DVB Logo
Home
မြန်မာသတင်း
သက်ငယ်မုဒိမ်းမှု မသန်စွမ်း ကလေးငယ်များအား ပစ်မှတ်ထားလာနေ
DVB
·
March 6, 2018
သက်ငယ်မုဒိမ်းမှု မသန်စွမ်း ကလေးငယ်များအား ပစ်မှတ်ထားလာနေ
Donate to DVB

ဧရာဝတီတိုင်းဒေသကြီးထဲမှာ ဖြစ်ပွားတဲ့ သက်ငယ်မုဒိမ်းမှုတွေထဲမှာ မသန်စွမ်း ကလေးငယ်တွေအပေါ် ကျူးလွန်တဲ့ သက်ငယ်မုဒိမ်းအမှုတွေလည်း တလမှာ ၃ ခုလောက် ပါဝင်နေပါတယ်။

ဉာဏ်ရည်မသန်စွမ်းသူတွေနဲ့ အကြားအာရုံ မသန်စွမ်းသူတွေကို အဓိက ပစ်မှတ်ထားလာတာကို လတ်တလော လိုက်လံကောက်ယူတဲ့ စစ်တမ်းအရ သိရတယ်လို့ မြန်မာနိုင်ငံ မသန်စွမ်း အသင်းချုပ် ပညာရေးကော်မတီက ပြောပါတယ်။

လတ်တလော တောရွာတွေမှာ အသိပညာ မသိ မတတ်တာ၊ အမြင်မကျယ်တာတွေကို အကြောင်းပြုပြီး ပြန်ပြောပြဖို့ ခက်ခဲသူတွေဖြစ်တဲ့ ဉာဏ်ရည်မသန်စွမ်းသူနဲ့ အကြားအာရုံ မသန်စွမ်းသူ ကလေးငယ်တွေ အဓမ္မပြုကျင့်ခံရတာ များနေတယ်လို့လည်း သိရပါတယ်။

လက်တွေ့စစ်တမ်းနဲ့ အချက်အလက်တွေကို I School Myanmar က အဓိက ကောက်ယူ နေပြီး မသန်စွမ်းသူတွေ အဓမ္မပြုကျင့်ခံရတဲ့ အရေအတွက် ၆၀ ကျော်လောက် ရရှိထားတယ်လို့ ပညာရေးကော်မတီက တာဝန်ရှိသူက ပြောပြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013