DVB Logo
Home
မြန်မာသတင်း
အင်္ဂပူမြို့နယ်​တွင် ​မြေနုကျွန်းခွဲ​ဝေချထားသည့်အပေါ် မကျေနပ်သဖြင့် ​တောင်​သူ​များဆန္ဒပြ
DVB
·
March 6, 2018
အင်္ဂပူမြို့နယ်​တွင် ​မြေနုကျွန်းခွဲ​ဝေချထားသည့်အပေါ် မကျေနပ်သဖြင့် ​တောင်​သူ​များဆန္ဒပြ
Donate to DVB

 

ဧရာဝတီတိုင်း​ဒေသကြီး အင်္ဂပူမြို့နယ်​မှာ ဒီ​နေ့ မတ်​လ ၆ ရက်​​ မနက်​က ​မြေနုကျွန်းခွဲ​ဝေချထားတာကို​ မကျေနပ်တဲ့အတွက် မြေနုကျွန်းစိုက်​​တောင်​သူ ၅၀ လောက် ဆန္ဒပြခဲ့ကြပါတယ်။

ကျေးရွာနှစ်​ရွာကြားဖြစ်​တဲ့ ကြို့ကုန်းနဲ့ အမြိုင်း​ကျေးရွာနှစ်​ခုရဲ့ ငဝန်​မြစ်​ကမ်းနား ​မြေနုကျွန်းကို နှစ်​ရွာရှိ ​မြေနုကျွန်းစိုက်​​တောင်​သူ​တွေအကြား ၂၀၁၆ ခုနှစ်​ကစပြီး ပိုင်​ဆိုင်​မှု အငြင်းပွား​နေခဲ့ကြတာပါ။

အဲလို အငြင်းပွား​မြေနုကျွန်းကို နေရာခွဲဝေပြန်ချထားရာမှာ တရားမျှတမှု မရှိတဲ့အတွက် ဆန္ဒပြခဲ့တာလို့ ဆန္ဒပြသူတွေက ပြောပါတယ်။

အမြိုင်း​ကျေးရွာနေ ဆန္ဒပြဦး​ဆောင်​သူ ဦးလှ​မောင်​က ​"ကျ​နော်​တို့က​တော့ ခုခွဲ​ ဝေးချထားတာ​တွေဖြစ်​တဲ့ ကွင်းအမှတ် ၇၂၈ နဲ့ ၇၂၉ မှာ ကျ​နော်​တို့ အမြိုင်းက ၁၆ ဧက​ကျော်​ပဲရတယ်​။ ဟိုဘက်​ကြို့ကုန်းက ဧက ၆၀ေ​ကျော်​ရတယ်​​။ ဒီ​တော့ ခုလို​မြေနုချတာကို တရားမမျှတဘူးလို့ ထင်​တယ်။ ​ဒါ​ကြောင့်​ဆန္ဒထုတ်​​ဖော်​ရတာပါပဲ"လို့​ ပြောပါတယ်​။

မြေနုချထားရမှာ ​မြေနုကျွန်းခွဲ​ဝေချထား​ရေး ဥပ​ဒေအရက​တော့ ပြည်​ထဲ​ရေး အမည်​​ပေါက်​ ​ကျေးရွာကို အနီးစပ်​ဆုံးယူပြီး မြေကျွန်းလုပ်​စား​မြေ မရှိတဲ့လူ​တွေကို ခွဲ​ဝေချထားရတာပါ။ အဲလိုချထားလို့ ပိုတဲ့​မြေနုကျွန်းကို ဒုတိယအနီး စပ်​ဆုံး​ကျေးရွာကို ခွဲ​ဝေချထားရပါတယ်​။

အမြိုင်း​ကျေးရွာနေ ဆန္ဒပြဦး​ဆောင်​သူ​နောက်​တဦးဖြစ်​တဲ့ ဦး​ဇော်​မျိုး​အောင်​က "ကျ​နော်​တို့ ခုလိုမြို့နယ်​နဲ့ခရိုင်​တို့က ဆုံးဖြတ်​ချက်​ချတာကို ဘက်​လိုက်​တယ်​ထင်​တယ်။ြ​ပီးတော့ ကျ​နော်​တို့ အမြိုင်းရွာက လူဦး​ရေများတယ်။ ​အဲဒါေ​ကြာင့် ကျ​နော်​တို့ကို များ​ပေး​စေချင်​တယ်​"လို့ ​ပြောပါတယ်​။

