချုပ်မှုဒေသတွေမှာ အန်စီအေရဲ့ ဖြစ်စဉ်တွေနဲ့၊ ငြိမ်းချမ်းရေးဖြစ်စဉ်မှာ ဘယ်လို ပါဝင်ကူညီရမလဲ၊ ဘယ်လို အထောက်အကူရမလဲ၊ ဘယ်လို ပူးပေါင်းပါဝင်ရမလဲပေါ့၊ အဲဒါတွေရယ်၊ နောက် ရလာတဲ့ အကြံပြုချက်တွေအပေါ် ပြန်သုံးသပ်ပေးမှာပေါ့။ အဲဒီရက်အတွက် အစိုးရဆီကတော့ ခွင့်ပြုချက်တော့ မကျသေးဘူး၊ လုပ်ထုံးလုပ်နည်းအတိုင်း ကြီးကြပ်ရေးအဖွဲ့ ဖွဲ့တာတွေ၊ ပါဝင်ဆွေးနွေးကြမယ့် အဆင့်ဆင့်သော ခေါင်းဆောင်တွေ၊ နိုင်ငံရေးပါတီနဲ့ အစိုးရ အစုအဖွဲ့ခေါင်းဆောင်တွေကို တင်ပြထားတယ်''လို့ နိုင်အောင်မငေးက ပြောပါတယ်။

မွန်ပြည်သစ်ပါတီက ဦးဆောင်ကျင်းပမယ့် မွန်လူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲကို ဖေဖော်ဝါရီ ၂၇ ရက်က နေပြည်တော်မှာ ကျင်းပတဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှုကော်မတီ UPDJC အစည်းအဝေးက ရေးမြို့နယ်မှာ ကျင်းပဖို့ ဆုံးဖြတ်ခဲ့တာပါ။

လူထုတွေ့ဆုံပွဲ တက်ရောက်ခဲ့တဲ့ သံဖြူဇရပ်မြို့နေ ရပ်မိရပ်ဖတဦးက  ''အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ လုပ်ဖို့အတွက် အထောက်အကူဖြစ်အောင် အကြိုလူထုတွေ့ဆုံပွဲအနေနဲ့လို့ သိရတယ်။ ကဏ္ဍပေါင်းစုံ ပါဝင်စေချင်တဲ့အတွက် တွေ့ဆုံဆွေးနွေး တိုင်ပင်ကြမယ်။ သူတို့က ပြန်ပြီးသုံးသပ်ကြမှာပေါ့''လို့ ပြောပါတယ်။

မွန်ပြည်သစ်ပါတီအနေနဲ့ ဖေဖော်ဝါရီ ၂၃ ရက်က လားဟူဒီမိုကရက်တစ်အစည်းအရုံးနဲ့ အတူ အစိုးရသစ်လက်ထက်မှာ အန်စီအေစာချုပ်စာချုပ်ကို ပါဝင် လက်မှတ်ရေးထိုးခဲ့တာပါ။

သတင်း - ဝင်းနိုင်သက်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013