DVB Logo
Home
မြန်မာသတင်း
ဘင်္ဂါလီ ၇ ဦးနှင့် အခကြေးငွေယူ ခေါ်ဆောင်လာသူ ၂ ဦးကို ဖမ်းဆီးရမိ
DVB
·
March 6, 2018
ဘင်္ဂါလီ ၇ ဦးနှင့် အခကြေးငွေယူ ခေါ်ဆောင်လာသူ ၂ ဦးကို ဖမ်းဆီးရမိ
Donate to DVB

မကွေးတိုင်းဒေသကြီး မင်းလှမြို့နယ် ရေနံမရဲစခန်း အပိုင်နယ်မြေမှာ မတ်လ ၆ ရက်မနက် ၅ နာရီလောက်က  ဘင်္ဂါလီ ၇ ဦးကို အခကြေးငွေနဲ့ ခေါ်ဆောင်လာသူ ၂ ဦးနဲ့အတူ မော်တော်ယာဉ်တစီးနဲ့အတူ ဖမ်းဆီးရမိခဲ့ပါတယ်။

ရေနံမနယ်မြေစခန်းမှူးဦးစီးတဲ့အဖွဲ့၊ မကွေးတိုင်း မှုခင်းနှိမ်နင်းရေးအဖွဲ့မှ ရဲအုပ်ရဲနိုင်မြင့်၊ လက်ပံတံခါးရဲကင်းမှူး ရဲအုပ်မြင့်ဇော်ဦး၊ သရက်ခရိုင်မှုခင်း နှိမ်နင်းရေးအဖွဲ့မှ ဒုရဲအုပ်သိန်းမင်းတို့ ဦးစီးတဲ့ ပူးပေါင်းအဖွဲ့က သတင်းအရ ပိတ်ဆို့ ရှာဖွေရင်း မတ်လ ၆ ရက်မနက် ၅ နာရီလောက်မှာ  ပုသိမ်-မုံရွာကားလမ်း မိုင်တိုင်အမှတ် (၂၅၂) အနီး အဖြူရောင် TOYOTA ALPHARD MNH 10 မော်တော်ယာဉ်ကို ရပ်တန့် စစ်ဆေးစဉ် တရားမဝင် ဘင်္ဂါလီတွေကို တွေ့ရှိဖမ်းဆီးခဲ့တာပါ။

ရေနံမနယ်မြေ စခန်းမှူး ရဲအုပ်မျိုးမင်းထွန်းက "ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်က ရန်ကုန်မြို့ကို အလုပ်လုပ်ကိုင်ဖို့ လွန်ခဲ့တဲ့ ရက် ၂၀ ကတည်းက တောလမ်းအတိုင်း ခြေကျင် လျှောက်လာပြီး လမ်းခုလတ်ကျမှ ရန်ကုန်တိုင်းဒေသကြီး တောင်ဒဂုံမြို့နယ်မှ ယာဉ်မောင်း စိုးမင်းထွေးနဲ့ ယာဉ်နောက်လိုက် မောင်မောင်ကျော်တို့မှ တဦးကို ၂၅၀၀၀၀ ကျပ်ဖြင့် ခေါ်ဆောင်လာတယ်လို့ စစ်ဆေးပေါ်ပေါက်ခဲ့တယ်” လို့ ဆိုပါတယ်။

အဲဒီဘင်္ဂါလီလူမျိုး ၇ ဦးကို မင်းလှမြို့နယ် လူဝင်မှုကြီးကြပ်ရေး ဦးစီးဌာနက လ.ဝ.က အက်ဥပဒေနဲ့ အရေးယူထားသလို အခကြေးငွေယူ ခေါ်ဆောင်လာသူ စိုးမင်းထွေးနဲ့ မောင်မောင်ကျော်တို့ ၂ ဦးကိုတော့ ရေနံမနယ်မြေရဲစခန်း (ပ)၁၁/၀၈ ရာဇသတ်ကြီးပုဒ်မ ၃၆၇ နဲ့ အရေးယူထားပါတယ်။

အထက်မင်းလှမြို့နယ် ရေနံမနယ်မြေရဲစခန်း အပိုင်နယ်မြေထဲမှာ မတ်လ ၁ ရက်နေ့ကလည်း တရားမဝင် ဘင်္ဂါလီ ၅ ဦး ဖမ်းဆီး အရေးယူထားပါတယ်။

သတင်း-မင်းထီး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013