မြေနုကျွန်းစိုက်​​တောင်​သူ​တွေက ခုဆန္ဒပြရာမှာ တရားဥပ​ဒေစိုးမိုး​ရေး၊ ပြည်​သူလူထု ဆန္ဒမျက်​ကွယ်​ပြု​တဲ့ မြို့နယ်​အုပ်​ချုပ်​​ရေးမှူးနဲ့ ​မြေစာရင်းဦးစီးအရာရှိတို့အား အ​ရေးယူ​ပေး​ရေး၊ လူထုဆန္ဒအတည်​ပြု​ပေး​ရေး စတာ​တွေကို ​ကြွေး​ကြော်​ဆန္ဒထုတ်​​ဖော်​ခဲ့ကြတာပါ။

အင်္ဂပူမြို့နယ်​အုပ်​ချုပ်​​ရေးမှူး ဦးရဲရင့်လှိုင်​က "ဆန္ဒပြတာက​တော့ သူတို့သ​ဘောပါပဲ။ ကျ​နော်​တို့က ၂၀၁၂ လယ်​ယာ​မြေဥပ​ဒေအညီ ခွဲ​ဝေချထားတာပါ။ ပြီးတော့ သုံးခါ အဲဒီကွင်းထဲကို ဆင်ြး​ပီးတော့ ရုံးခန်းထဲမှာ သုံးခါ​ ခေါ်ရှင်းပြတယ်။ ​ကျ​နော်​တို့ မြို့နယ်​လယ်​​ယာ​မြေ ချထား​ရေး ​ကော်​မတီကဥပ​ဒေနဲ့အညီ လုပ်​​ဆောင်​ထား​ကြောင်းရှင်းပြပြီးသား။ ကျ​နော်​လည်း အဆင့်ဆင့်ကို ခုဖြစ်​​ပေါ်​နေတဲ့အ​ခြေအ​နေကို အစီရင်​ခံစာ​ရေးတင်ပြီးသားပါပဲ။ ဘက်​လိုက်​ မျက်​ကွယ်​ပြုတယ်။ အ​ရေးယူ​ပေး​ရေးဆို​တော့ ကျ​နော်​တို့ဌာနဆိုင်​ရာ​တွေက ခုဖြစ်​စဉ်​အ​ပေါ် ဘာအမှားမှ မလုပ်​ ဥပ​ဒေပါ ပြဌာန်းချက်​​တွေနဲ့အညီ လုပ်​​ဆောင်​ထားတာပါပဲ"လို့ ဒီဗွီဘီကို​ပြောပါတယ်​။

အင်္ဂပူမြို့နယ်​ အမှတ်​ ၁ မဲဆန္ဒနယ်​ လွှတ်တော်ကိုယ်စားလှယ် ဦးဘိုဘိုဇင်​က​ "ခုကိစ္စမတိုင်​ခင်​ ပထမအုပ်​ချုပ်​​ရေးမှူးနဲ့ ကျ​နော်​တို့ ကွင်းဆင်းစစ်​​ဆေးပြီးသား ခုလုပ်​​ဆောင်​တာကလည်း ဥပ​ဒေပြဌာန်းချက်​​တွေနဲ့အညီ လုပ်​​ဆောင်​ခဲ့တာလို့ ကျ​နော် ​သိရတယ်​။ ဆန္ဒပြတာလည်းပြ​ပေါ့။ ဒါ​ပေမယ့် ဥပ​ဒေနဲ့အညီဖြစ်​ဖို့ လိုမယ်​အချို့ကိစ္စ​တွေက တဖက်​သတ်​​တွေ ​ပြောဆို​နေတာ။ အဲမျိုး​တော့ မဖြစ်​သင့်ဘူးလို့ ကျ​နော်​ထင်​တယ်​"လို့ ဒီဗွီဘီကို​ပြောပါတယ်​။

အင်္ဂပူမြို့နယ်​မှာ ငဝန်​မြစ်​ကမ်းနား​မြေနုကျွန်း၊ ဧရာဝတီမြစ်​ကမ်းနား​မြေနုကျွန်း ၂ ခုပေါင်း ​မြေနုကျွန်း ဧက​ပေါင်းတစ်​သိန်း​ကျော်​လောက် ရှိ​နေပြီး ဧရာဝတီတိုင်း​ဒေသကြီးအတွင်းမှာ​တော့ ​ မြေနုကျွန်းခွဲ​ဝေတိုင်း အခုလို အငြင်းပွားမှုတွေ ဖြစ်​​ပေါ်​နေတာပါ။

သတင်း - သန်းထိုက်မြင့်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013