DVB Logo
Home
မြန်မာသတင်း
ရေး မြစ် ချောင်းများအတွင်း ဆေးခတ်ငါးဖမ်းမှုကြောင့် ငါးရှားပါးမှုနှင့် ကြုံတွေ့နေ
DVB
·
March 7, 2018
ရေး မြစ် ချောင်းများအတွင်း ဆေးခတ်ငါးဖမ်းမှုကြောင့် ငါးရှားပါးမှုနှင့် ကြုံတွေ့နေ
Donate to DVB

မွန်ပြည်နယ် ရေးမြို့နယ်အတွင်း ရေး မြစ် ချောင်းတွေမှာ ငါးဖမ်းသမားတွေ မဆင်မခြင် ဖမ်းဆီးတဲ့အတွက် ငါးသယံဇာတ ရှားပါးတာတွေနဲ့ ကြုံတွေ့နေရတယ်လို့ ငါးဖမ်းလုပ်ကိုင်သူတွေက ပြောပါတယ်။

ငါးဖမ်းသမား ဦးမျိုးထွန်းက “အရင်ငါးဖမ်းတဲ့လူတွေက မိရိုးဖလာ ငါးဖမ်းနည်းသာ ပိုက်ကွန်တွေနဲ့သာ ဖမ်းဆီးနေပေမယ့် အခုငါးဖမ်းသမားတချို့တွေက ဆေးခတ်ပြီး ဖမ်းဆီးလာတဲ့အခါ ငါးသယံဇာတတွေက ရှားပါးလာသလို ငါးတွေထဲမှာ ပုစွန်တွေ ပိုမိုအထိနာ သေဆုံးနေတာ တွေ့ရတယ်။ မိရိုးဖလာ ငါးဖမ်းသမားအများစုက ငါးသယံဇာတတွေ ရှားပါးလာတဲ့အခါ မဆင်မခြင် ငါးဖမ်းသမားတွေကို ထိရောက်တဲ့ အရေးယူမှုတွေ ပြုလုပ်နိုင်ဖို့ သက်ဆိုင်ရာ တာဝန်ရှိသူတွေထံ တင်ပြထားခဲ့ပေမယ့်လည်း ဒီနေ့အချိန်အထိ မဆင်မခြင် ငါးဖမ်းသမားတချို့တွေ ရှိနေသေးတယ်”လို့ ပြောပါတယ်။

လွန်ခဲ့တဲ့ ၁၀ နှစ်လောက်က ငါးဖမ်းလုပ်ကိုင်သူ ၁၀ ဦးလောက်ရှိရာ ဒီနေ့အချိန်မှာ ငါးဖမ်းလုပ်ကိုင်သူ ၅၀ ဦးအထိရှိနေပြီး အရင်တုန်းက ငါးမျိုးစုံ တနေ့ကို ငါးပိဿာချိန် ၅ ပိဿာအထိ ပျမ်းမျှ ငါးဖမ်းသမားတိုင်း ရရှိပြီး အခုအချိန်တွေက တနေ့ကို ၁ ပိဿာလောက်သာ ရရှိတယ်လို့ ဆိုပါတယ်။

မြို့နယ်ငါးဦးစီးမှူး ဦးဇော်မင်းက “ဆေးခတ်တဲ့ ငါးဖမ်းသမားတွေက ညသန်းခေါင်ယံ ကျော်လောက်မှာ ဖမ်းဆီးလာတဲ့အပေါ် ငါးဦးစီးဌာနအနေနဲ့က သက်ဆိုင်ရာဌာန သက်သေတွေ ပူးပေါင်းပါဝင်ဖမ်းဆီးမှ ဥပဒေအရ အရေးယူလို့ ရပါမယ်။ အခုအချိန်က အသိပညာပေးဖြစ်တဲ့ ငါးဖမ်းဆီးခွင့် အသိပညာပေးလုပ်ငန်းတွေ လုပ်သွားဖို့ ရှိပါတယ်”လို့ ပြောပါတယ်။

ရေး မြစ် ချောင်းမှာ ငါးဘီးလူ၊ ငါးကတစ်၊ ငါးပတ်၊ ရေပေါ်ငါးတွေအပြင် ပုစွန်တွေ အများဆုံး ရရှိတဲ့နေရာလည်း ဖြစ်သလို လွန်ခဲ့တဲ့ ၃ နှစ်လောက်ကစပြီး ငါးသယံဇာတတွေ သိပ်ပြီး မရရှိကြတဲ့အခါ ငါးဖမ်းသမား မိသားစုဝင်တွေ စားဝတ်နေရေးလည်း အခက်ခဲတွေလည်း ကြုံတွေ့နေရပါတယ်။

သတင်း - နေမျိုးထွဋ်(ရေး)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013