DVB Logo
Home
မြန်မာသတင်း
သီတင်းတပတ်အတွင်း မြန်မာနိုင်ငံတွင် နိုင်ငံခြားသား ၃ ဦးသေဆုံး
DVB
·
March 7, 2018
သီတင်းတပတ်အတွင်း မြန်မာနိုင်ငံတွင် နိုင်ငံခြားသား ၃ ဦးသေဆုံး
Donate to DVB

အခုနှစ် မတ်လ ပထမသီတင်းပတ်အတွင်းမှာ မြန်မာနိုင်ငံကို လာရောက်တဲ့ နိုင်ငံခြားသား ၃ ဦး သေဆုံးခဲ့တယ်လို့ ရဲတပ်ဖွဲ့ သတင်းတွေအရ သိရပါတယ်။

မတ်လ ၁ ရက်နေ့ ညနေပိုင်းက မန္တလေး၊ မဟာအောင်မြေမြို့နယ်၊ ရွှေနှင်းဆီဟိုတယ်မှာ တည်းခိုနေတဲ့ အမေရိကန်နိုင်ငံသား Mr.Kemmere Brandon John ဟာ ဇနီးဖြစ်သူ မနန်းခမ်းခမ်းနွယ်နဲ့ Mr.Bar B.Q စားသောက်ဆိုင်မှာ ညနေစာ စားနေရင်း ဝိုင်သောက်ပြီး အသက်ရှူကျပ်လာလို့  မန္တလေးဆေးရုံကြီးမှာ ကုသရင်း သေဆုံးခဲ့ပါတယ်။

မတ်လ ၅ ရက်နေ့မှာ အလောင်းကို ရင်ခွဲစစ်ဆေးချက်အရ သေဆုံးရတဲ့ အကြောင်းရင်းကို ထင်မြင်ချက်မပေးနိုင်လို့ သွေး၊ အစာအိမ်အရည်နဲ့ အသားစတွေကို ဓာတ်ခွဲစမ်းသပ်နိုင်ဖို့ ဓာတုဗေဒဝန်ရုံးကို ဆက်လက်ပို့ဆောင်ဖို့ စီစဉ်နေတယ်လို့ ဆိုပါတယ်။

မတ်လ ၂ ရက်နေ့ မနက်ပိုင်းမှာလည်း ပုဂံမြို့သစ်၊ မဏိစန္ဒာဟိုတယ်မှာ တည်းခိုနေတဲ့ ကနေဒါနိုင်ငံသား Mr.Farout Didier ဟာ သွေးတိုး၊ လေဖြတ်လို့ ညောင်ဦးဆေးရုံက မန္တလေးဆေးရုံကို ပို့ဆောင်နေတုန်း လမ်းမှာပဲ သေဆုံးခဲ့ပါတယ်။

မတ်လ ၅ ရက်နေ့မှာ အလောင်းကို ရင်ခွဲစစ်ဆေးချက်အရ သွေးတိုးပြီး ဦးနှောက် သွေးကြောပြတ် သေဆုံးခဲ့တာလို့ ဆိုပါတယ်။ ပြီးတော့ အေးရိပ်ငြိမ်းသုသာန်မှာ မီးသင်္ဂြိုဟ်ခဲ့ပြီး အရိုးပြာကို သေဆုံးသူရဲ့ ဇနီးက ယူဆောင်သွားတယ်လို့ ရဲတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။

မတ်လ ၄ ရက်နေ့မှာလည်း Emirates လေကြောင်းလိုင်းနဲ့ ဖနွမ်းပင်လေဆိပ်ကနေ ဒူဘိုင်းလေဆိပ်ကို လိုက်ပါလာတဲ့ ပြင်သစ်နိုင်ငံသား Mr.Aballea Thierry ဟာ လေယာဉ်ပေါ်မှာ ရုတ်တရက် ဗိုက်အောင့် သွေးအန်လို့ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်ကိုရောက်တုန်းမှာ ရောက်ရှိစဉ် လေဆိပ်ဆေးခန်းမှာ ကုသခဲ့ပါတယ်။

ဒါပေမယ့် မသက်သာလို့ ပြည်ဝင်ခွင့်ဗီဇာပေးပြီး မြောက်ဥက္ကလာပမြို့နယ်၊ OSC အထွေထွေရောဂါကုပုဂ္ဂလိကဆေးရုံ၊ မရမ်းကုန်းမြို့နယ် ပါရမီ အထူးကုဆေးရုံတို့ကတဆင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီးကို လွှဲပြောင်းကုသခဲ့ပြီး မတ်လ ၅ ရက်နေ့မှာတော့ သေဆုံးသွားခဲ့ တယ်လို့ ရဲသတင်းထုတ်ပြန်ချက်အရ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013