DVB Logo
Home
မြန်မာသတင်း
ပြည်တွင်းဆန်ဈေးနှုန်းတည်ငြိမ်အောင်လုပ်ဆောင်ရန် ဒေါ်အောင်ဆန်းစုကြည်တိုက်တွန်း (ရုပ်သံ)
DVB
·
March 6, 2018
ပြည်တွင်းဆန်ဈေးနှုန်းတည်ငြိမ်အောင်လုပ်ဆောင်ရန် ဒေါ်အောင်ဆန်းစုကြည်တိုက်တွန်း (ရုပ်သံ)
Donate to DVB

မြန်မာနိုင်ငံအနေနဲ့ လယ်ယာစိုက်ပျိုးရေးကို အခြေခံတဲ့ နိုင်ငံဖြစ်တဲ့အတွက် ပြည်တွင်း ဆန်ဈေးနှုန်း တည်ငြိမ်ပြီး၊ ပြည်ပတင်ပို့မှုအနေနဲ့လည်း ဆန်ဟာ နိုင်ငံအတွက် အကျိုးအမြတ်ရရှိေ စမယ့် ပြည်ပပို့ကုန်ပစ္စည်းတစ်ခု၊ စီးပွားရေးလက်နက်တစ်ခုအနေနဲ့ ကြည့်ဖို့လိုအပ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

ဒီကနေ့ နေပြည်တော်မှာကျင်းပတဲ့ မြန်မာ့ဆန်စပါးကဏ္ဍဖွံ့ဖြိုးရေးနှီးနှောဖလှယ်ပွဲမှာ နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောကြားသွားတာပါ။

ဒီအတွက်တောင်သူတွေအနေနဲ့ ရဲရဲဝံ့ဝံ့နဲ့စွန့်စားပြီး နည်းသစ်လမ်းသစ်တွေရှာဖွေ အသုံးပြုရဲဖို့လိုသလို၊ လူငယ်တွေအနေနဲ့လည်း ကိုယ့်ရဲ့ ဘိုး၊ ဘွားတွေ လုပ်ခဲ့တဲ့အတိုင်း လုပ်မယ်ဆိုတဲ့ စိတ်မထားဘဲ အရင်ထက်ပိုကောင်းပြီး အခုခေတ်ကမ္ဘာကြီးနဲ့ ဆီလျှော်အောင်လို့ နည်းသစ်တွေ ရှာဖို့ဆိုတာ အင်မတန်မှ အရေးကြီးတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

“ဒီအခမ်းအနားမစတင်ခင်မှာ လူငယ်လုပ်ငန်းရှင်တွေနဲ့တွေ့ပါတယ်။ အဲ့ဒီမှာ အရေးကြီးတဲ့ ကိစ္စတစ်ခုကတော့ ပညာသစ်တွေရဖို့။ ကျမတို့ တောင်သူလယ်သမားကြီးများဟာ ရဲရဲဝံ့ဝံ့နဲ့စွန့်စားပြီး နည်းသစ်လမ်းသစ်တွေကို သုံးရဲရမယ်။ ရှာရဲရမယ်။ နောက်ပြီး ကိုယ့်ရဲ့ ဘိုး၊ ဘွား၊ ဘီ၊ ဘင်တွေ လုပ်ခဲ့တဲ့အတိုင်း အမြဲပဲလုပ်တော့မယ်ဆိုတဲ့ စိတ်မရှိဘဲ အရင်ထက်ပိုပြီးကောင်းအောင်လို့၊ အခုခေတ်ကမ္ဘာကြီးနဲ့ ဆီလျှော်အောင်လို့ နည်းသစ်တွေ ရှာဖို့ဆိုတာ အင်မတန်မှ အရေးကြီးပါတယ်”

ဖွံ့ဖြိုးတိုးတက်နေတဲ့ကမ္ဘာ့နိုင်ငံအချို့မှာ မြို့ပေါ်တွေမှာသာ လူငယ်တွေလာရောက် အလုပ်လုပ် ကိုင်နေကြတဲ့အတွက် ကျေးရွာတွေမှာ လူငယ်တွေမရှိတော့ဘဲ ချောက်သွေ့နေတဲ့ အဖြစ်တွေ ကြုံတွေနေကြရတဲ့အတွက် မြန်မာနိုင်ငံရဲ့ ကျေးရွာတွေမှာ အလားတူ အဖြစ်မျိုး မပေါ်ပေါက်စေဖို့ လိုတယ်လို့ ဆိုပါတယ်။

ကျေးလက်ဒေသ တောင်သူလယ်သမားမျိုရိုးက ပေါက်ဖွားလာတဲ့ လူငယ်တွေ အနေနဲ့ လယ်ယာစိုက်ပျိုးရေးကဏ္ဍမှာနေပြီး တိုးတက်ခေတ်မှီနိုင်တယ်ဆိုတဲ့ စိတ်ဓါတ်တွေ ရှိစေလိုတယ်လို့လည်း နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်က တိုက်တွန်းပြောဆိုလိုက်ပါတယ်။

“ကျမတို့ နိုင်ငံက တောင်သူလယ်သမားတွေအတွက် ယဉ်ကျေးမှုအသစ်တစ်ရပ်ကို အားပေးချင်တယ်။ အဲ့ဒါက ဘာလဲဆိုတော့ တောင်သူလယ်သမားမျိုးရိုးကပေါက်ဖွားတဲ့ လူငယ်များဟာ လယ်ယာ စိုက်ပျိုးရေးကဏ္ဍ၊ စိုက်ပျိုးရေးကဏ္ဍမှာနေပြီးတော့ တိုးတက်နိုင်တယ်။ ခေတ်မှီနိုင်တယ်ဆိုပြီးတော့ စိတ်ဓါတ်တွေ ဖြစ်လာစေချင်တယ်။ ကျမတို့ရဲ့ တောင်သူလယ် သမားများရဲ့ သား၊သမီးများ၊ မြေးမြစ်များ၊ ကိုယ့်ရဲ့ ဘိုးဘွားဘီဘင်အစဉ်အဆက်နေခဲ့တဲ့ စိုက်ပျိုးရေးကဏ္ဍဖွံ့ဖြိုးတဲ့ ဒေသမှာ နေပြီးတော့ စီးပွားရေးအရ ဖွံ့ဖြိုးနိုင်မှု၊ အဲ့ဒီဟာကို ကျမစဉ်းစား စေချင်ပါတယ်။ စီးပွားရေးအတွက် အစားအစာလိုအပ်ချက်အပေါ်မှာ အခြေခံပြီးတော့ စဉ်းစားစေချင်တယ်”

မြန်မာနိုင်ငံဟာ ကမ္ဘာ့ဆန်တင်ပို့မှု အများဆုံးနိုင်ငံအဖြစ် ပြန်လည်ရောက်ရှိလာနိုင်တဲ့ အခြေအနေပေးနေပြီ ဖြစ်တယ်လို့လည်း နိုင်ငံတော်အတိုင်ပင်ခံက ပြောဆိုခဲ့ပြီး အားလုံးဝိုင်းဝန်း ကြိုးစားဖို့လည်း တိုက်တွန်းခဲ့ပါသေးတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013