DVB Logo
Home
မြန်မာသတင်း
သိန္နီမြို့မရဲစခန်းအနီး လက်လုပ်မိုင်းတလုံးပေါက်ကွဲ
DVB
·
March 6, 2018
Donate to DVB

 

ရှမ်းပြည်နယ်၊ သိန္နီမြို့မရဲစခန်း အနောက်ဘက်မှာ ဒီနေ့မနက်က လက်လုပ်မိုင်း တလုံးပေါက်ကွဲပြီး မပေါက်သေးတဲ့ မိုင်းတလုံးတွေ့တယ်လို့ ရဲစခန်း တာဝန်မှူးက ပြောပါတယ်။

“မနက် ၆ နာရီ ၄၅ မိနစ်လောက်က စခန်း အနောက်ဘက် သင်္ချိုင်းအဟောင်းမှာ ပေါက်တာပါ။ အသံမိုင်းပါ။ နောက်ထပ် မပေါက်သေးတဲ့ မိုင်းတလုံးကတော့ တပ်မတော်က ရှင်းလင်းသွားပါတယ်။ အသက်မဲ့မိုင်းပါ” လို့ ဒီဗွီဘီကို ပြောပါတယ်။

ဒီပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာရသူမရှိတဲ့အကြောင်းနဲ့  လုံခြုံရေးအတွက် မြို့ထဲမှာ ရဲအရာရှိနှစ်ယောက်နဲ့ အခြားအဆင့် ၈ ယောက်တို့ပုံမှန် ကင်းလှည့်နေတယ်လို့လည်းသူက ပြောပါတယ်။

မနက်က မိုင်းကွဲပေမယ့် မြို့ထဲမှာတော့ အေးအေးဆေးဆေးရှိနေတယ်လို့လည်း သိန်းနီမြို့နယ်က လွှတ်တော် ကိုယ်စားလှယ် နန်းခင်ထားရီက ပြောပါတယ်။

ပြီးခဲ့တဲ့လက လားရှိုးမြို့က ဘဏ်နှစ်ခုကြားမှာ မိုင်းပေါက်ကွဲခဲ့တာကြောင့် ဘဏ်ဝန်ထမ်းနှစ်ယောက်သေဆုံးပြီး ၁၅ ယောက် ဒဏ်ရာရခဲ့ပါတယ်။

ဒါ့အပြင် မူဆယ် ၁၀၅ မိုင်အနားနဲ့ မူဆယ်အဝင်နားမှာလည်း မိုင်းတွေ ပေါက်ကွဲခဲ့ပါသေးတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013