DVB Logo
Home
မြန်မာသတင်း
အိမ်မဝယ်နိုင်သည့် ပြည်သူများအတွက် ၅ နှစ် အငှားအိမ်ရာစနစ်ဖြင့် ငှားရန်စီစဉ်နေ
DVB
·
March 7, 2018
အိမ်မဝယ်နိုင်သည့် ပြည်သူများအတွက် ၅ နှစ် အငှားအိမ်ရာစနစ်ဖြင့် ငှားရန်စီစဉ်နေ
Donate to DVB

အိမ်ရာ လုံးဝမဝယ်နိုင်တဲ့ ဝင်ငွေနည်း ပြည်သူတွေအတွက် သင့်တင့်တဲ့နှုန်းနဲ့ ၅ နှစ် အငှားအိမ်ရာစနစ်နဲ့ ငှားပေးဖို့ စီစဉ်နေတယ်လို့ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုဝန်ကြီးက ပြောပါတယ်။

မတ်လ ၆ ရက် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးမှာ အိမ်ရာဖွံ့ဖြိုးရေးစီမံကိန်း အကောင်အထည်ဖော်ဖို့ JICA က နေ ဂျပန်ယန်း ၁၅ ဘီလီယံ ချေးယူရေးနဲ့ပတ်သက်ပြီး ပြန်လည်ရှင်းလင်းတာမှာ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်လင်းက အခုလို ထည့်သွင်းပြောဆိုတာပါ။

“အိမ်ရာ လုံးဝမဝယ်ယူနိုင်တဲ့ ပြည်သူတွေ၊ ဝန်ထမ်းတွေအတွက် အငှားအိမ်ရာစနစ်နဲ့ အများဆုံး ၅ နှစ်ထိ ငှားပေးမယ့် အစီအစဉ်ရှိပြီး ငှားရမ်းခတွေကိုလည်း သင့်တင့်တဲ့နှုန်းထားနဲ့ သတ်မှတ်ကောက်ခံသွားမှာ ဖြစ်ပါတယ်။ ၅ နှစ်ပြည့်သွားရင် အငှားအိမ်ရာကနေ အရောင်းအိမ်ရာကို ပြောင်းရွှေ့ဝယ်ယူနိုင်ဖို့ စီစဉ်ဆောင်ရွက်ပေးသွားမှာ ဖြစ်ပါတယ်”

ဝင်ငွေနည်း ပြည်သူတွေ အိမ်ရာဝယ်ယူနိုင်ဖို့အတွက်လည်း ရန်ကုန်တိုင်းဒေသကြီးမှာ လှိုင်သာယာ၊ ရွှေပြည်သာနဲ့ ဒဂုံမြို့သစ်စတဲ့ မြို့နယ်တွေရှိ နေရာတွေ၊ မန္တလေးတိုင်းဒေသကြီးမှာ မြရည်နန္ဒာ၊ မယ်ကင်းကုန်း စတဲ့နေရာတွေနဲ့ အခြားတိုင်းဒေသကြီး၊ ပြည်နယ်တွေရှိ မြို့နယ်တွေမှာလည်း ရောင်းချပေးဖို့ တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရတွေနဲ့ ညှိနှိုင်းဆောင်ရွက်နေပါတယ်။

၂၀၂၁ ခုနှစ် မတ်လမတိုင်ခင် တန်ဖိုးနည်းအိမ်ရာ အခန်းပေါင်း ၁၁၂၉၂ ခန်းနဲ့ တန်းဖိုးသင့် အိမ်ရာ အခန်းပေါင်း ၁၀၀၀၀၀ ကျော်ကို တည်ဆောက်သွားဖို့ ဆောင်ရွက်ထားပြီး ဖြစ်တယ်လို့ ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013